ရဟန်းမင်းကြီးဖရန်စစ်သည်ကိုဗစ် (၁၉) အတွက် Eswatini ကိုကူညီ

ရဟန်းမင်းကြီးဖရန်စစ်သည်ကိုဗစ် (၁၉) အတွက် Eswatini ကိုကူညီ

ရဟန်းမင်းကြီးဖရန်စစ်သည်ကိုဗစ် (၁၉) အတွက် Eswatini ကိုကူညီ

ရဟန်းမင်းကြီးဖရန်စစ်သည် Eswatini ရှိ ကောင်းသောသိုးထိန်းကက်သလစ်ဆေးရုံသို့ ရွေ့လျား၍ရသော အသက်ရှူစက်နှစ်လုံး၊ နှာခေါင်းစီး (၁၀) ဖာ၊ (၉၅) နှာခေါင်းစီး(၁၀) ဖာနှင့်သွေးပေါင်ချိန်တိုင်းစက်တို့ကိုပေးလှူခဲ့သည်။ ထိုအလှူအ တွက် Manzini သာသနာ၏ဆရာတော် José Luis Ponce de León ကရဟန်းမင်းကြီးအားကျေးဇူးတင်ကြောင်း၊ ရဟန်းမင်း ကြီးသည် ဤကပ်ရောဂါဆိုးကြီးစတင်ဖြစ်ပွားသည့်အချိန်မှစ၍ တတ်နိုင်သလောက်ကူညီလှူဒါန်းပေးလျှက်ရှိကြောင်း၊ ရဟန်း မင်းကြီး၏ ‘တက်ကြွသောခေါင်းဆောင်မှု’ ကိုထုတ်ဖော်ပြောကြားခဲ့သည်။

အီတလီနိုင်ငံ၌ ပထမလှိုင်းဖြစ်ပွားစဉ်ကပင် သွားလာမှုပိတ်ပင်မှုကိုပြုလုပ်သည်နှင့်ရဟန်းမင်းကြီးသည် လူစုလူ‌ေ၀း နှင့်ဆုတောင်းခြင်း၊ ဘုရားဖူးများနှင့်တွေ့ဆုံသည့်အစီအစဉ်များကိုလည်းရပ်နားထားခဲ့သည်။ ကမ္ဘာကြီးအတွက် ဆုတောင်းပေးရန်ပန်ကြားခဲ့သည်။ အထူးသဖြင့် ခရူးစူးကားတိုင်လှည့်သည့်အစီအစဉ်ကို ဘာသာတူတစ်ဦးမျှ ပါ၀င်ခွင့်မရဘဲ ရဟန်းမင်းကြီးကိုယ်တိုင်လျှောက်ခဲ့သည်။ လူစုလူ‌ေ၀းနှင့်ဆုတောင်းခြင်း၊ မည်သည့်လူမှုရေးအစီအစဉ်များကိုမပြုလုပ်ရန် လမ်းပြခဲ့ခြင်းဖြစ်သကဲ့သို့၊ ကောင်းသောသိုးထိန်းတစ်ပါးအနေဖြင့် မိမိ၏သိုးစုနှင့်ရသောအခွင့်အရေးဖြင့်အနီးကပ်ရှိနေကြောင်း ဖော်ထုတ်ပြသခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အတူ ကိုဗစ် (၁၉) ကာကွယ်ဆေးထုတ်လုပ်လာသောအခါ၌လည်း ရဟန်းမင်းကြီးသည် အားလုံးယုံကြည်စိတ်ချစွာထိုးနှံကြရန်ပြသသည့်အနေဖြင့် မည်သည့်စိုးရိမ်စိတ်မျှမပြဘဲ ဦးစွာထိုးခဲ့သည်။ ကာကွယ်ဆေးထိုးနှံ ခြင်းသည် အသက်ကိုကယ်တင်ခြင်းဖြစ်သည်။ အသက်ကိုကာကွယ်ကယ်တင်ရန်မှာ လူ့ကျင့်၀တ်တစ်ခုလည်းဖြစ်သည်ဟုပြသ ခဲ့သည်။ ဤကာကွယ်ဆေးသည် နိုင်ငံတစ်ခုအတွက်၊ လူတစ်စုတစ်ဖွဲ့အတွက်သာမဟုတ်။ ကမ္ဘာတစ်၀ှမ်းလုံးအတွက်ဖြစ်ရ မည်ဟုလည်းတိုက်တွန်းခဲ့သည်။

အခြားသောအမှုကိစ္စများထက် ရဟန်းမင်းကြီးသည် ဆုတောင်း၊ ကာကွယ်ဆေးကိစ္စနှင့်ကျန်းမာရေး‌စောင့်ရှောက်မှုနှင့်ပတ်သက်၍ ကမ္ဘာတစ်၀ှမ်း၌အားလုံးထပ်တူထပ်မျှရှိရေးကိုလည်းအသံမစဲဘဲမိန့်ကြားနေခဲ့သည်။ ရဟန်းမင်းကြီးဖရန် စစ်၏ခေါင်းဆောင်ကောင်းခြင်းမှရလိုက်သောအသိသည် ကောင်းသောဆာမာရီတန်ပုံပမာ၌ ယေဇူးသခင်မိန့်ကြားခဲ့သည့် ‘သင်လည်းသွား၍ဤသို့ပြုလော့’ ဟူသောအချက်ကိုပြန်လည်သတိရစေကြောင်း၊ (သံလုကာ ၁၀း၃၇) ရဟန်းမင်းကြီးဖရန် စစ်၏လုပ်ဆောင်ချက်သည် ဘာသာရေးခေါင်းဆောင်တစ်ဦးအနေဖြင့်သာမဟုတ်။ ‘ကောင်းသောဆာမာရီတန်’ အဖြစ် ယနေ့ ကျွန်ုပ်တို့အားလုံးကိုလည်း ဆုတောင်းရန်၊ ကိုဗစ် (၁၉) ၏ဆောင်ရန်၊ ရှောင်ရန်များကိုလိုက်နာရန်၊ ကာကွယ်ဆေးကိုလည်းအ ခြေအနေပေးလာလျှင်ထိုးနှံရန်၊ အခြားသူများအားလည်း ကာကွယ်ဆေးထိုးရေးအားပေးတိုက်တွန်းရန်၊ အကူအညီလိုအပ်သူ များအားကူညီပေးခြင်းဖြင့် ကောင်းသောဆာမာရီတန်ဖြစ်ကြရမည့်ကြောင်း၊ နောက်ဆုံး၌ ဆရာတော်ကြီးကကိုဗစ် (၁၉) ထိန်းချုပ်ကာကွယ်ရေး၌တာ၀န်ထမ်းဆောင်နေကြသော Eswatini မှကက်သလစ်ဆေးရုံ၀န်ထမ်းအားလုံးအားကောင်းကြီးပေး ၍သူ၏မိန့်ခွန်းကိုအဆုံးသတ်ခဲ့သည်။ Eswatini ၌ ကိုဗစ် (၁၉) စဖြစ်သည့်အချိန်မှယနေ့ထိ အတည်ပြုပိုးကူးစက်လူနာ (၃၄၀၀၀) ဦးရှိပြီး၊ သေဆုံးသူ (၉၀၀) ကျော်ရှိပြီဖြစ်သည်။ ကာကွယ်ဆေးထိုးနှံခြင်းကိုလည်း ဆက်လက်ထိုးပေးလျှက်ရှိသည်။

Ref:Vatican News
ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်
#rvamyanmar #rvapastoralcare #PoprFrancis #rvanews

Add new comment

5 + 8 =