ရဟန်းမင်းကြီးဖရန်စစ်မှ ဗာတီကန်အနီးနားတွင် တာ၀န်ထမ်းဆောင်နေကြသော စစ် သားများအား ကားထဲမှထွက်ကာ နှုတ်ဆက်ခဲ့

ရဟန်းမင်းကြီးဖရန်စစ်မှ ဗာတီကန်အနီးနားတွင် တာ၀န်ထမ်းဆောင်နေကြသော စစ် သားများအား ကားထဲမှထွက်ကာ နှုတ်ဆက်ခဲ့

ပြီးခဲ့သော အင်္ဂါနေ့က ရဟန်း မင်းကြီးဖရန်စစ်အရှင်သူမြတ် သည် လူထုနှင့်တွေ့ဆုံ ဆွေး နွေးခြင်းများ မရှိသော်လည်း အလုပ်များနေခဲ့သည်။ ထိုမနက်တွင် ရဟန်းမင်းကြီးသည် Piazza di Spangna ရှိ အမိမယ်တော်မာရီယား၏ ဆင်းတုတော်ရှေ့တွင် ဆု တောင်းတော်မူခဲ့ပြီး စိန့်မေရီမေဂျာ ဘာစီလီကာတွင် မစ္ဆားပူဇော်ခဲ့သည်။

ဗာတီကန်သို့ အပြန်လမ်းတွင် ရဟန်းမင်းကြီးသည် အံ့သြစရာတစ်ခုကို ပြုလုပ်ခဲ့သည်။ ၎င်းမှာ ဗာတီကန်အတွင်းသို့ မရောက်မှီ ဗာတီကန်တံတိုင်းအပြင်ဖက်တွင် စောင့်ကြပ်နေကြသော စစ်သားများအား ကားထဲမှထွက်ကာ ကျေးဇူး တင်စကား ပြောဆိုခဲ့ကာ လက်ဆောင်အဖြစ် ကွတ်ကီးများပေးခဲ့ခြင်းဖြစ်သည်။

ဘာသာပြန်-Bro.Patrick Aye Shine Aung

Photo courtesy of: Rome Reports/Youtube/google images

https://bit.ly/3qGczSR

Add new comment

17 + 2 =