ရဟန်းမင်းကြီးဖရန်စစ်မှ စိတ်ပုတီးစိပ်ရခြင်း၏အကြောင်းအရင်း (၃) ရပ်ကိုရှင်းပြ

ရဟန်းမင်းကြီးဖရန်စစ်မှ စိတ်ပုတီးစိပ်ရခြင်း၏အကြောင်းအရင်း (၃) ရပ်ကိုရှင်းပြ

စိတ်ပုတီးစိပ်ခြင်းသည် အမိမယ်တော်အားသဒ္ဓါကြည်ညိုရန်အတွက်ကက်သလစ်ဘာသာတူများအားပေးလာသော အလွန်ရှေးကျသည့်လက်ဆောင်မွန်အမှန်အကန်ပင်ဖြစ်သည်။ မယ်တော်အားသဒ္ဓါကြည် ညိုရန်သတ်မှတ်အပ်နှံထားသောလများ၌ ရဟန်းမင်းကြီးဖရန်စစ်က အချက် (၃) ချက်ကိုရှင်းလင်းစွာရှင်းပြ ၍စိတ်ပုတီးကိုပုံမှန်စိပ်ကြရန်တိုက်တွန်းနိုးဆော်ထားသည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ဤအားပေးတိုက်တွန်းချက်ကို စိန့်ပီတာရင်ပြင်၌ရောက်ရှိနေသောဘုရားဖူးများနှင့်ဗုဒ္ဓဟူးနေ့၌တွေ့ဆုံစဉ် ‘အာရပ်’ စကားပြောသောဘာသာတူများအားနှုတ်ဆက်စဉ်မိန့်ကြားခဲ့သည်။

စိတ်ပုတီးကိုနေ့စဉ်ပုံမှန်စိပ်ရသည့် ပထမအကြောင်းအရင်းမှာ ‘ကယ်တင်ခြင်းသမိုင်းကြောင်းကိုလို ရင်းတိုရှင်းချုံ့’ ထားခြင်းကြောင့်ဖြစ်သည်။ ရာစုနှစ်ပေါင်းများစွာ ခရစ်ယာန်ယုံကြည်ခြင်းသည်စိတ်ပုတီးစိပ်ခြင်း၏အကျိုးကျေးဇူးကြောင့်လည်း ကမ္ဘာအရပ်ရပ်သို့ပြန့်နှံ့ရောက်ရှိသွားခဲ့သည်။ စိတ်ပုတီးစိပ်ခြင်းသည် ‘ပြည့်စုံသောသမ္မာကျမ်းစာအခြေခံ’ ထားသည့်ဆုတောင်းမေတ္တာဖြစ်သည်။ ယနေ့ခေတ်ကာလကဲ့သို့ သမ္မာ ကျမ်းစာအုပ်၊ ဆုတောင်းမေတ္တာစာအုပ်များလိုသလောက်လွယ်ကူလျှင်မြန်စွာ ပုံနှိပ်ရိုက်ထုတ်ရန်မလွယ်ကူ သောခေတ်အခါက စိတ်ပုတီးစိပ်ခြင်သည် ခရစ်ယာန်အသက်တာ၏အနှစ်သာရကိုထိတွေ့ရန်ပထမအကြောင်းအရင်းဖြစ်ခဲ့သည်။ သာသနာပြုကြီး Philip Kosloski က ‘စိတ်ပုတီးစိပ်ခြင်သည် သာသနာပြုများစွာအား ဧ၀ံဂေလိတရားဟောကြားပြန့်ပွှားစေရန်နည်းလမ်း’ ကောင်းတစ်ခုဖြစ်ခဲ့သည်ဟုသူ၏ဆောင်း ပါးတစ်ခု၌ရေးသားခဲ့သည်။

စိတ်ပုတီးစိပ်ရခြင်း၏ ဒုတိယအချက်ကား ‘စိတ်ပုတီးစိပ်ခြင်းသည် နတ်ဆိုးနှင့်မကောင်းမှုကိုတိုက် ခိုက်အောင်မြင်စေသောလက်နက်’ ဖြစ်သည်ဟုမိန့်ကြားထားပါသည်။ ဤအချက်နှင့်စပ်လျင်း၍ ရဟန္တာများ စွာ၏အသက်တာ၌ကြုံတွေ့ခဲ့ကြသည့်အဖြစ်အပျက်များရှိပါသည်။ ၄င်းတို့အနက် (၂၀) ရာစုရဟန္တာများဖြစ်ကြသော စိန့်ပါဒရယ်ပီးအို၊ စိန့်ဒွန်ဘောစကိုတို့သည်အကောင်းဆုံးသောသာဓကများဖြစ်ကြသည်။

စိတ်ပုတီးစိပ်ရခြင်း၏ တတိယအကြောင်းအရင်းမှာ ‘စိတ်ပုတီးစိပ်ခြင်းသည် ကျွန်ုပ်တို့၏အတွင်းစိတ်၌စစ်မှန်သောငြိမ်သက်ခြင်းရစေသည့်ထိရောက်သောနည်းလမ်း’ ဖြစ်သောကြောင့်ဖြစ်ပါသည်။ စိတ်ပုတီးစိပ်၍ဆုတောင်းခြင်းသည် ခန္ဓာနှင့်၀ိညာဉ်နှစ်ပိုင်းလုံးပေါင်းစည်းပြီးအာရုံပြုဆုတောင်းရသောဆု တောင်းနည်းဖြစ်သောကြောင့်ဖြစ်ပါသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
https://bitly.ws/UjXu

Add new comment

2 + 10 =