Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ရဟန်းမင်းကြီးဖရန်စစ်မှကာဒီနယ်အသစ် (၁၃) ပါးကိုထပ် မံရွေးချယ်
ရဟန်းမင်းကြီးဖရန်စစ်မှကာဒီနယ်အသစ် (၁၃) ပါးကိုထပ် မံရွေးချယ်
ရဟန်းမင်းကြီးသည်အသက် အရွယ်ကြောင့်အနားယူသွားသောကာဒီနယ်များအစားနှစ် စဉ်ကာဒီနယ်အသစ်များကိုပြန်လည်ခန့်ထားလေ့ရှိသည်။ ကာဒီနယ်များသည် သက်တော် (၈၀) အထိ ရဟန်းမင်း ကြီးတင်မြောက်ရာ၌မဲပေးပိုင် ခွင့်ရှိသည်။ သက်တော် (၈၀) ကျော်လျင်မူထိုအခွင့်အရေးမရှိတော့ပေ။
ထို့ကြောင့်၄င်းတို့အစားပြန် လည်ရွေးချယ်ရ သည်။ရဟန်း မင်းကြီးရွေးချယ်ခွင့်ရှိသောကာဒီနယ်များ၏သက်တော်ကိုကန့်သတ်ခဲ့သောရဟန်းမင်း ကြီးမှာရဟန်းမင်း ကြီးပေါလ် (၆) ဖြစ်ပြီး၊ (၁၉၇၀) ခုနှစ်၌သတ်မှတ်ပြဌာန်းခဲ့သည်။
ရဟန်းမင်းကြီးသည် ယနေ့အောက်တိုဘာလ (၂၅) ရက်နေ့၌ ကာဒီနယ်အသစ် (၁၃) ပါးကိုထပ်မံရွေးချယ်ခန့် ထားလိုက်သည်။ ထိုကာဒီနယ် (၁၃) ပါးအနက် (၄) ပါးမှာသက်တော် (၈၀) ကျော်နေပြီဖြစ်သည်။ ထို့ကြောင့်အဆိုပါ ကာဒီနယ်အသစ် (၄) ပါးသည် ရဟန်း မင်းကြီးအမူတော်လစ်လပ်သွား၍ ရဟန်းမင်း ကြီးရွေးချယ်တင်မြောက်ရန်မဲပေး သည့်အခါအသက် အရွယ်ကြောင့်မဲပေးခွင့်မရှိပေ။
ယနေ့ကာဒီနယ်အသစ် (၁၃) ပါးကိုထပ်မံရွေးချယ်ခန့်ထားလိုက်သော ကြောင့်အမိကက် သလစ်သာသနာတော်ကြီးအတွင်းသက်ရှိထင်ရှားရှိသောကာဒီနယ်အပါးပေါင်း (၁၂၉) ပါးရှိလာပါ သည်။
ထိုရွေးချယ်ခံရသောကာဒီနယ်အသစ်တို့၏အမည်များမှာ
၁။ မွန်ဆီညှော Mario Grech ဖြစ်ပါသည်။ သူသည်ဆရာတော်ကြီးများ၏အစည်း အဝေးဖြစ်မြောက်ရေးဌာန၌ အထွေထွေ အတွင်း ရေးမှူးအဖြစ်အမူတော်ထမ်းနေသူဖြစ်သည်။
၂။ မွန်ဆီညှော် Marcello Semeraro ဖြစ်ပါသည်။ ရဟန္တာတင်မြောက်ခြင်းဆိုင် ရာစီစစ်ရေးဌာန၏ တာ၀န်ခံဖြစ်ပါသည်။
၃။ မွန်ဆီညှော် Antoine Kambanda ဖြစ်ပါသည်။ သူသည်အာဖရိကတိုက်အရှေ့ပိုင်းရှိ ရ၀မ်ဒါနိုင်ငံ၊ Kigali ဂိုဏ်းချုပ်သာသ နာ၏ သာသ နာ ပိုင်ဖြစ်ပါသည်။
၄။ မွန်ဆီညော် Wilton Gregory ဖြစ်ပါသည်။ သူသည်အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်ဂိုဏ်းချုပ်သာသ နာပိုင်ဖြစ်ပါသည်။
၅။ မွန်ဆီညှော် José Advincul ဖြစ်ပါသည်။ သူသည်ဖိလစ်ပိုင်နိုင်ငံ၊ Capiz ဂိုဏ်းချုပ်သာသနာပိုင်ဖြစ်ပါသည်။
၆။ မွန်ဆီညှော် Celestino Aos ဖြစ်ပါသည်။ သူသည်ချီလီနိုင်ငံ၊ ဆန်တီယာဂိုဂိုဏ်း ချုပ်သာသနာပိုင်ဖြစ်ပါသည်။
၇။ မွန်ဆီညှော် Cornelius Sim ဖြစ်ပါသည်။ သူသည် ဘရူနိုင်းနိုင်ငံ၏ရဟန်းမင်းကြီးကိုယ် စားလှယ်ဖြစ်ပါသည်။
၈။ မွန်ဆီညှော် Augusto Lojudice ဖြစ်ပါသည်။ သူသည်အီတလီနိုင်ငံ၊ ဆီအယ်နာဂိုဏ်းချုပ်သာသနာပိုင်ဖြစ်ပါသည်။
၉။ ဖရန်စ္စကင်ရသေ့စီမြို့ဘုန်းတော်ကြီး Mauro Gambetti ဖြစ်ပါသည်။ သူသည်အာစီးစီမြို့မှရသေ့ကျောင်းတိုက်၏ အကြီးအကဲဖြစ်ပါသည်။
ကာဒီနယ်အသစ်များအနက် သက်တော် (၈၀) ကျော်သောကာဒီနယ်များမှာ
၁။ မွန်ဆီညှော် Felipe Arizmendi Esquivel ဖြစ်ပါ သည်။ သူသည်မက်ဆီကိုနိုင်ငံ၊ စိန့်ခရစ္စတိုဇာသာသ နာ၏ဆရာတော်ဖြစ်ပါသည်။
၂။ မွန်ဆီညှော် Silvano Tomasi ဖြစ်ပါသည်။ သူသည်ရဟန်းမင်း ကြီးကိုယ် စားလှယ်ဖြစ်ပါသည်။
၃။ ဖာသာရ် Fr. Rainiero Cantalamessa ဖြစ်ပါသည်။ သူသည်ရဟန်းမင်းကြီးနှင့်သူ၏ လုပ် ဖော်ဆောင်ဖက်များ၏နှစ် ပတ် လည်၀တ်စောင့်ခြင်း၌ဩ၀ါဒပေးသောဘုန်းတော်ကြီးဖြစ်သည်။
၄။ ဖာသာရ် Fr. Enrico Feroci ဖြစ်ပါသည်။ သူသည်ရောမ၏ ကရုဏာဒါရိုက်တာဟောင်းတို့ဖြစ်ကြပါသည်။
ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
Photo courtesy of : America Magazine
Add new comment