ရဟန်းမင်းကြီးဖရန်စစ်မယ်တော်အားရွှေနှင်းဆီပန်းခိုင်သွားရောက်ကပ်လှူမည်

ရဟန်းမင်းကြီးဖရန်စစ်မယ်တော်အားရွှေနှင်းဆီပန်းခိုင်သွားရောက်ကပ်လှူမည်

ရဟန်းမင်းကြီးဖရန်စစ်သည် ပြည်ပခရီးသို့မကြွမှီသွားရောက်ဆုတောင်းအပ်နှံလေ့ရှိပြီး၊ ကြွပြီးပြန်ရောက်တိုင်းသွားရောက်ကျေးဇူးတင်လေ့ရှိသော ရောမမြိုရှိမယ်တော်သခင်မဘာစီးလီကာဘုရားကျောင်းတော်ကြီးအတွင်းမှ ‘the Salus Populi Romani’ မယ်တော်၏ပုံတော်ရှေ့၌ ‘ရွှေနှင်းဆီပန်း’ ကိုလာမည့်ဒီဇင်ဘာ (၈) ရက်နေ့၌သွားရောက်ကပ်လှူမည်ဖြစ်ကြောင်းဗာတီကန်သတင်းပြန်ကြားရေးကအသိပေးလာပါသည်။

အမိသာသနာသည် နှစ်စဉ်ဒီဇင်ဘာ (၈) ရက်နေ့၌ ‘အမိမယ်တော်အားအပြစ်မဲ့သန္ဓေယူတော်မူသောပွဲနေ့’ ကိုခမ်းနားစွာကျင်းပပါသည်။ ဤမယ်တော်ထံသို့ ရဟန်းမင်းကြီးအမှုတော်ထမ်းဆောင်ပြီးနောက် (၁၁၄) ကြိမ်ကြွရောက်ကြည်ညိုဂါရ၀ပြုခဲ့ပြီးဖြစ်သည်။

ရွှေရောင်နှင်းဆီအားပေးသည့်အလေ့အထသည် အလယ်ပိုင်းခေတ်ကပင်ရှိခဲ့သည်။ ရွှေရောင်နှင်းဆီအား ရသေ့ကျောင်းများ၊ သူတော်သူမြတ်တို့၏ဗိမာန်ရှိသည့်နေရာများ၊ တော်၀င်မိသားစုများ၊ ကာကွယ်ရေးအသိုင်းအ၀ိုင်း၊ အုပ်ချုပ်ရေးနှင့်အခြားသာသနာ၏ ကောင်းကျိုးကိုဆောင်ရွက်သောသူတို့အားပေးလေ့ရှိသည်။ ပေးရသည့်ရည်ရွယ်ချက်မှာ ယုံကြည်ခြင်း၊ သာ သနာတော်ကြီးအားကာကွယ်စောင့်ရှောက်ထိန်း သိမ်းခြင်းနှင့်အများကောင်းကျိုးကိုဆောင်ရွက်သောသည့် အတွက် ကျေးဇူးတင်အသိအမှတ်ပြုခြင်းဖြစ် သည်။ ရွှေသန့်သန့်ကိုနှင်းဆီပန်းခိုင်ပုံထွင်းထားပြီးကျောက်မျက်များဖြင့်ကွပ်ထားသည်။ နှင်းဆီသည်ရောင် ၀ါအပြည့်နှင်ရှင်ပြန်သောခရစ္စတူးသခင်ကိုဖော်ဆောင်ပြီး ဆူးနှင့်သွေးစက်များသည် ယေဇူးသခင်၏ဒုက္ခ‌ေ ၀ဒနာကိုဖော်ဆောင်သည်။ ဤတ္ထုများကို၀ါတွင်းကာလ စတုတ္ထပတ်တနဂ်နွေနေ့၌ကောင်းချီးပေးထား သည်။ ထိုတနဂ်နွေနေ့ကို ‘ Laetare Sunday’ တနဂ်နွေဟုခေါ်သည်။ ဒီဇင်ဘာ (၈) ရက်နေ့၌ရဟန်းမင်း ကြီးဖရန်စစ်ပြုလုပ်သကဲ့သို့ သူမတိုင်ခင်သာသနာကိုဦးဆောင်ခဲ့သော ရဟန်းမင်းကြီး Paul V (၁၅၅၁) နှင့် Julius III (၁၆၁၃) တို့လည်း ဤမယ်တော်အား ရွှေနှင်းဆီပန်းခိုင်ကပ်လှူခဲ့ဖူးသည်။

ယခုကဲ့သို့ပြုလုပ်ခြင်းမှာ ဤအမိမယ်တော်၏ပုံတော်သည် အမိကက်သလစ်သာသနာအတွက်အရေးကြီးသောအပိုင်း၌ပါ၀င်ကြောင်း၊ ဤပုံတော်သည် အနောက်တိုင်း၌ဘုရားမယ်တော်အဖြစ်အစောဆုံး ကြည်ညိုခြင်းကိုပြုခံရသည့်ပုံတော်ဖြစ်ကြောင်းကိုဖော်ပြလိုခြင်းဖြစ်ကြောင်း ဗာတီကန်သတင်းကဖော်ပြထားသည်။

စိန့်မေရီဘာစီးလီကာဘုရားကျောင်းကြီး၏တာ၀န်ခံဖြစ်သော ဂိုဏ်းချုပ်ဆရာတော် Rolandas Makrickas ကလည်း အမိမယ်တော်အား ရဟန်းမင်းကြီးဖရန်စစ်အနေဖြင့် ရွှေနှင်းဆီပန်းခိုင်ကပ်လှူခြင်းအတွက်၀မ်းသာရကြောင်း၊ ရဟန်းမင်းကြီးဖရန်စစ်အနေဖြင့် ဘုရားသခင်၏မယ်တော်အားအဘယ်မျှနက် ရှိုင်းစွာကြည်ညိုကြောင်းပြသနေခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/35rH4

 

Add new comment

13 + 4 =