ရဟန်းမင်းကြီးဖရန်စစ်ဖျားနေဟု ဗာတီကန်ပြောရေးဆိုခွင့်ရှိသူပြောကြား

ရဟန်းမင်းကြီးဖရန်စစ်ဖျားနေဟု ဗာတီကန်ပြောရေးဆိုခွင့်ရှိသူပြောကြား

ရဟန်းမင်းကြီးဖရန်စစ်သည် အဖျားကြောင့် ယမန်နေ့သောကြာနေ့ကအစီအစဉ်များကိုဖျက်လိုက်ရသည်။ ထိုနေ့နောင်းပိုင်း၌ဗာတီကန်၏ပြောရေးဆိုခွင့်ရှိသူ ကာဒီနယ် Pietro Parolin အား သတင်းသမားများမေးမြန်းကြည့်ရာ ကြာသပတေးနေ့ကလွန်စွာအလုပ်များသွား၍ ရဟန်းမင်းကြီးသည်ပင်ပန်းပြီးဖျားနေကြောင်းဖြေကြားခဲ့သည်ဟုဆိုသည်။

ရဟန်းမင်းကြီးသည် ပညာရှင် (၅၀) ခန့်နှင့်တွေ့ဆုံခဲ့ပြီး အားလုံးကိုရင်းနှီးစွာနှုတ် ဆက်လိုသော်လည်း နောက်ဆုံး၌အမောဖောက်သွားခဲ့ကြောင်း၊ သောကြာနေ့မွန်းလွဲပိုင်း၌ရဟန်းမင်းကြီးသည် မည်သည့်အစီအစဉ်မျှမရှိသော်လည်း မေလ (၂၈) တနင်္ဂနွေနေ့၌မူ စိန့်ပီတာဘုရားကျောင်းကြီး၌ 'သန့်ရှင်းသော၀ိညာဉ်တော်ဘုရား' ပွဲနေ့မစ္ဆားတရားကိုဦးဆောင်ပူဇော်မည်ဖြစ်သည်ဟုဆိုခဲ့သည်။ ထို့နောက်မွန်းတည့်အချိန်၌မှု 'ကောင်းကင်ဘုံဘုရင်မ' ဆုတောင်းမေတ္တာရွတ်ဆိုပူဇော်မည်ဖြစ်ကြောင်း၊

သက်တော် (၈၆) နှစ်ရှိပြီဖြစ်သော ရဟန်းမင်းကြီးဖရန်စစ်သည် ယခုနှစ်မတ်လကလည်း အဆုတ်ပိုး၀င်သွားသောကြောင့် (၄) ရက်ကြာဆေးရုံတင်ခဲ့ရသည်။

ဟန်ဂေရီနိုင်ငံ၏မြို့တော် ဘူဒါပတ်မှ (၃) ကြာတမန်တော်ခရီးကြွရောက်ခဲ့သည်။ ထိုခရီးသည် ဆေးရုံဆင်းပြီးတစ်လအကြာ၌ပြုသောခရီးဖြစ်ပြီး ရဟန်းမင်းကြီးအနေဖြင့်သူ၏ကျန်းမာရေးကောင်းမွန်ကြောင်း၊ ဘုရားသခင်အားကျေးဇူးတင်ကြောင်းဖြင့်မိန့်ကြားခဲ့သည်။

ယခုအပတ်၌ ဗုဒ္ဓဟူးနေ့တိုင်း ဘုရားဖူးများနှင့်စိန့်ပီတာရင်၌တွေ့ဆုံခြင်းနှင့် (၇၇) ကြိမ်မြောက်နှင့် အီတလီကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်အစည်းအ ​ေ၀း ကျင်းပရန်ရှိသည်။ မေလ (၂၅) ရက်နေ့၊ ကြာသပတေးနေ့ကလည်း သီလရှင်အသင်းတစ်သင်းနှင့်လည်း ကောင်း၊ အီတလီနိုင်ငံ၏ ဆီးနော့ကိုယ်စားလှယ်ဆရာ တော်ကြီးများ၊ ဘာသာတူများနှင့်လည်းတွေ့ဆုံခဲ့သည်။ ထို့အပြင် ကမ္ဘာတစ်၀ှမ်းမှကျွမ်းကျင်ပညာရှင်များအဖွဲ့၏ကွန်ဂရက်စ်၌လည်းပါ၀င်ခဲ့သည်။ ထိုနေ့၌ပင် စပိန်ဘာသာဖြင့်ထုတ်လွှင့်သော Telemundo သတင်းဌာန၏တွေ့ဆုံမေးမြန်းချက်ကိုလက်ခံဖြေဆိုခဲ့သေးသည်ဟုဆိုသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3qdgOtl

Add new comment

1 + 2 =