ရဟန်းမင်းကြီးဖရန်စစ်ပါရဂွေးသမ္မတနှင့်တွေ့ဆုံ

ရဟန်းမင်းကြီးဖရန်စစ်ပါရဂွေးသမ္မတနှင့်တွေ့ဆုံ

ရဟန်းမင်းကြီးဖရန်စစ်သည် ပါရဂွေးသမ္မတ Mario Abdo Benítez နှင့်ဗာတီကန်တွင်တွေ့ဆုံခဲ့သည်။ ဤသို့တွေ့ဆုံစဉ် ပါရာဂွေးနိုင်ငံ၏ပထမဦးဆုံးကာဒီနယ်ရွေးချယ်ပေးခြင်းအတွက် ရဟန်းမင်းကြီးအားကျေးဇူးတင်စကားပြောကြားခဲ့သည်။

သမ္မတသည် သူ၏ကတော်နှင့်အတူရဟန်းမင်းကြီးအားလာရောက်ဖူးမျှော်ခြင်းဖြစ်သည်။ ထိုသို့တွေ့ဆုံရာတွင်ရဟန်းမင်း ကြီးဖရန်စစ်က ပါရာဂွေးရိုးရာအစားအစာတစ်ခုဖြစ်သော chipa အားလွန်စွာကြိုက် နှစ်သက်ကြောင်း ဤသို့အစားအစာကောင်းများကိုကြိုက်နှစ်သက်ခြင်းသည် မကောင်းသောအကျင့်ဖြစ်ကြောင်း သူ့အနေဖြင့် ဓာတ်ခွဲခန်း၌အလုပ်လုပ်စဉ် ပါရာဂွေးနိုင်ငံသားများစွာရှိကြောင်း ၄င်းတို့ထံမှဤအစားအစာကိုစားတတ်လာခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

ရဟန်းမင်းကြီးသည် ပါရာဂွေးနိုင်ငံထုတ်ကုန်များစွာကိုလည်းလက်ဆောင်ရရှိခဲ့သည်။ ရဟန်းမင်းကြီးမှလည်းမြေထည်ပစ္စည်းများကိုလည်းကောင်း၊ သူ၏စာအုပ်များကိုလည်းကောင်းလက်ဆောင်အဖြစ်ပြန်လည်ပေးအပ်ခဲ့သည်။ သမ္မတမှလည်း သူ၏သားသည် ရဟန်းမင်းကြီးဖရန်စစ်မှလက်မှတ်ရေးထိုးထားသောစာကိုအမှတ်မှတ်ရရသိမ်းဆည်းထားကြောင်းလည်းပြောကြားခဲ့သည်။

သမ္မတသည် ဗာတီကန်၏အတွင်းရေးမှူးနှင့်လည်းတွေ့ဆုံခဲ့ပြီး သစ်သားဖြင့်ထုလုပ်ထားသောမယ်တော်၏ပုံတော်ကိုလက်ဆောင်ပေးခဲ့သည်။ romereport

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3XCboDT
 

Add new comment

8 + 6 =