ရဟန်းမင်းကြီးဖရန်စစ်နှင့်အခြားခရစ်ယာန်ခေါင်းဆောင်များ ပူးပေါင်း၍ ‘ကမ္ဘာ ကြီးကိုကာကွယ် စောင့်ရှောက်ရန်’ ပထမဆုံး အကြိမ်ကြေညာချက်ထုတ်ပြန်

ရဟန်းမင်းကြီးဖရန်စစ်နှင့်အခြားခရစ်ယာန်ခေါင်းဆောင်များ ပူးပေါင်း၍ ‘ကမ္ဘာ ကြီးကိုကာကွယ် စောင့်ရှောက်ရန်’ ပထမဆုံး အကြိမ်ကြေညာချက်ထုတ်ပြန်

            အင်္ဂလန်နိုင်ငံ၊ ကန်တာဘူရီ၏ ဂိုဏ်းချုပ်ဆရာတော် Justin Welby ၊ အ‌ရှေ့တိုင်း၀ိနည်းကို ကျင့်သုံး သောခရစ်ယာန်တို့၏ဘာသာရေးခေါင်းဆောင်ဖြစ်သော Bartholomew နှင့်ရဟန်းမင်းကြီးဖရန်စစ်တို့ ပူးပေါင်း၍ ‘ကမ္ဘာ ကြီးကိုကာကွယ်စောင့်ရှောက်ရန်’ ပထမဆုံး အကြိမ်ကြေညာချက်ထုတ်ပြန်ခဲ့သည်။

          ကမ္ဘာကြီးနှင့်ချို့တဲ့နွမ်းပါး သောသူတို့၏အော်ငြီးသံကိုကြားနာရန်၊ မျှော်လင့်မထားသော ရာသီ ဥတု နှင့်သဘာ၀ပတ်၀န်းကျင် ပြောင်း လဲမှုကိုခြိမ်း ခြောက်နေသော အခြေအနေကို လူတိုင်းမိမိတို့ နှင့် ဆိုင်ရာ အပိုင်းများ၌ပါ၀င်လုပ်ဆောင်၍ပြောင်းလဲပစ်နိုင်ကြောင်း ကြေညာချက်တွင်တိုက်တွန်းထား သည်။

ယခုကဲ့သို့ ပူးပေါင်းကြေညာချက်ထုတ်ပြန်ရန်ရှိကြောင်းကိုလည်း ရဟန်း မင်းကြီးသည် စက်တင် ဘာလအစောပိုင်းကထုတ်ဖော်ပြောကြားခဲ့သည်။ ဤသို့ထုတ်ပြန်ကြေညာခြင်းဖြင့် ဖန်ဆင်း ရှင်ကို ယုံကြည်သောခရစ်ယာန်များသည် ဖန်ဆင်းရှင်၏လက်ရာများကို ကာကွယ်စောင့်ရှောက်ထိန်းသိမ်း ရေးအတွက်ပို၍ကြိုးစားရမည်ဖြစ်သကဲ့သို့၊ ပို၍ဆုတောင်းပေးနိုင်ကြောင်းကိုလည်းမိန့်ကြားခဲ့သည်။

‘အခြားသောအသင်း တော်မှခရစ်ယာန်ညီအစ်ကိုမောင်နှမများနှင့်အတူ ကျွန်ုပ်တို့၏ဘုံစံအိမ်ဖြစ် သော ကမ္ဘာကြီးကပ်ဘေးဆိုက်ရောက် နေမှုကိုကာကွယ်ရန်စုပေါင်းဆုတောင်း၍လုပ်ဆောင်ကြပါစို့’ ဟု စက်တင်ဘာလ (၁၊ ၂၀၂၁) က တိုက်တွန်းခဲ့ဖူး သည်။

ယခုပူးတွဲကြေညာချက်ဖြင့် အင်္ဂလီကန်ခရစ်ယာန်ခေါင်းဆောင်၊ အရှေ့တိုင်၀ိနည်း၏ခရစ်ယာန် ခေါင်းဆောင် နှင့်ရိုမန်ကက်သလစ်သာသနာတော်ကြီး၏ခေါင်းဆောင်တို့ပူးပေါင်း၍ ရာသီဥတုပူနွေး လာ မှုအရေးနှင့်ပတ်သက်၍ Glasgow တွင်ကျင်းပမည် COP26 အစည်းအဝေးသို့ တက်ရောက်မည့်ခေါင်း ဆောင်ကြီး များပြင်ဆင်နေသောအစီ ရင်ခံစာများ၌အလင်းရ၍ထိရောက်စွာပြင်ဆင်နိုင်စေရန်ဆုတောင်း ပေးကြရန် တိုက်တွန်းထားသည်။

ထို့အတူ တစ်ဦး စီအနေဖြင့်လည်း တာ၀န်ခံမှုရှိသောရွေးချယ်မှုကို ပြုလုပ်ရန်နှင့်အဓိပ္ပါယ်ရှိသော ပေးဆပ်မှုရှိစေရန်၊ ကမ္ဘာကြီး၏ ထုတ်လုပ်ပေးနေမှုကို လောဘဇော ကြီးပြီး လိုသည်ထက်ပိုမိုသုံးစွဲခြင်း ကြောင့်ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ အရေး ကိုလည်းကြိုတင်ဆင်ခြင်ကြရန်ကိုလည်း တိုက်တွန်း ထားပါသည်။    

ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်     

https://bit.ly/3BThlRA

Add new comment

8 + 4 =