ရဟန်းမင်းကြီးဖရန်စစ်စာချွန်တော်အသစ်တစ်စောင်ကိုအောက်တိုဘာလ (၃) ရက်နေ့အာစီးစီမြို့၌လက်မှတ်ရေးထိုးမည်။

ရဟန်းမင်းကြီးဖရန်စစ်စာချွန်တော်အသစ်တစ်စောင်ကိုအောက်တိုဘာလ (၃) ရက်နေ့အာစီးစီမြို့၌လက်မှတ်ရေးထိုးမည်။

ရဟန်းမင်းကြီးဖရန်စစ်စာချွန်တော်အသစ်တစ်စောင်ကိုအောက်တိုဘာလ (၃) ရက်နေ့အာစီးစီမြို့၌လက်မှတ်ရေးထိုးမည်။

လာမည့်အောက်တိုဘာလ (၃) ရက်နေ့၌ ရဟန်းမင်းကြီးဖရန်စစ်သည် အာစီးစီမြို့သို့တမန်တော်ခရီးကြွရောက် မည်ဖြစ်ပြီး၊ စာချွန်တော်အသစ်တစ်စောင်ကိုလည်းလက်မှတ်ရေးထိုးမည်ဖြစ်ကြောင်းစနေနေ့ကသတင်းထုတ်ပြန်ခဲ့သည်။ ထိုစာချွန်တော်ကို ‘ညီအစ်ကိုများအားလုံး’ ဟုအမည်ပေးထားသည်။ စာချွန်တော်အဓိကမီးမောင်းထိုးပြထားသောအ ကြောင်းအရာမှာညီအစ်ကိုများနှင့်လူမူရေးရင်းနှီးကျွမ်း၀င်မူအကြောင်းများဖြစ်သည်။ အီတလီဘာသာစကားဖြင့်ဦးစွာ ထုတ်‌ေ၀မည်ဖြစ်သော်လည်း၊ အဂ်လိပ်ဘာသာစကားဖြင့်မူအသင့်မဖြစ်သေးပေ။ ဤစာချွန်တော်သည်စိန့်ဖရန်စစ်အာ စီးစီသူ၏ဘ၀တူများအားရေးသားဆုံးမခဲ့သော ‘ညီအစ်ကိုတို့၊ မိမိ၏သိုးများကိုကယ်တင်ရန်အတွက်ဒုက္ခကားတိုင်ကိုခံ ထမ်းခဲ့သောကောင်းသောသိုးထိန်းကိုဆင်ခြင်ထောက်ရူကြစို့’ ဟူသည်စာစောင်အားကိုးကားထားသည်။ (Admonitions, 6, 1: FF155). 

ရဟန်းမင်းကြီးသည် အာစီးစီမြို့သို့မွန်းလွှဲပိုင်းတွင်ရောက်ရှိဖြစ်ပြီး၊ စိန့်ဖရန်စစ်အစီးစီ၏အုတ်ဂူတွင်မစ္ဆားတရားပူ ဇော်မည်ဖြစ်သည်။ ထို့နောက်စာချွန်တော်သစ်ကိုလက်မှတ်ရေးထိုးခြင်းအခမ်းအနားကိုပြုလုပ်မည်။ ဤကြွရောက်ခြင်းကို ဘာသာတူများပါ၀င်ခြင်းကိုမပြုဘဲသီးသန့်ကြွရောက်ဘုရားဖူးခြင်းသာဖြစ်သည်။ 

အာစီးစီမြို့သည်ကျေးဇူးတင်လျှက်စောင့်နေသည်။

အာစီးစီသာသနာ၏ဆရာတော် Domenico Sorrentino ကရဟန်းမင်းကြီးကြွရောက်ဘုရားဖူးခြင်းအစီအစဉ်အ တွက်စိတ်လှုပ်ရှားရသကဲ့သို့၊ ကျေးဇူးလည်းတင်ကြောင်း၊ ကမ္ဘာကြီးသည်ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဆိုးကြီးကိုခံစားနေ ရပြီး၊ လူပေါင်းများစွာကိုအလွန်ခက်ခဲကြပ်တည်းမူကိုဖြစ်ပေါ်နေချိန်ညီအစ်ကိုများ၏နာကြင်မူသည်လည်းကျွန်ုပ်တို့အား နာကြင်မူကိုဖြစ်စေကြောင်း၊ ကျွန်ုပ်တို့အနေဖြင့်ဘာမျှမကူညီနိုင်သော်လည်းချစ်ခြင်း၌ညီအစ်ကိုများဖြစ်ကြောင်း၊ ယခုကဲ့ သို့ရဟန်းမင်းကြီး၏ကြွရောက်ဘုရားဖူးခြင်းသည် ရောဂါကပ်ဆိုးကြီးကြောင့် ကမောက်ကမဖြစ်ခဲ့ရသောဘ၀ကို ညီအစ်ကို စိတ်များဖြင့်ပေါင်းစည်းပြီးပြန်စရန် ကျွန်ုပ်တို့အားအားအင်အသစ်ကိုပြန်လည်ပေးအပ်လာကြောင်းပြောကြားခဲ့သည်။

အမိသာသနာတော်ကြီး၏သွန်သင်ပိုင်ခွင်အာဏာပေါ်ဗဟိုပြုသည်။

ယခုစာချွန်တော်အသစ်သည် အမိသာသနာတော်ကြီး၏သွန်သင်ပိုင်ခွင့်အာဏာပေါ်တွင်အဓိကထား၍ရေးသား တားသည်။ ရဟန်းမင်းကြီးဖရန်စစ်သည် ရဟန်းမင်းကြီးအဖြစ်လောလောလတ်လတ်ရွေးချယ်တင်မြောက်ခံရသော (၂၀၁၃၊ မတ်လ ၁၃) ရက်နေ့ညနေပိုင်း၌ ကမ္ဘာကြီးအား ‘ညီအစ်ကိုတို့’ ဟုခေါ်‌ေ၀ါနှုတ်ဆက်ခဲ့သည်။ ရဟန်းမင်းကြီး သည် Lampedusa ရှိ‌ပြောင်းရွေ့များထံသို့ကြွရောက်ကြည့်ရူချိန်၌လည်း၄င်းတို့ကိုညီအစ်ကိုမျာ သဖွယ်အစဉ်သတ်မှတ် ထွေးပွေ့ထားသည်။ (၂၀၁၉) ခုနှစ်အာဘူဒါဘ၌လက်မှတ်ရေးထိုးခဲ့သော ‘လူသားညီအစ်ကိုရင်း’ အမည်ရသောစာတမ်း သည်ရဟန်းမင်းကြီးဖရန်စစ်အားညီအစ်ကိုရင်းစိတ်ဓာတ်ကိုပျိုးထောင်ရန်အားပေးသူအဖြစ်သတ်မှတ်ခံရစေသည်။

 

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/35bvGvt

Add new comment

4 + 0 =