ရဟန်းမင်းကြီးဖရန်စစ်က ‘ကျွန်ုပ်တို့၏နေ့စဉ်အောင်မြင်မူနှင့်ဆုံးရှုံးမူများ၌ကောင်းကြီးပေးပါမည့်အကြောင်း’ ဆုတောင်းရန် တိုက်တွန်းထား

ရဟန်းမင်းကြီးဖရန်စစ်က ‘ကျွန်ုပ်တို့၏နေ့စဉ်အောင်မြင်မူနှင့်ဆုံးရှုံးမူများ၌ကောင်းကြီးပေးပါမည့်အကြောင်း’ ဆုတောင်းရန် တိုက်တွန်းထား

ရဟန်းမင်းကြီးဖရန်စစ်က ‘ကျွန်ုပ်တို့၏နေ့စဉ်အောင်မြင်မူနှင့်ဆုံးရှုံးမူများ၌ကောင်းကြီးပေးပါမည့်အကြောင်း’ ဆုတောင်းရန် တိုက်တွန်းထား

အောင်မြင်ချိန်၊ မိမိတောင်းသည့်ဆုပြည့်ချိန်၌ ဆုတောင်းရန်လွယ်ကူသော်လည်း၊ ဆုတောင်းမပြည့်သည့်အခါမျိုး၌ ဘုရားကိုဆု‌တောင်းရန်ခက်ခဲနေတတ်သည်။ အမှန်မှာ မပြည့်လေပိုတောင်းရန်၊ မပြည့်လျှင် အဘယ်ကြောင့်မပြည့်သည်ကိုပြန် လည်စမ်းစစ်ပြီး ပြင်ဆင်ဆုတောင်းရမည်ဖြစ်သည်။ ‘ကျွန်ုပ်တို့၏နေ့စဉ်အောင်မြင်မူနှင့်ဆုံးရှုံးမူများ ၌ကောင်းကြီးပေးပါမည့် အကြောင်း’ ဆုတောင်းရန် ရဟန်းမင်းကြီးကတိုက်တွန်းထားသည်။

ဤတိုက်တွန်းချက်ကို တနဂ်နွေနေ့မွန်းတည့်ချိန် အန်ဂျေလူးဆု‌တောင်းမေတ္တာကိုဘုရားဖူးများနှင့်ဆုတောင်းစဉ် ယေဇူးသခင်၏ မိန့်မြွတ်ချက်ဖြစ်သော ‘ငါသည်ကောင်းကင်မှမှုန့်ဖြစ်၏’ ဟူသည့်ကျမ်းချက်ကိုထောက်ရူရင်းမိန့် ကြားခဲ့သည်။ ‘ဆာလောင်နေသူများသည် အကောင်းစား၊ စျေးကြီးသော၊ အရသာကောင်းလွန်းသောအစားအစာများကိုတောင်းလေ့မရှိကြ။ သူတို့သည် သာမန်အခြေခံလူတန်းစားများစားသော ပေါင်မှုန့်ကိုသာတောင်းခံသည်။ အလုပ်လက်မဲ့ဖြစ်နေသူများသည် လစာ များများစားစားကိုမမျှော်လင့်ကြ။ သူတို့၏လုပ်အားခကိုသာမျှော်လင့်ကြသည်။

ယေဇူးသခင်သည် ဧ၀ဂေလိကျမ်းစာတော်မြတ်၌ သူသည်မှုန့်ဖြစ်ကြောင်း၊ မှုန့်သည်နေ့စဉ်ကာယအသက်တာရှင်သန် ရေးအတွက်မရှိမဖြစ်လိုအပ်သောအစားအစာဖြစ်သည်။ နေ့စဉ်လိုအပ်သည်။ ယေဇူးသခင်သည် မိမိကိုယ်ကိုမှုန့်ဟုတင်စားခြင်း ဖြင့် ယေဇူးသခင်သည် ရိုးရှင်းသော်လည်းလူတို့၏ဘ၀၌နေ့စဉ်လိုအပ်သောသူဖြစ်သည်ကိုဖော်ပြနေခြင်းဖြစ်သည်။ ထို့ကြောင့် ယေဇူးသခင်ကိုကျွန်ုပ်တို့၏ဘ၀၊ ကျွန်ုပ်တို့၏မိသားစု၊ အသိုင်းအ၀ိုင်းထဲသို့နေရာပိုပေးနိုင်ရန်ကြိုးစားကြပါစို့။

ကျွန်ုပ်တို့သည် အနည်းဆုံး တစ်ရက်လျှင်တစ်ကြိမ်အတူတကွစားသောက်ကြသည်။ အတူစားသောက်သောအချိန် သည် ညနေပိုင်း (သို့) တစ်နေကုန်အလုပ်ချိန်ပြီး၍နားချိန်၊ ကလေးများစာကျက်မှတ်ပြီးသည့်အချိန်မျိုးတွင်အတူထမင်းလက် ဆုံစားကြရန်သင့်သည်။ မနက်စာမစားမီ အချိန်အနည်းငယ်ပေး၍ အသက်မှုန့်ဖြစ်သော ယေဇူးသခင်အားကြွရောက်စေ၍ ကျွန်ုပ် တို့လုပ်ဆောင်နိုင်ခဲ့သမျှ၊ ဆုံးရှုံးခဲ့သမျှကို ကောင်းကြီးပေးပါရန်ဆုတောင်းပါ။ ဤနည်းအားဖြင့်လည်း ဘုရားသခင်ကို အခြားသူများ၏၀ိညာဉ်ဆီသို့ ဘုရားသခင်ကိုသယ်ဆောင်ပို့နေခြင်းဖြစ်ကြောင်းရဟန်းမင်းကြီးက မိန့်ကြားခဲ့ပါသည်။

Ref;Rome Reports
ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်

Add new comment

1 + 10 =