ရဟန်းမင်းကြီးဖရန်စစ်က အမေရိကန်သမ္မတအသစ်အားကြိုဆိုနှုတ်ဆက်ကြောင်းသဝဏ်လွှာပေးပို့

ရဟန်းမင်းကြီးဖရန်စစ်က အမေရိကန်သမ္မတအသစ်အားကြိုဆိုနှုတ်ဆက်ကြောင်းသဝဏ်လွှာပေးပို့

အမေရိကန်နိုင်ငံ၏ အထွေ ထွေရွေးကောက်ပွဲကြီးနှင့်ထိုရွေးကောက်ပွဲမှပြည်သူများတင်မြောက်သော (၄၆) ဦး မြောက်သမ္မတ၏ကျမ်းသစ္စာကျိန်ဆိုမှုသည်အသံဗလံကြားအောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီဖြစ်သည်။ ပုပ်ရဟန်းမင်းကြီးလည်း သမ္မတသစ်ဂျိုးဘိုင်ဒင်အားဂုဏ်ပြုနှုတ်ဆက်ခဲ့သည်။

ရဟန်းမင်းကြီးက သူ၏ နှုတ် ဆက်စကား၌ သမ္မတသစ်အ တွက်ဆု တောင်းပေးမည်ဖြစ် ကြောင်း၊ ဘုရားသခင်သည်ဉာဏ်ပညာအလင်းနှင့်ခွန် အားများပေးသနားပါစေကြောင်း၊ နိုင်ငံအ တွင်းအချင်း ချင်းနားလည်မူ၊ ကျေအေးခြင်းနှင့်ငြိမ်းချမ်းခြင်းကိုလည်းအကောင်းဆုံးတိုးမြင့်လုပ်ဆောင်နိုင်ပါစေကြောင်း၊ သမ္မတသစ်၏ဦးဆောင်မှုအောက်၌ အမေရိကန်ပြည်သူများအနေဖြင့် နိုင်ငံတည် ထောင်သည်မှစ၍အုတ်မြစ်ပမာဖြစ်နေခဲ့ သော နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးတန်ဖိုးများကိုလည်းဆက်လက် ၍အားကောင်းအောင်ဖော်ဆောင်နိုင်ကြပါစေ ကြောင်း၊ သမ္မတသစ်၏ ဆုံး ဖြတ်ချက်များအားလုံးသည်လည်း သိ သာထင်ရှားသောတရားမျှတခြင်းနှင့်လွှတ်လပ်ခြင်းအ ပေါ်မူတည်ကာလူမူအဆောက် အဦးကြီးတည်ဆောက်ရေးအတွက်သာဖြစ်ပါစေကြောင်း၊ လူသားတိုင်း၏ ဂုဏ်သိက္ခာနှင့် အခွင့်အရေးများကိုလည်းလေးစားရန်၊ နွမ်းပါးချို့တဲ့သူများ၊ မည်သည့်အကာ အ ကွယ်မျှမရှိဖြစ်နေသောသူ များ၊ ပြောရေးဆို ခွင့်မရှိဖြစ်နေသူများအားစောင့်ရှောက်ကာကွယ်ရန်တိုက်တွန်းခဲ့သည်။ ယခုကဲ့သို့သမ္မတသစ်ရွေးကောက်တင် မြောက်လျှင် ရဟန်းမင်းကြီးများအနေဖြင့်ဂုဏ်ပြုသ၀တ်လွှာပေးပို့နှုတ် ဆက်ခြင်းသည်အစဉ်အလာတစ်ခုဖြစ်သည်။

အမေရိကန်သမ္မတ သစ်ဂျိုးဘိုင်ဒင်သည် ပုပ်ရဟန်း မင်း ကြီးဖရန်စစ်နှင့် (၂၀၁၃) တစ်ကြိမ် ဒီမိုကရက်သမ္မတအိုဘားမာသက်တမ်း၌ ဒုသမ္မတ အဖြစ်ထမ်းဆောင်စဉ်ကတစ်ကြိမ်၊ (၂၀၁၅) ၌တစ်ကြိမ်၀ါရှင်တန်ဒီစီ ၌ကြိုဆိုတွေ့ဆုံခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: The Atlantic

https://bit.ly/362uGtq

Add new comment

14 + 0 =