ရဟန်းမင်းကြီးဖရန်စစ်က ဗာတီကန်ရုံးတော်၏ လူထုဆက်သွယ်ရေးတာ၀န်ခံအဖြစ်အိန္ဒိယနိုင်ငံမှ ဘုန်းတော်ကြီးတစ်ပါးအားခန့်အပ်

Fr George Plathottam with Cardinal Maung Bo and Cardinal Luis Antonio Tagle during RVA Golden Anniversary celebration | RVA

ရဟန်းမင်းကြီးဖရန်စစ်က ဗာတီကန်ရုံးတော်၏ လူထုဆက်သွယ်ရေးတာ၀န်ခံအဖြစ်အိန္ဒိယနိုင်ငံမှ ဘုန်းတော်ကြီးတစ်ပါးအားခန့်အပ်လိုက်

ဤတာ၀န်ကိုထမ်းဆောင်ရန် ရွေးချယ်ခံရသူမှာ ဖာသာရ် George Plathottam ဖြစ်သည်။

သူ သည် အာရှဆရာတော်ကြီးများအဖွဲ့ချုပ်၏ လူထုဆက်သွယ်ရေးရုံးတော်၏တာ၀န်အဖြစ်အမှုထမ်းနေရာမှ စက်တင်ဘာလ (၂၉) ရက်နေ့က ယခုကဲ့သို့ရွေးချယ်ခံလိုက်ရခြင်းဖြစ်သည်။ ၄င်းနှင့်အတူအဖွဲ့၀င် သစ် (၂) ဦး၊ လူထုဆက်သွယ်ရေးရုံးအကြံပေး (၁၀) ဦးကိုလည်းခန့်အပ်ခဲ့သည်။ သို့သော် သူတစ်ဦး တည်းသာလျှင် အာရှတိုက်မှအကြံပေးအဖြစ်ပါ၀င်လာခြင်းဖြစ်သည်။ ဤအမှုတော်အတွက် မထိုက်ဟုခံစားရကြောင်း၎င်းကပြောကြားခဲ့သည်။

အဖွဲ့၀င်အသစ်များ၌ အီတလီနိုင်ငံ၊ ပယ်ရူးဂျာမှဂိုဏ်းချုပ်ဆရာတော် Ivan Maffeis၊ ဘရာဇီးလ် နိုင်ငံမှဆရာတော် Valdir Jose De Castro တို့ပါ၀င်ကြသည်။

ဗာတီကန်၏ လူထုဆက်သွယ်ရေးရုံးအကြံပေးများမှာ ဖာသာရ် Plathottam၊ Oscar Elizade Prada၊ Helen Osman၊ ဖာသာရ် Fabio Pasqualetti၊ စစ္စတာရ် Veronica Donatello၊ စစ္စတာရ် Adelaide Felicitas Ndilu၊ ဖာသာရ် Andrew Kaufa၊ Tomas Insua၊ ပရောဖက်ဆာ Antonio Cisternino၊ John E. Corcoran တို့ဖြစ် ကြသည်။

(၂၀၁၅) ခုနှစ်က ရဟန်းမင်းကြီးဖရန်စစ်သည် ဗာတီကန်ရုံးများရှိ ဆက်သွယ်ရေးရုံးအားလုံးကို စီစစ်ရန်ဤရုံးကိုဖွဲ့စည်းခဲ့သည်။ ဤရုံးတော်သည် အလွှာသုံးလွှာရှိသည်။ အဖွဲ့၀င်များ၊ အုပ်ချုပ်သူများ နှင့်အကြံပေးများဟူ၍ဖြစ်သည်။ အာရှတိုက်မှ မြန်မာနိုင်ငံ၊ ရန်ကုန်ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ် ချားစ်မောင်ဘို၊ ဂျပန်နိုင်ငံ အိုဆာကာဂိုဏ်းချုပ်ဆရာတော် ကာဒီနယ် Thomas Aquino Manyo Maed်နှင့်ဗီ ယက်နမ်နိုင်ငံ My Tho သာသနာပိုင်ဆရာတော် Pierre Nguyên Văn Kham တို့သုံးပါးတို့သည် ဗာတီကန်၏ ရုံးတော်၌အဖွဲ့၀င်များဖြစ်နေကြပြီဖြစ်သည်။

(၂၀၁၉) မှစ၍ ဖာသာရ် Plathottam သည်လည်း အာရှဆရာတော်ကြီးများ၏လူထုဆက်သွယ် ရေးရုံးကိုဦးစီးနေခဲ့သည်။ ဤရုံးတော်သည် အာရှသမ္မားတရားလေလှိုင်းအသံ အစီအစဉ်ကိုကြပ်မတ်ပေးရသည်။ ဤရေဒီယိုအသံလွှင့်ဌာနသည် အာရှတိုက်အတွင်းမှ တစ်ခုတည်းသော ကက်သလစ်အသံလွှင့်ဌာနဖြစ်ပြီး ဘာသာစကား (၂၂) မျိုးဖြင့်နိုင်ငံပေါင်း (၅၂) နိုင်ငံတွင်ထုတ်လွှင့်လျှက်ရှိသည်။

ဖာသာရ်သည် မီဒီယာနှင့်ပတ်သက်၍ သင်တန်း ပေးသူ၊ သတင်းသမား၊ ဆက်သွယ်ရေးနည်းပညာရှင်ဖြစ် သည်။ (၂၀၁၉) သူ၏ဦးဆောင်မှုအောက်၌ မနီလာတွင် (VAISCOM) လူထုဆက်သွယ်ရေးသင်တန်းကိုဦး စီးဖွင့်လှစ်ခဲ့သည်။ သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်မှာ အာရှနိုင်ငံ၌လည်း လူထုဆက်သွယ်ရေးအ ပိုင်း၌ လူအင်အားများပိုမိုရှိလာစေရန်ဖြစ်သည်။ သင်တန်း၌ ခေါင်းဆောင်မှု၊ စီမံကွပ်ကဲမှု၌ကိုယ်ရည် ကိုယ်သွေးပြည့်၀စေရန်၊ အာရှနိုင်ငံအတွင်းလိုအပ်လစ်လပ်နေသော လူထုဆက်သွယ်ရေးဆိုင်ရာကွက် လပ်များကိုသိရှိအောင်ပြုလုပ်ပြန်လည်ဖြည့်စွက်ရန်တို့ဖြစ်သည်။ လူထုဆက်သွယ်ရေးသင်တန်းအားဘွဲ့ မရသေးသူ၊ ဘွဲ့ရပြီးသူများ၊ ဖိလစ်ပိုင်နိုင်ငံရှိ ပိုလီတက်နစ်တက္ကသိုလ်၌တက်ရောက်နေသောသူများ၊ အိန္ဒိယနိုင်ငံ၊ Assam မြို့၌ဖွင့်လစ်ထားသော ဒွန်ဘောစကိုတက္ကသိုလ်တွင် လူထုဆက်သွယ်ရေးဘာသာရပ် ၌ ဒေါက်တာဘွဲ့ရယူနေသောသူများအားသင်ကြားပေးလျှက်ရှိသည်။

အစောပိုင်း၌သူသည် အိန္ဒိယနိုင်ငံ၊ Shillong စိန့်အန်ထော်နီတက္ကသိုလ်တွင် မီဒီယာနှင့်ဆိုင်သောဘာသာရပ်ကိုသင်ကြားပို့ချခဲ့သည်။ ထို့အ တူအိန္ဒိယနိုင်ငံ သတင်းနှင့်စာနယ်ဇင်းများအဖွဲ့ (ICPA) ၏ဥက္ကဌအဖြစ်လည်းကောင်း၊ အာရှတောင်ပိုင်း သတင်းစာအသင်း၏ဥက္ကဌအဖြစ်လည်းကောင်း၊ အာရှတောင်ပိုင်း၏ဘာသာရေးသတင်းအယ်ဒီတာအ ဖြစ်လည်းကောင်းထမ်းဆောင်ခဲ့သည်။

သူသည် Guwahati ဒွန်ဘောစကိုခရိုင်၏အဖွဲ့၀င်တစ်ဦးလည်းဖြစ်သည်။ သူသည် သီဩလိုဂျီဘာ သာရပ်၊ လူမှုရေးဘာသာရပ်၊ သတင်းစာဘာသာရပ်နှင့်လူထုဆက်သွယ်ရေးဘာသာတို့၌ မာစတာဘွဲ့ရရှိ ထားပြီး၊ Shillong ပြည်နယ်အရှေ့မြောက်ပိုင်းတက္ကသိုလ်မှလူထုဆက်သွယ်ရေးဆိုင်ရာဘာသာရပ်၌ ဒေါက်တာဘွဲ့ရရှိထားသည်။ သူသည် အိန္ဒိယအရှေ့မြောက်ပိုင်း၌နှစ် (၄၀) ကျော်အမှုထမ်းခဲ့သည်။ အ ထူးသဖြင့် Guwahati, Shillong, and Tura တို့၌ဖြစ်သည်။ (၂၀၀၈ မှ ၂၀၁၅) တိုင် အိန္ဒိယကက်သလစ် ဆရာတော်ကြီးများအဖွဲ့၏ အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ (၂၀၁၂ မှ ၂၀၁၅) အထိ တစ်နိုင်ငံလုံး ဆိုင်ရာ လူထုဆက်သွယ်ရေးသင်တန်းကျောင်းနှင့်သုတေသနကျောင်း၏အုပ်ချုပ်သူအဖြစ်လည်းကောင် (NISCORT) အမှုတော်ထမ်းဆောင်ခဲ့သည်။ သူသည် မီဒီယာနှင့်ဆိုင်သောပညာရေးအဖွဲ့အစည်းနှင့်အ ကြံပေးအဖွဲ့အစည်းအတော်များများ၏အဖွဲ့၀င်လည်းဖြစ်ခဲ့သည်။

သူသည် ဒွန်ဘောစကိုလူထုဆက်သွယ်ရေးတည်ထောင်ရာ၌ပါ၀င်ခဲ့သူဖြစ်ပြီး ယခု (၂၅) နှစ်ပြည့် ပြီဖြစ်သည်။ ထို့အတူ ဆလေးရှင်းသတင်း စာအဖွဲ့ကိုတည်ထောင်သူလည်းဖြစ်သည်။ ထိုသတင်းစာအဖွဲ့ သည် လက်ရှိ၌ ဒွန်ဘောစကိုသတင်း၀န်ဆောင်မှု (BIS) အမည်ဖြင့် အာရှတောင်ပိုင်း၌တရား၀င်သတင်း ဌာနတစ်ခုအဖြစ်ဆက်လက်တည်ရှိနေသည်။ (၁၉၉၂) ၌သူသည် တောင်-မြောက်ချစ်ကြည်ရေးဆုကို အပြည်ပြည်ဆိုင်ရာကက်သလစ်သတင်းစာသမ္မဂ္ဂမှချီးမြှင့်ခြင်းကိုခံခဲ့ရသကဲ့သို့ ဂျာမနီအစိုးရထံမှလည်း လက်ခံရရှိခဲ့သည်။ သူသည် Tura ရှိဒွန်ဘောစကိုကျောင်း၏ကျောင်းအုပ်အဖြစ်လည်းကောင်း၊ ထို ကျောင်းသည် အလုပ်အကိုင်ရှာဖွေနေသောသူတို့အား အရည်အချင်းပြည့်မှီစေရန်ပြင်ဆင်ပေး၊ လမ်း ညွှန်ပေးသောကျောင်းလည်းဖြစ်သည်ဟုဆိုသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3fDW5JX

Add new comment

3 + 4 =