ရဟန်းမင်းကြီးဖရန်စစ်က ငြိမ်းချမ်းရေး၊ အမျိုးသမီး၊ လူငယ်နှင့်ဘာသာရေးလွတ်လပ်ခွင့်အကြောင်းကို အသားပေးမိန့်ကြား

Pope Francis delivers speech at the closing ceremony of the 7th Congress

ရဟန်းမင်းကြီးဖရန်စစ်က ငြိမ်းချမ်းရေး၊ အမျိုးသမီး၊ လူငယ်နှင့်ဘာသာရေးလွတ်လပ်ခွင့်အကြောင်းကို အသားပေးမိန့်ကြား

ကက်ဇာစတန်နိုင်ငံ၊ Nur-Sultan ၌ စက်တင်ဘာ (၁၃ - ၁၅) ရက်နေ့အထိကျင်းပခဲ့သော (၇) ကြိမ်မြောက် ကမ္ဘာ့ဘာသာပေါင်းစုံကွန်ဂရက်စ်၏ပိတ်ပွဲ၌ ရဟန်းမင်းကြီးဖရန်စစ်က ငြိမ်းချမ်းရေး၊ အ မျိုးသမီး၊ လူငယ်နှင့်ဘာသာရေးလွတ်လပ်ခွင့်ကိုအသားပေးမိန့်ကြားခဲ့သည်။

ရဟန်းမင်းကြီးက ငြိမ်းချမ်းရေးသည် အရေးတကြီးလိုအပ်နေသည်။ အဘယ်ကြောင့်ဆိုသော် စစ်ရေးပြဿနာဖြစ်စေ၊ အလွန်အန္တရာယ်ရှိသောတင်းမာမှု၊ ထိပ်တိုက်တွေ့ဆုံနေမှုများအားလုံးသည် နိုင်ငံ တကာ၏ဆက်ဆံရေးကိုထိခိုက်ရိုက်ခတ်သည်။ ဘုရားသခင်ကိုယုံကြည်သောသူများအနေဖြင့် ငြိမ်းချမ်းသောအတူယှဉ်တွဲနေထိုင်နိုင်မှုကိုတိုးမြှင့်လုပ်ဆောင်ကြရန်၊ ငြိမ်းချမ်းရေးကိုသယ်ဆောင်ကြရန်၊ ဟော ပြောကြာရန်၊ ဆုတောင်းပေးကြရန်ပန်ကြားခဲ့သည်။

ငြိမ်းချမ်းရေးသည် အရာရာပါ၀င်နေသောအရောအနှောတစ်ခု၊ နှလုံးသားမှထွက်လာသောခံစားချက်၊ စိတ်ကူးစိတ်သန်း၊ ကျွန်ုပ်တို့အားလုံး၏ ပန်းတိုင်ဖြစ် သည်။ ငြိမ်းချမ်းရေးသည် ညီအစ်ကိုမောင်နှစိတ်ထားမှမွေးဖွားလာသည်။ မတရာမှုများ၊ တန်းတူညီမျှမှု မရှိခြင်းများကိုတိုက်ခိုက်တွန်းလှန်ရာမှရရှိသောအရာဖြစ်သည်။ ကျစ်လစ်စွာ အတူလက်တွဲထားခြင်းမှ တည်ဆောက်ယူရသောအရာဖြစ်ကြောင်းမိန့်ကြားခဲ့သည်။ ရဟန်းမင်းကြီးက ငြိမ်းချမ်းရေးအတွက်လုပ် ဆောင်ကြရန်၊ လက်နက်အားကိုးခြင်းကိုစွန့်လွတ်ရန်၊ လူသားထု၏အ ကျိုးကိုမျှော်ကိုးလုပ်ဆောင်ကြ ရန် ဘုရားသခင်၏ နာမတော်မြတ်၌ ပန်ကြားခဲ့သည်။

Women အမျိုးသမီးများ

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ အမျိုးသမီးတို့၏ပါ၀င်မှုသည် အလွန်လိုအပ်နေကြောင်းထောက် ပြခဲ့သည်။ ငြိမ်းချမ်းရေးမဲ့နေရခြင်းမှာ ဂရုစိုက်မှု၊ နူးညံ့သောချစ်ခြင်း၊ အသက်ကိုမွေးဖွားပေးနိုင်စွမ်း သောဇစ်မြစ်မဲ့နေသောကြောင့်ဖြစ်သည်။ အမျိုးသမီးများသည် ကမ္ဘာကြီးအား ဂရုစိုက်မှုနှင့်အသက်ကိုပေးနိုင် စွမ်းသည်။ သူတို့သည် ငြိမ်းချမ်းရေးဆီသို့ရှေ့ရူသည်။ အမျိုးသမီးများသည်လည်း ပိုမိုကြီးမားသောနေရာနှင့်တာ ၀န်များကိုပေးအပ်ရမည်။ ထို့အတူ အမျိုးသမီးများကိုလည်း လေးစားတန်ဖိုးထားကြရန်၊ အသိအမှတ်ပြုကြရန်နှင့် ပါ၀င်ပတ်သက်ခွင့်များပေးကြရန်တိုက်တွန်းခဲ့သည်။

Youth လူငယ်

ရဟန်းမင်းကြီးက ဆက်လက်၍လည်း လူငယ်များသည် ပစ္စုပ္ပန်၌လည်းကောင်း၊ အနာဂတ်၌ လည်းကောင်း ငြိမ်းချမ်းရေး၏သတင်းကောင်းဆောင် သူများနှင့်စည်းလုံးညီညွှတ်ခြင်းကိုတည်ဆောက် သူများဖြစ်ကြသည်။ လူငယ်များသည် ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ခံထားရသူများဖြစ်ပြီး ဘုံကောင်း ကျိုးဖြစ်သော ဖန်ဆင်းခြင်းကိုလည်းထိန်းသိမ်းစောင့်ရှောက်ရန်တိုက်တွန်းခဲ့သည်။ ဘာသာရေးခေါင်း ဆောင်အားလုံးကလည်း လူငယ်များ၏လက်တွင်းသို့ ပညာရေးကိုထည့်သွင်းပေးနိုင်ရန်အခွင့်အရေးကို ဖန်တီးပေးကြစို့။ ဖျက်ဆီးတတ်သော လက်နက်ကိုမထည့်ပေးပါနှင့်။ လူငယ်တို့၏ပြောဆိုတင်ပြချက် များကိုနားထောင်ကြရန်၊ လူငယ်များ၏စိန်ခေါ်ချက်ပြည့်နေသောမေးခွန်းမျာကြောက်ရွံ့မနေရန်တိုက် တွန်းခဲ့ကြသည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ဘာသာရေးလွတ်လပ်မှုကိုလည်း အလေးထား၍မိန့်ကြားခဲ့သည်။ ၄င်းတို့၏ယုံကြည်ခြင်းအမှန်ကိုထုတ်ဖော်၀န်ခံလိုသူများအား မည်သည့်နေရာ၌ဖြစ်စေ အမြဲကာကွယ် ပေးရမည်။ လူသားအတော်များများသည် ယနေ့အချိန်၌လည်း မိမိတို့၏ဘာသာရေးသက်၀င်ယုံကြည်မှု ကြောင့် ညှဉ်းပန်းနှိပ်စက်မှုကိုခံနေရ၊ အခွင့်အရေးများဆုံးရှုံးနေကြရကြောင်း၊ ဘာသာရေးလွတ်လပ်မှု သည် သဘောတရားတစ်ခုမျှသာမဖြစ်စေဘဲ လက်တွေ့ကျသောအခွင့်အရေးတစ်ရပ်ဖြစ်စေရမည်ဖြစ် ကြောင်း အလေးထားမိန့်ကြားခဲ့သည်။ ရဟန်းမင်းကြီးအနေဖြင့် သက်၀င်ယုံကြည်မှုမတူသောဘာသာ အချင်းချင်းတွေ့ဆုံဆွေးနွေးသည့်လမ်းကြောင်းသည် ငြိမ်းချမ်းရေးအတွက်နှင့်ငြိမ်းချမ်းရေးဆီသို့ဦး တည်သောလမ်းကြောင်းများစွာအနက်တစ်ခုဖြစ်သည်။ ဤအခြေအနေသည် အမြဲလိုအပ်ချက်တစ်ခုဖြစ် သကဲ့သို့ဖျက်သိမ်း၍မရသောအရာလည်းဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3DNxwUV

Add new comment

5 + 13 =