ရဟန်းမင်းကြီးဖရန်စစ်ကာဒီနယ် Simonis ၏ပျံလွန်ခြင်းအတွက်၀မ်းနည်းကြောင်းဆုတောင်းသ၀တ်လွှာပေးပို့

ရဟန်းမင်းကြီးဖရန်စစ်ကာဒီနယ် Simonis ၏ပျံလွန်ခြင်းအတွက်၀မ်းနည်းကြောင်းဆုတောင်းသ၀တ်လွှာပေးပို့

ရဟန်းမင်းကြီးဖရန်စစ်ကာဒီနယ် Simonis ၏ပျံလွန်ခြင်းအတွက်၀မ်းနည်းကြောင်းဆုတောင်းသ၀တ်လွှာပေးပို့

ရဟန်းမင်းကြီးဖရန်စစ်သည် ကာဒီနယ် Simonis ပျံလွန်ခြင်းသတင်းအတွက်၀မ်းနည်းဆုတောင်းသ၀တ်လွှာကို နယ်သာနိုင်ငံ၊ Utrecht ဂိုဏ်းချုပ်သာသနာပိုင် လက်ရှိကာဒီနယ် Willem Jacobus Eijk ထံသို့ပေးပို့ခဲ့သည်။ ကာဒီနယ် Willem Jacobus Eijk သည်ယခုပျံလွန်သွားသောကာဒီနယ်၏အရိုက်အရာကိုဆက်ခံခဲ့သည်။

ရဟန်းမင်းကြီးက ‘ကာဒီနယ် ၏၀ိညာဉ်ကို သနားချစ်ခင်တတ်သည့်ကောင်းသောသိုးထိန်းယေဇူးသခင်ထံပြန်လည်အပ်နှံပါသည်။ သင်နှင့်အတူအား လုံးစုံကိုတတ်နိုင်သူဘုရားသခင်အားကာဒီနယ်၏ဧ၀ဂေလိအသက်တာအပေါ်အဆုံးတိုင်အောင်သစ္စာတည်ကြည်မူ၊ ဆရာ တော်တစ်ပါး၏အမူတော်ကိုနှစ်ပေါင်းများစွာ Rotterdam နှင့် Utrecht သာသနာများ၌အမူထမ်းခဲ့သည့်အတွက်လည်း ကောင်း၊ ဆရာတော်အဖွဲ့ချုပ်အတွင်း၌ကြိုးစားခဲ့သည့်အားထုတ်မူများအတွက်လည်းကောင်းကျေးဇူးတင်ခြင်း၌ကျွန်ုပ် လည်းအတူကျေးဇူးဆင်ပါသည်။

ထို့နောက်ကာဒီနယ်၏ပျံလွန်သွားခြင်းအတွက်ညှိုးငယ်ပူဆွေးနေသူများအားကောင်း ကြီးပေးပြီး၊ ကာဒီနယ်သည်ရှင်ပြန်ထမြောက်သောသခင်နှင့်အတူရှင်ပြန်ထမြောက်ခြင်းကိုသေချာစွာမျှော်လင့်နိုင်ပြီဖြစ် ကြောင်းအားပေးနှစ်သိမ့်ခဲ့သည်။ ကာဒီနယ်သည် (၁၉၇၀ မှ ၁၉၈၃) ခုထိတိုင် Rotterdam ၏သာသနာပိုင်အဖြစ်လည်း ကောင်း၊ ထို့နောက် (၁၉၈၃ မှ ၂၀၀၇) အထိ Utrecht ဂိုဏ်းချုပ်သာသနာ၏ဆရာတော်အဖြစ်လည်းကောင်းအမူထမ်းခဲ့ သည်။ ကာဒီနယ်အဖြစ်ကိုမူ (၁၉၈၅) ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) ၏လက်ထက်တွင်တင်မြောက်ခြင်းခံခဲ့ရသည်။

ကာဒီနယ်သည်စက်တင်ဘာလ (၂) ရက်နေ့က နယ်သာလန်နိုင်ငံ၊ ကျန်းမာရေးစောင့်ရှောင်ပေးသောစင်တာ၌ပင်ပျံလွန် သွားခဲ့သည်။ ပျံလွန်ချိန်၌သက်တော် (၈၈) နှစ်ရှိပြီဖြစ်သည်။ သူပျံလွန်သွားပြီဖြစ်သောကြောင့်လက်ရှိကက်သလစ်သာ သနာတော်ကြီး၌ကာဒီနယ် (၂၂၀) သာကျန်ရှိပြီး၊ ၄င်းတို့အနက် (၁၂၂) ပါးသာ သက်တော် (၈၀) အောက်ဖြစ်ကြသည်။ ရဟန်းမင်းကြီးရွေးချယ်တင်မြောက်ရာတွင်မဲပေးပိုင်ခွင့်ရှိသောသူများမှာ သက်တော် (၈၀) အောက်ကာဒီနယ်များသာပေး ပိုင်ခွင့်ရှိသည်။

ကာဒီနယ်၏ကိုယ်ရေးအကျဉ်းချုပ်

ကာဒီနယ်သည် နယ်သာလန်နိုင်ငံ၊ Utrecht ဂိုဏ်းချုပ်သာသနာ၏သာသနာပိုင် (ငြိမ်း) ဖြစ်သည်။ သူ့အား (၁၉၃၁၊ နို၀င်ဘာလ ၂၆) ရက်နေ့ Lisse မြို့၌မွေးဖွားခဲ့သည်။ သူသည်သားသမီး (၁၁) မွေးဖွားသောမိသားစုမှဖြစ်သည်။ သူသည် Hageveld နှင့် Warmond ရဟန်းဖြစ်တက္ကသိုလ်များ၌ပညာသင်ကြားပြီးနောက် ထာ၀ရရဟန်းသိက္ခာကို (၁၉၅၇၊ ဇွန်လ ၁၅) ရက်နေ့၌ခံယူခဲ့သည်။

ရဟန်းသိက္ခာခံယူပြီးနောက်သာသနာအုပ်စုနှစ်ခု၌ ကျောင်းထိုင်အဖြစ်အမူတော်ထမ်းခဲ့သည်။ (၁၉၅၉ မှ ၁၉၆၆) အထိရောမမြို့၌သမ္မာကျမ်းစာဘာသာရပ်ကိုအထူးလေ့လာသင်ကြားခဲ့ပြီး၊ စာတမ်းပြုစုရာတွင်သံယော ဟန်၏ကျမ်းလာ ‘ကောင်းသောသိုးထိန်း’ အကြောင်းကိုပြုစုခဲ့သည်။ (၁၉၇၀၊ ဒီဇင်ဘာလ ၂၉) ၌ရဟန်းမင်းကြီးပေါလ် (၆) မှ Rotterdam ၏ဆရာတော်အဖြစ်ရွေးချယ်ခဲ့သည်။ ဆရာတော်သိက္ခာကို (၁၉၇၁၊ မတ်လ ၂၀) ရက်နေ့၌ခံယူခဲ့သည်။ တ ဖန် (၁၉၈၃၊ ဇွန်လ ၂၇) ရက်နေ့၌ Utrecht ဂိုဏ်းချုပ်သာသနာ၏လက်ထောက်ဂိုဏ်းချုပ်ဆရာတော်အဖြစ်ထပ်မံရွေးချယ် ခံရပြန်သည်။ (၁၉၈၃၊ ဒီဇင်ဘာလ ၈) ရက်နေ့၌ဂိုဏ်းချုပ်ဆရာတော်ဖြစ်လာခဲ့သည်။ ထိုအချိန်မှစ၍သူသည်နယ်သာလန် နိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဌအဖြစ်ထမ်းဆောင်ခဲ့သည်။

သူသည် Nijmegen တက္ကသိုလ်၏မော် ကွန်းဂုဏ်ကိုလည်းချီးမြှင့်ခြင်းခံခဲ့ရသည်။ သူသည်ကက်သလစ်သာသနာတော်ကြီး၏သွန်သင်ချက်နှင့်အညီလက်ထပ်ထိမ်း မြှားခြင်း၊ မိသားစုတန်ဖိုးနှင့်မည်သည့်အခြေအနေ၌မျှဖျက်ဆီးမရသောလူ့အသက်၏တန်ဖိုးကိုမားမားမတ်မတ်ရပ်တည် သွန်သင်ကာကွယ်ခဲ့သည်။ သူ၏သိုးထိန်းအမူတော်မှ (၂၀၀၇၊ ဧပြီလ ၁၄) ရက်နေ့တွင်အနားယူသွားခဲ့သည်။ သူသည် (၂၀၀၅၊ ဧပြီလ) ကရဟန်းမင်းကြီးဘေနေဒစ် (၁၆) အားရွေးချယ်တင်မြောက်ချိန်၌ပါခဲ့သည်။ ကာဒီနယ်အဖြစ်ကိုမူ (၁၉၈၅၊ မတ်လ၊ ၂၅) ရက်နေ့၌ ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) ကစိန့်ကလဲမင်းဘွဲ့တော်ဖြင့်ရွေးချယ်ခံခဲ့ရသည်။

 

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/359w5yJ

Add new comment

5 + 5 =