Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ရဟန်းမင်းကြီးပေးသောအကူအညီအားကိုးဗစ်ဆိုးရွားစွာဖြစ်ပွားသည့်နိုင်ငံများသို့ပေးပို့
ရဟန်းမင်းကြီးပေးသောအကူအညီအားကိုးဗစ်ဆိုးရွားစွာဖြစ်ပွားသည့်နိုင်ငံများသို့ပေးပို့
ကိုးဗစ်ဖြစ်ပွားသည့်အချိန်မှစ၍ ကူးစက်ခံရသူပေါင်း (၁၇၈) သန်းရှိပြီး၊ (၃.၈) သန်းသေဆုံးပြီဖြစ်သည်။ သို့သော် ကပ်ရောဂါဆိုးသည် အိမ်ပြန်ချိန်ကိုမသိ။ လှည့်ပတ်၍ဒုက္ခပေးဆဲပင်။ ထို့ကြောင့်နိုင်ငံ့စီးပွားရေး၊ လူမှုဘ၀များ အထူးသဖြင့်ချို့တဲ့နွမ်းပါးသူများ၏ဘ၀ကိုပြင်းထန်စွာရိုက်ခတ်ခဲ့သည်မှာတစ်နှစ်ပြည့်ပြီဖြစ်သည်။ ချမ်းသာသောနိုင်ငံများ၌ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေမှုသည်အရှိန်အဟုန်ဖြင့်သွားနေသည်မှန်သော်လည်း ချို့တဲ့နွမ်းပါးသောနိုင်ငံများ၌မူကျန်းမာရေးစောင့်ရှောက်မှုကိုပင်အနိုင်နိုင်ရုန်းကန်နေရဆဲဖြစ်သည်။ ထို့ကြောင့် ရဟန်းမင်းကြီးသည် ကိုးဗစ်ကာကွယ်ဆေး ထိုးနှံနိုင်သည့်အခွင့်အရေးနည်းပါးသူများအားကူညီရန်ထပ်မံကြိုးစားအားထုတ်လာသည်။
ရဟန်းမင်းကြီး၏ကရုဏာရေးလုပ်ငန်းကိုစီမံရသည့်ရုံးတော်မှ ကျန်းမာရေးစောင့်ရှောက်ရာ၌လိုအပ်သော အသက်ရူကိရိယာများ၊ အခြားသောဆေး၀ါးများကို၀ယ်ယူပြီး အထူးလိုအပ်နေသော ဗာတီကန်နှင့်သံခင်းတမန်ခင်း များရှိသော နိုင်ငံ (၉) ခုဆီသို့ ပြီးခဲ့သည့်ကြာသပတေးနေ့ကတင်ပို့လိုက်ကြသည်။ အဆိုပါပစ္စည်းများကို သက်ဆိုင်ရာနိုင်ငံ၌အမှုထမ်းနေသော ဗာတီကန်ကိုယ်စားပြုရဟန်းမင်းကြီး၏ကိုယ်စားလှယ် (Nuncio) များကတာ၀န်ယူဖြန်ဝေပေးသွားမည်ဖြစ်သည်။ အဆိုပါ (၉) နိုင်ငံများမှာ (၁) ဘရာဇီးလ်သို့ (၆) ခု၊ (၂) ကိုလံဘီယာသို့ (၅)၊ (၃) အာဂျင်တီး နား သို့ (၅)၊ (၄) အိန္ဒိယသို့ (၆)၊ (၅) ချီလီသို့ (၄)၊ (၆) တောင်အာဖရိကသို့ (၄) ခု၊ (၇) ဘိုလီးဗီးယားသို့ (၃)၊ (၈) ဆီးရီးယား သို့ (၃)၊ (၉) ပါပူအာဂီနီသို့ (၂) ခုအသီးသီးဖြစ်သည်။
ပုပ်ရဟန်းမင်းကြီးသည် ကရုဏာရေးလုပ်ငန်းကိုအဆက်မပြတ်ပြုလုပ် နေခဲ့သည်မှာ ကိုလံဘီယာနှင့်ဘရာဇီးလ်နိုင်ငံများသို့ပြီးခဲ့သောနှစ် ဩဂုတ်လကလည်းတင်ပို့ပေးခဲ့သည်။ လက်ရှိ၌ကိုးဗစ် ၏အဆိုးဆုံးအခြေအနေကိုရင်ဆိုင်နေရသည့်နိုင်ငံမှာ ဘရာဇီးလ်နှင့်အိန္ဒိယနိုင်ငံဖြစ်ပြီး၊ ရောဂါကူးစက်သော ကမ္ဘာ့စာရင်းအရ (၃.၈) သန်းအနက် (၈၇၉၀၀၀) ဦးသေဆုံးခဲ့ပြီဖြစ်သည်။ မည်သို့ပင်ဆိုစေ အမေရိကန်ပြည်ထောင်စုအနေဖြင့် ရောဂါကူးစက်သူဦးရေ (၃၄) သန်းရှိခဲ့ပြီး၊ အသက်ဆုံးရှုံးခဲ့သူမှာ (၆၁၆၀၀၀) ဦးရှိနေပြီဖြစ်သည်။
ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
Add new comment