ရဟန်းမင်းကြီးနှင့်အီစလာမ်ခေါင်းဆောင်သုံးဦးတို့၏တွေ့ဆုံခြင်း

ရဟန်းမင်းကြီးနှင့်အီစလာမ်ခေါင်းဆောင်သုံးဦးတို့၏တွေ့ဆုံခြင်း

ရဟန်းမင်းကြီးနှင့်အီစလာမ်ခေါင်းဆောင်သုံးဦးတို့၏တွေ့ဆုံခြင်း

            ရဟန်းမင်းကြီးဖရန်စစ်၏ သက်၀င်ယုံကြည်မူမတူ‌သောဘာသာအချင်းချင်းတွေ့ဆုံခြင်း၌ အလွန်အ‌ရေးကြီးသောဘုံ ချိပ်ဆက်မူရှိနေသည်။ အထူး သဖြင့်အီစ္စလာမ်ဘာသာနှင့်တွေ့ဆုံခြင်းသည်အခရာကျသည်။ ဤသို့တွေ့ဆုံခြင်းကို အချက်သုံးချက် ကိုအခြေခံထားသည်။  အဆိုပါအချက်သုံးချက်သည် ဘာ သာတရား၏စစ်မှန်သောဘာသာရေးသွန်သင်ချက်ဖြစ်သည်။  ထို့အတူညီ အစ်ကိုမောင်နှမကဲ့သို့သဘောထားကလျှောက်လှမ်းရင်း ငြိမ်းချမ်းရေးကိုတည် ဆောက်နိုင်သောအလွန်ခိုင်မာသည့်လမ်းညွှန်ချက် ဖြစ်သည်။  ဤလမ်းညွှန်ချက်ကိုရဟန်းမင်းကြီးသည် (၂၀၁၆) ခုနှစ်၌ အာဇာဘိုင်ဂျန်၌လည်းကောင်း၊ (၂၀၁၇) ခုနှစ်၌ အီဂျစ်နိုင်ငံ၌ လည်းကောင်းမိန့်ခွန်းတွင်တွေ့နိုင်ပါသည်။ ယခုအီရတ်နိုင်ငံသို့ကြွ ရောက်သည့်သမိုင်း၀င်တမန်တော်ခရီးစဉ်၌လည်း ထမ်မံ၍ ဇောင်းပေးမိန့် ကြားခဲ့သည်။ ပထမဦးဆုံးမိန့်ကြားခဲ့သောမိန့်ခွန်းသည်အာဇာဘိုင်ဂျန်မှ Shiites တို့နှင့်နိုင်ငံအတွင်းမှ အခြားသော ဘာသာရေးခေါင်းဆောင်များအား လည်းကောင်းမိန့်ကြားခဲ့သည်။ ဒုတိယမိန့်ခွန်းကိုမူအီဂျစ်နိုင်ငံမှ Sunni မွတ်စလင်များ အားမိန့်ကြားခဲ့သည်။

          နောက်ဆုံးနှင့်တတိယမိန့်ခွန်းကိုမူ မွတ်စလင်အများစုပါ၀င်သော သက်၀င်ယုံကြည်မူမတူသော ဘာသာရေးအဖွဲ့ အားမြွတ်ကြားခဲ့သည်။ ထိုအဖွဲ့ထဲ၌ခရစ်ယာန်များသာမကဘဲ မက်ဆိုပိုတေးမီးယား၌ထွန်းကားခဲ့သောရှေးဦးဘာသာရေး အယူ၀ါဒကိုသက်၀င်ယုံကြည်သူ များ၏ကိုယ် စားလှယ်များလည်းပါ၀င်ခဲ့သည်။ ရဟန်းမင်းကြီးဖရန်စစ်၏တိုက်တွန်းချက် မှာမတူကွဲပြားမူနှင့်တစ်စုတစ်ဖွဲ့စီ၏အမှတ်သင်ကေတ များကိုလစ် လျှူမရူဘဲ နည်းလမ်းမှန်ကန်စွာ၊ လေးစားစွာချဉ်းကပ် ကြရန်ဖြစ်သည်။ ဤချဉ်းကပ်မူသည် မိမိတို့သက်၀င်ယုံကြည်သောဘာသာတရား ၏သွန် သင်ချက်ကိုလက် တွေ့ကျကျရှင် သန်ခြင်းဖြစ်သကဲ့သို့ မိမိတို့၏ဦးတည် ချက်အတွက် ဘာသာရေးကိုအသုံးခံတစ်ခုအဖြစ်အသုံးပြုကာ အမုန်းတ ရား၊ ခွဲခြား မူ၊ အစွန်းရောက်မူ၊ နှိမ်ချဆက်ဆံမူ၊ အဆိုးရွားဆုံးကား ဘုရားလိုအပ်နေသောလူမူအသိုင်းအ၀ိုင်း၌ဘုရားကိုပယ်သော (သို့) ဦးစား မပေးသည့်လုပ်ရပ်များကိုရှောင်ရှားကြရန်တိုက်တွန်းခဲ့သည်။ Baku မှလူဖြူ Sheikh မွတ်စလင်များ၊ အခြား သောဘာသာရေးအသင်းအဖွဲ့ကို ကိုယ်စားပြုသောဘာသာရေးခေါင်းဆောင်များအား ‘ဘာသာရေးအမူတော်သည် အလွန် ကြီးမြတ်သည်။ အဘယ်ကြောင့်ဆိုသော် ဘ၀အဓိပ္ပါယ် ကိုရှာဖွေနေကြသောအမျိုးသား၊ အမျိုးသမီးများအား လူတို့၏ဘ၀ ၌မည်မျှပင်စွမ်းစေကာမူအတိုင်းအတာရှိကြောင်း၊ ကမ္ဘာကြီး၌ရှိနေသော မည်သည့်အရာကိုမျှထာ၀ရဟုလွှဲမှားစွာသတ်မှတ် မထားရန်သင်ကြားညွှန်ပြပေးရသည့်အမူတော်ဖြစ်သည်။

          ကိုင်ရို၌ Al Azhar မှဘာသာရေးခေါင်းဆောင်၏အစီအစဉ်ဖြင့်ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးအ စည်းအ‌ေ၀းကြီး၌ ရဟန်းမင်းကြီးက ‘မိုးဇယ်ဘုရားသခင်၏ပညတ်တော်ကိုလက်ခံယူခဲ့သော ဆီနာရီတောင်သည်ကျွန်ုပ် တို့အားအကောင်းဆုံးသောသတိပေး ချက် ဖြစ်သည်။ ထိုသတိပေးချက်ကား မြေပေါ်၌ပဋိညာဉ်အဘယ်မျှတည်စေကာမူထာ ၀ရမဟုတ်။ ကောင်းကင်နိုင်ငံ၌တည်သောပဋိညာဉ်ကိုလစ်လျူ ရူ၍မရဟုအသိပေးနေခြင်းပင်ဖြစ်သည်။ ဘုရားသခင်ကို ပယ်ထား၍လူသားအချင်းချင်းငြိမ်းချမ်းရေး ကိုတွေ့ဆုံဆွေးနွေး၍မရသကဲ့သို့ထိုတောင် တော်ပေါ်သို့မိမိတို့၏သဘောဖြင့် တက်ရောက်သွား၍မရပေ။ ဤဆင်ခြင်ချက်သည် မှန်မလိုနှင့်လွှဲချောနေသည်။ အလွန်ဘေးကြီးသောအလွှဲမှား လည်းဖြစ် သည်။ ငြိမ်းချမ်းရေးသည်ဘုရားနှင့်မဆိုင်ဘဲ လူသားနှင့်လူ့အသိုင်းအ၀ိုင်းနှင့်သာသက်ဆိုင်သောအမူကိစ္စဖြစ်သည်ဟုသ ဘောထား လိုကြသည်။ ဤသဘောထား၏အခြားတစ်ဖက်၌မူ ဘာသာရေးနှင့်လူမူရေးအရှုပ်တော်ပုံများမလိုအပ်ဘဲဖြစ်ပေါ် လာနေသည်။                

            ပြီးခဲ့သောမတ်လ (၁၆) ရက်၊ စနေနေ့ ‘အုးရ်’ ၌ရဟန်းမင်းကြီးက ‘ဘုရားသခင်ကိုဘေးဖယ်ထားခြင်းသည် လောကအရာ များအားအလွန်အကျွံ ဆည်းကပ်ခြင်းဆီသို့တိမ်းညွှန့်သွားမည်။ အမှန်မှာဘုရားသခင်သည် ကောင်ကင်သို့မော့၍သူ့အားမျှော်ကြည့် ကာစစ်မှန်သောဘာသာရေး၏အဓိပ္ပါယ် ကိုဖွင့် ဟစေလိုသည်။ ထိုအနက်ကား ဘုရားသခင်အားကိုးကွယ်ခြင်းနှင့်မိမိနှင့်နီးစပ်သူကို ချစ်ခြင်းဖြစ်သည်။  ကိုင်ရို၌ပင် ရဟန်းမင်းကြီးက ‘ဘာသာရေးခေါင်းဆောင် များသည် အကြမ်းဖက်ခြင်းကိုတွန်းလှန်ရန်တာ၀န်ပေး အပ်ထားခြင်းခံထားရသူများဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အချို့သည်အကြမ်းဖက်သည့်လုပ်ရပ်ကို ဘာသာရေး၀တ္တရားတစ်ခုနှယ်မှတ်ယူလုပ်ဆောင်နေကြသည်။  အမှန်မှာအကြမ်းဖက်လုပ်ရပ်မှန်သမျှကိုဆန့်ကျင်ကန့်ကွက်ရှုံ့ချပြီး၊ လူ့ဂုဏ် သိက္ခာ၊ လူ့အခွင့်အရေး၊ အမုန်းတရားအခြေခံသောမတရားသည့်လုပ်ရပ်များအားလုံးကို ဘာသာတရား၏သွန်သင်ချက်နှင့်အညီဖော်ထုတ်ရပ်တည်ဆန့်ကျင် ရမည်။  ဤလုပ်ရပ်များကို ဘုရားသခင်၏ပုံတော်အားဖျက်သည့်လုပ်ရပ်အဖြစ်ကန့်ကွက်ဆန့်ကျင်ရမည်ဖြစ်သည်။ Baku ၌မူရဟန်းမင်းကြီးက ဘာသာ တရား၏ သွန်သင်ချက်ကိုဆုတောင်းခြင်းဖြင့် လက်တွေ့ကျကျရှင်သန်တည်ဆောက်ရမည်။ ဤလုပ်ထုံးကို ‘တွေ့ဆုံခြင်းနှင့် ငြိမ်းချမ်းခြင်း’ ယဉ်ကျေးမူဟု ခေါ်သည်။ ဤယဉ်ကျေးမူသည် စိတ်ရှည်မူ၊ နားလည်မူ၊ နှိမ့်ချသော၊ ထိတွေ့ကိုင်တွယ်နိုင် သောအခြေအနေမျိုးရှိရမည်။ ပဋိပက္ခဖြစ်ချိန်၌ ငြိမ်း ချမ်းရေး၏အာရုံဦး၊ အသေအကြေ အပျက်အစီးများကြား၌ပြန်လည် မွေးဖွားခြင်းဖြစ်ရမည်။ မပြတ်တမ်းတွေးနွေးမူ၏ပဲ့တင်သံထပ်နေရမည်။ ပြသာနာကို ကိုင်တွယ်ဖြေရှင်းသောတရား၀င်အဖွဲ့အစည်းတို့၏လုပ်ရပ်သည်အသီးအပွင့်မရှိလှဟုမှတ်ထင်ရသည့်အခြေအနေမျိုး၌ လည်းတွေ့ ဆုံဆွေးနွေးပြီး၊ ကြေအေးနိုင်ရေးကိုကြိုးစားလုပ်ဆောင်ရမည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

http://bit.ly/3rU4nOZ

Add new comment

13 + 3 =