ရဟန်းမင်းကြီးနှင့်သူ၏လုပ်ဖော်ဆောင်ဖက်များ၏နှစ်ပတ်လည်ဥပုသ်သီတင်းစောင့်တည်ခြင်းသတင်း

ရဟန်းမင်းကြီးနှင့်သူ၏လုပ်ဖော်ဆောင်ဖက်များ၏နှစ်ပတ်လည်ဥပုသ်သီတင်းစောင့်တည်ခြင်းသတင်း

ရဟန်းမင်းကြီးနှင့်သူ၏လုပ်ဖော်ဆောင်ဖက်များ၏နှစ်ပတ်လည်ဥပုသ်သီတင်းစောင့်တည်ခြင်းသတင်း

 

ပထမနေ့၏ထောက်ရူချက်မှာ - ခေါ်တော်မူခြင်းနှင့်ကျေးဇူးတော်ကိုငြင်းဆန်ခြင်းဖြစ်

ဘုရားသခင်၏အမူတော်ကိုထမ်းဆောင်ရန်မှာအမှတ်မထင်ခေါ်ဆောင်ခြင်းခံရသည်ဟုဥပုသ်ကာလ အတွင်းတရားပေးသောဘုန်းတော်ကြီး Pietro Bovati ကဘုရားသခင်မိုးဇယ်အား အဘယ်သို့ခေါ် ယူအသုံးပြုခဲ့သည်၊ အဘယ်သို့ ခက်ခဲမည့်အကြောင်းများကိုလည်းကြိုတင်သတိပေးခဲ့ကြောင်း၊

ရဟန်းမင်းကြီးသည်  နှာစီးသောကြောင့်ဥပုသ်ကိုသူသီတင်သုံးသောဆန်တာမားလ်သာရိပ်သာမှပါ၀င်သည်

ဒုတိယနေ့၏ထောက်ရူချက် - ခေါ်တော်မူခြင်းသည်ဘ၀တစ်ဆစ်ချိုးခြင်းအကြောင်း

ဥပုသ်စောင့်သောနေရာမှာ Divine Master House ဖြစ်ပြီး၊ Ariccia တွင်ရှိ၊ ဘုရားသခင်သည် ကျွန်ုပ်တို့အားသီးသန့်စီခေါ်သည်။ ခေါ်တော်မူခြင်းသည်ပြတ်သားသောဆုံးဖြတ်ချက်ဖြစ်ပြီး၊ ဤခေါ် တော်မူခြင်း၌ ဘုရားသခင်ကျွန်ုပ်တို့ကိုစကားပြော သည်။ ခေါ်တော်မူခြင်းသည် ဘ၀တစ်ဆစ်ချိုး ဖြစ်သောကြောင့် ကျွန်ုပ်တို့သည်မကြာခဏသူထံသို့ဦးလှည့်ပြန်၍အသစ်တစ်ဖန် ပြန်လည် မွေးခြင်း ခံရမည်။ သို့မှသာသူ၏အသံကိုကြားယောင်မည်။ တရားပေးသောဘုန်းတော်ကြီးက သူ၏ထောက် ရူချက် ကို ထွက်မြောက်ရာကျမ်း ၃း၁-၁၂၊ ရှင်မာတေဦး ၁၆း၁၃-၂၃၊ ဆာလံ ၆၃၊ဘုရားသခင်သည် လူကို မြင့်မားသောအသက်တာရှင်သန်မူကိုဦးထိပ်ထားတတ်ရန်အစဉ်လုပ်ဆောင်သည်။ သို့မှသာမိမိ ကိုယ်ကိုပေးဆက်၍ပိုမိုအသုံးတည့်ပြီးသူ၊ ညီအစ်ကို မောင်နှမများ အားအစေခံခြင်း ကိုပြု နိုင်မည် ဖြစ်သည်။ ဘုရားသခင်သည်အလောသုံးဆယ်အခြေအနေ၊ ရှုပ်ထွေးနေချိန်၊ မောဟိုက်နေချိန်မျိုး၌ ခေါ် လေ့ရှိသည်။ ဤအခြေအနေ သည်စိတ်ကိုနိုးဆော်ရန်အကောင်းဆုံးအချိန်ဖြစ်သည်။ သိသိနှင့်ဖြစ်စေ၊ မသိဘဲလျှက်ဖြစ်စေအဖြစ်မှန်ကန်သောအခြေ အနေသို့တွန်းပို့ပေးသည်။ ထိုအခြေအနေသည် ဘုရား တစ်ပါးတည်းသာဖော်ဆောင်နိုင်၊ အသိစေနိုင်သည်။ခေါင်တော်မူခြင်းသည်ဖော်ပြခြင်းဖြစ်ပြီး၊ မိမိ၏ ပြတ်သား သောဆုံးဖြတ်ချက်မဟုတ်။ တောက်လောင်နေသော ချုံဆီသို့သွားရန်စေ့ဆော်သည်။ မိုးဇယ် ပင်လျင်သန့်ရှင်းသောဌာန၌ရောက်ရှိနေသည်ကိုမသိဘဲရောက်ရှိနေခဲ့သည်။ ထို နေရာသို့ သွား လျှင် မည်သည့်အရာဖြစ်လာမည်ကိုပင်မတွေးမိခဲ့ပေ။ ခေါ်တော်မူ ခြင်းအသက်တာ၌ ပရောဖက် ဉာဏ်လည်း အရေးကြီးသည်။ ခေါ်တော်မူခြင်းသည်ဘုရားသခင်၏ဖော်ပြခြင်းဖြစ်ပြီး၊ ရှင်းရှင်း လင်းလင်းမသိနိုင်သကဲ့သို့၊ ပြတ်ပြတ် သားသားလည်းမဆုံးဖြတ်နိုင်။ ဘုရားသခင် သူ့အားအမည် တပ်ခေါ်သောအခါကျွန်ုပ်ရှိပါသည်ဟုကိုယ်တိုင်ပြန်လည်ဖြေကြားနိုင်ခဲ့သည်။ ထို အချိန်မှသာ အသိရှိရှိဖြင့်နာခံခဲ့သည်။

တတိယနေ့နံနက်၏ထောက်ရူချက် - ဘုရားသခင်၏ကောင်းကြီးတော်ကိုငြင်းဆန်ခြင်း

လူသည်ဘုရားသခင်သွန်းလောင်းသောကောင်းကြီးကိုငြင်းဆန်တတ်သည့်အကြောင်းနှင့်စပ်လျင်း၍ ထွက်မြောက်ရာကျမ်း ၅း၁-၂၃၊ ရှင်မာတေဦး ၁၃း၁-၂၃၊ ဆာလံ ၇၈ တို့ကိုအခြေခံ၍ထောက်ရူခဲ့သည်။ ဤ နေရာ၌  အီဂျစ်ဘုရင်ဖာရာအိုကိုပုံပမာပေးသည်။ သူသည်မိုး ဇယ်အားဖြင့် ဘုရားသခင် သွန်းလောင်း သောကောင်းကြီးကိုငြင်းဆန် နေခဲ့သည်။ ထိုကောင်းကြီးတော်ကား အီစွရေး လူမျိုး ကိုကျွန်တစ်ပေါက်ဘ၀မှလွှတ်ပေးရန်ဖြစ်သည်။ ဖာရာအိုကထာ၀ရ ဘုရားသည် အဘယ် သူနည်းဟု မေးမြန်းခဲ့သည်။ ထာ၀ရဘုရားကားဆန့်ကျင်ဖက်အမူများအားလုံးကိုဖျက်ဆီးမည့်လူအ ဖြစ်ယူသော ဘုရားဖြစ်သည်။ အီစွရေးလူမျိုးတို့၏ဘုရားသည်အလွန်အခြေခံကျသောပြောင်းလဲခြင်းကိုဖန်တီးသည်။ ဘုရား သခင်သည်ဧည့် သည်၊ ဖိနှိပ်ခံသူ များနှင့်ခေါင်းပုံဖြတ် ခံရသူတို့၏ အခွင့်အရး ကိုကာကွယ် မြှင့်တင်ပေးသည်။ မိမိကိုယ်ကို အထင်ကြီးစိတ်၏ ဘေးဆိုးသည်ဦးစား ပေးရမည့် ဘုရားသခင်၏ အလိုကိုနောက်ဆုံး၌ထားမိတတ် သည်။ ဤသို့ပြုခြင်းသည်ကောင်းကြီးတော်ကိုငြင်းပယ်ခြင်းဖြစ်ပြီး၊ ၀◌ိညာဉ်တော်ကိုဆန့်ကျင်ခြင်းဖြစ်သည်။ မျက် မှောက်ခေတ်၌ မိမိကိုယ်မိမိ အထင်ကြီးစိတ် သည် ဘုရားသခင် ကိုနာခံရန်ငြင်းဆန်ခြင်း၊ ဘုရားသခင်၏အစေခံပရောဖက် များကိုငြင်းပယ် ခြင်းတို့မှ မြစ်ဖျားခံသည်။ ဥစွာ၊ ယဉ်ကျေးမူ၊ အာဏာများ၏လှောင်ချိုင့်၌မပတ်မိသော်လည်းမိမိကိုယ်မိ မိမာန ကြီးခြင်း၊ မိမိစိတ်ကြိုက်ရွေးချယ်ခြင်း၊ မိမိ၏လွှတ်လပ် မူကျိုးကြောင်း မစဉ်းစားဘဲ လုပ်ဆောင်ခြင်း ၌လည်းတည် သည်။

 

ဖာသာရ်ကလဲမင့်အားသယ်

ဗာတီကန်သတင်း

https://www.vaticannews.va/en/pope/news/2020-03/pope-francis-curia-retreat-day-2-vocation-moses.html

Add new comment

12 + 1 =