ရဟန်းမင်းကြီးစိန့်ဂျွန် (၂၃) ကမိန့်ကြားခဲ့သော ဒုတိယဗာတီကန်အစည်းအဝေးကြီးကျင်းပခဲ့ရသည့် အကြောင်းအရင်း

ရဟန်းမင်းကြီးစိန့်ဂျွန် (၂၃) ကမိန့်ကြားခဲ့သော ဒုတိယဗာတီကန်အစည်းအဝေးကြီးကျင်းပခဲ့ရသည့် အကြောင်းအရင်း

ရဟန်းမင်းကြီးစိန့်ဂျွန် (၂၃) ကမိန့်ကြားခဲ့သော ဒုတိယဗာတီကန်အစည်းအဝေးကြီးကျင်းပခဲ့ရသည့် အကြောင်းအရင်း

ကက်သလစ်ဘာသာတူများသိကြသည့်အတိုင်း ရဟန်းမင်းကြီးစိန်းဂျွန် (၂၃) သည် သက်တော်ကြီးရင့်မှ သာ သနာ၏အမြင့်ဆုံးအမှုတော်ဖြစ်သော ရဟန်းမင်းကြီးအဖြစ်ရွေးချယ်တင်မြောက်ခံခဲ့ရသည်။ သက်တော်ကြီးရင့်သော် လည်း သာသနာပြုသည့်အတွေ့အကြုံနှင့်တမန်တော်လုပ်ငန်းအတွေ့အကြုံများသောကြောင့် ရဟန်းမင်းကြီးဖြစ် လာသောအခါ ဒုတိယဗာတီကန်အစည်းအဝေးကြီးကို (အောက်တိုဘာလ ၁၁၊ ၁၉၆၂) နှစ်တွင်စတင်ခေါ်ယူကျင်း ပခဲ့သည်။ ဤသို့စီစဉ်ကျင်းပရသည့် အကြောင်းအရင်းကိုလည်းရှင်းပြခဲ့သည်။

ဒုတိယဗာတီကန်အစည်းအ‌ေ၀းကို ကျင်းပရခြင်းမှာ ‘အမှန်တရားကိုကာကွယ်ရန်’ ဖြစ်သည်။ ခရစ်ယာန်တို့၏ သန့်ရှင်းမြင့်မြတ်သော အမှန်တရား အမွေအနှစ်များကိုကာကွယ်ရန်နှင့်အကျိုးရှိထိရောက်စွာရှင်းပြရန်ဖြစ်သည်။ ခရစ်ယာန်တို့၏ သန့်ရှင်းမြင့်မြတ်သော အမှန်တရားအမွေအနှစ်သည် လူ၊ ခန္ဓာကိုယ်၊ ၀ိညာဉ်အားလုံးပါ၀င်သောသွန်သင်ချက်ဖြစ်သည်။ ဤတရားတော် သည် ကျွန်ုပ်တို့ကို လောက၌ထာ၀ရအိမ်တော်အဖြစ်မနေရန်၊ ကောင်းကင်အိမ်တော်ပြန်ခရီး၌ ခေတ္တတည်းခိုသော ဧည့်သည်ကဲ့သို့နေထိုင်ရှင်သန်ရန်သင်ကြားထားသည်။

ရဟန်းမင်းကြီးဂျွန် (၂၃) သည် အစည်းအဝေးကြီး၏ အဓိကလုပ်ဆောင်ရမည်မှာ အမှန်တရားကိုကာကွယ် ရန်နှင့်မျက်မှောက်ကမ္ဘာကြီးအားလည်း ထိုတူညီသောအမှန်တရားကိုချပြရန်ဖြစ်သည်။ လက်ရှိ၌လိုအပ်သောအရာ မှာ ထိုအမှန်တရားကို ခရစ်ယာန်အားလုံးလက်ခံနိုင်စေရန်၊ ထို့အတူမူရင်း၏သွန်သင်ချက် အသေးစိတ်ကိုလည်း မလစ်ဟင်းစေဘဲ တင်ပြရာ၌တိကျမူရှိရှိဖြင့် သစ်လွင်သောစိတ်အားထက်သန်မှု၊ သစ်လွင်သောပျော်ရွှင်မှု၊ တည် ကြည်သောစိတ်ထားရှိရန်လိုအပ်သည်။ ဤသို့အားဖြင့် လက်ရှိအစည်းအဝေးထက်စော၍ ကျင်းပခဲ့သော ထရင့်နှင့် ပထမဗာတီကန်အစည်းအဝေးကိုဆက်လက်အသက်သွင်းနေခြင်းဖြစ်သည်။ လိုအပ်သည်မှာ လူတိုင်းစစ်မှန်သော ခရစ်ယာန်၊ ကက်သလစ်နှင့်တမန်တော်တို့၏စိတ်ဓာတ်များဖြင့်ယနေ့ကိုကျင့်ကြံရှင်သန်ရန်လိုသည်။ သို့မှသာ ဤတရားတော်သည် ကျယ်ကျယ်ပြန့်ပြန့်သိရှိသွားပေမည်။ နက်နက်ရှိုင်းရှိုင်းနားလည်သဘောပေါက်သွားပေမည်။ ထို့အတူ လူတို့၏ နေ့စဉ်ကျင့်ကြံရှင်သန်သောဘ၀၌ ဤတရားသည် ပိုမိုထိရောက်စွာ ထိုးဖောက်၀င်ရောက်သွားပေမည်။

(၂၀) ရာစုသည် နည်းပညာပိုင်း၌ အလွန်လျင်မြန်စွာပြောင်းလဲတိုးတက်နေသောခေတ်ဖြစ်ပြီး၊ ရှင်သန်နေထိုင်မှုဘ၀၌လည်း အတွင်းကျကျပြောင်းလဲနေသည်။

ရဟန်းမင်းကြီးဂျွန် (၂၃) သည် ဤအရှိန်ဖြင့်ပြောင်းလဲလာမှုကို သတိထားမိလိုက်သည်။ ထို့ကြောင့်သာသနာတော်ကြီးအနေဖြင့် အမှန်တရားကိုထိန်းသိမ်းထားရင်း နည်းလမ်းသစ် ဖြင့်မိတ်ဆက်ရန်လိုအပ်လာကြောင်းသိလာ၍ စိတ်အားထက်သန်မှုရှိလာစေရန် ပြန်လည်ဆန်းသစ်ခဲ့သည်။ ရဟန်းမင်းကြီး ဂျွန် (၂၃) ၏အလွန်တိကျသောချဉ်းကပ်ပုံကား အပျက်သဘောဆောင်သည့်ဖက်သို့နွယ်သည့်အတွေးအမြင် မျိုးမရှိရေးဖြစ်ပြီး၊ အပြုသဘောဆောင်သည့်အမြင်သာထားရှိရန်ဖြစ်သည်။ စီရင်၍ပြစ်ဒဏ်ချမှတ်မည်ထက် ရှင်း လင်းပြတ်သားစွာဖြစ်စေချင်သည်။ သာသနာတော်ကြီးသည် အမှားများကိုအစဉ် အဆက်ဆန့်ကျင်လာခဲ့သည်။ မကြာခဏ စီရင်ချက်ကိုပြင်းပြင်းထန်ထန်ချမှတ်ခဲ့သည်။ သို့သော် ယနေ့၌ ယေဇူးသခင်၏သတို့သမီးသည် သနား ခြင်းလိမ်းဆေးကိုလိုလားနေကြသည်။ ယနေ့ သာသနာတော်ကြီးယုံကြည်သည်မှာ သူ၏သွန်သင်ချက်ကို စေ့စပ် သေချာစွာရှင်းလင်းပြခြင်းသည် ဘာမျှမရှင်းပြဘဲ မှားလျှင်အပြစ်ဒဏ်ပေးသည့်နည်းလမ်းထက်ပို၍ထိရောက်အကျိုး ရှိမည်ဟုယုံကြည်သည်။

ဒုတိယဗာတီကန်အစည်းအဝေး ကြီး၏ ဆုံးဖြတ်ချက်များသည် ယနေ့သာသနာတော်ကြီးအတွက်လည်း ဆက်လက်၍အသုံးတည့်နေဆဲဖြစ်သည်။ ထို့အတူ ကက်သလစ်ဘာသာတူတိုင်း ဤအစည်းအဝေးဆုံးဖြတ်ချက် ကိုဖတ်ရှုပြီး၊ ယနေ့မျက်မှောက်ခေတ်ကာလ၌ အမှန်တရားအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် သန့်ရှင်းသော၀ိညာဉ်တော်ဘုရားသည် ကူညီကြောင်းကို ကောင်းစွာနားလည်သဘောပေါက်ရန်အရေးကြီးသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/3jdwTZm

Add new comment

3 + 15 =