ရဟန်းမင်းကြီးစိန့်ဂျွန်ပေါ်လ် (၂) ၏မိဘနှစ်ပါးကိုရဟန္တာတင်မြောက်နိုင်ရန်စတင်ခြင်း

ရဟန်းမင်းကြီးစိန့်ဂျွန်ပေါ်လ် (၂) ၏မိဘနှစ်ပါးကိုရဟန္တာတင်မြောက်နိုင်ရန်စတင်ခြင်း

ရဟန်းမင်းကြီးစိန့်ဂျွန်ပေါ်လ် (၂) ၏မိဘနှစ်ပါးကိုရဟန္တာတင်မြောက်နိုင်ရန်စတင်ခြင်း

ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) ကိုကက်သလစ်ဘာသာတူများသာမဟုတ်။ ဘာသာခြားများပါ သိကျွမ်းရင်းနှီးပြီး၊ လေးစားကြည် ညိုကြသည်။ သူ၏စျာပနကိုလည်းနိုင်ငံတော်အခမ်းအနားဖြင့်ကျင်း ပပေးခဲ့ပြီး၊ ကမ္ဘာ့ခေါင်းဆောင်အများဆုံးတက်ရောက်ခဲ့သည့် အခမ်းအနား တစ်ခုဟုလည်းကမ္ဘာ့သတင်း စာမျက်နှာများပေါ်တွင်ဖော်ပြခံခဲ့ရသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုပေးအပ်ခံရသောရဟန်းမင်းကြီး လည်းဖြစ် သည်။ သူ့အားပိုလန်လူမျိုးမိဘနှစ်ပါးဖြစ်သည့် Karol နှင့် Emilia Wojtyla တို့မှမွေးဖွားခဲ့ သည်။ ဤမိဘနှစ်ပါး၏ပြုစုပျိုးထောင်ပေးခဲ့မူကြောင့် သာလျှင်၄င်းတို့၏ရင်သွေးများအနက်ရဟန်းမင်း ကြီးစိန့်ဂျွန်ပေါလ် (၂) သည်ပြည်တန်ပတ္တမြားဖြစ်လာခဲ့သည်။

ထို့ကြောင့်ရဟန်းမင်းကြီးစိန့် ဂျွန်ပေါလ် (၂) ၏မိဘနှစ်ပါးအားလည်းရဟန္တာများအဖြစ်တင်မြောက်ရေးတရား၀င်လုပ်ဆောင်ရန်အတွက်ရ ဟန်းမင်းကြီး၏မွေးရပ်မြေ Wadowice ရှိ ယေဇူးသူငယ်တော်အားဗိမာန်တော်၌ပူဇော်ခြင်းဘာစီးလီ ကာကျောင်းတော်ကြီးတွင်ရဟန်းမင်းကြီး၏မွေးနေ့ဖြစ်သောမေလ (၇) ရက်နေ့တရား၀င်ဖွင့်လှစ်ခဲ့ သည်။ ဤဘုရားသခင်၏အစေခံနှစ်ပါးနှင့်စပ်လျင်းသောပါရမီ၊ ဘုရားတရားကိုင်းရှိုင်းမှု၊ ကိုယ်ကျင့်သီလ၊ သန့်ရှင်း ခြင်းများ၊ ၄င်းတို့၏ကြား၀င်ဆုတောင်းပေးခြင်းဖြင့်ခံစားရသောကောင်းကြီးများအား လုံးနှင့်ဆိုင်သောသတင်းအချက်သောလက်များကို Krakow ဂိုဏ်းချုပ်သာသနာကတာ၀န်ယူလက်ခံစီစစ် သွားမည်။ ထိုအခမ်းအနားကို ဂိုဏ်းချုပ်ဆရာတော် Krakow Marek Jedraszewski ကအင်တာ နက်လိုင်းမှထုတ်လွှင့်ခဲ့ သည်။

ရဟန်းမင်းကြီးစိန့်ဂျွန်ပေါ်လ် (၂) ၏အတွင်းရေးမှူးအဖြစ်အမူထမ်းခဲ့သော ကာဒီနယ် Stanislaw Dziwisz လည်း အခမ်းအနားသို့တက်ရောက်ခဲ့သည်။ ကာဒီနယ်အနေဖြင့်စိန့်ဂျွန် ပေါလ် (၂) ထံမှသူသည်သန့်ရှင်းသောမိဘနှစ်ပါးရှိကြောင်း မကြာခဏပြော ကြားသည်ကိုကြားဖူးခဲ့ ကြောင်းယခုဂိုဏ်းချုပ်သာသနာပိုင်၊ ဘာသာတူများရှေ့တွင်ရိုးသားစွာထုတ်ဖော်သက်သေခံပါကြောင်းပြောကြားခဲ့ သည်။ ယခုကဲ့သို့ဤဘုရားသခင်၏အစေခံနှစ်ပါးကိုရဟန်းတာအဖြစ်တင်မြောက်ရန်ကြိုး စားရခြင်းမှာ၄င်းတို့၏ပေးဆပ်မူ ကြောင့်သာအမိသာသနာအတွက်ရဟန်းမင်းကြီးတစ်ပါးမွေးထုတ်ပေး နိုင်ခဲ့ခြင်းဖြစ်ကြောင်းပိုလန်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ပြောရေးဆိုခွင့်ရှိသူဖာသာရ် Pawel Tytel-Andrianik က CAN သတင်းဌာနအားဖြေကြားခဲ့ပါသည်။

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်
Photo Credit: Archidiecezja Krakowska.

https://bit.ly/3cggwWu

Add new comment

15 + 0 =