ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) နှင့်စပ်လျင်း၍ရဟန်းမင်းကြီးဘက်နက်ဒစ် (၁၆) ၏မှတ်ချက်

ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) နှင့်စပ်လျင်း၍ရဟန်းမင်းကြီးဘက်နက်ဒစ် (၁၆) ၏မှတ်ချက်

ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) နှင့်စပ်လျင်း၍ရဟန်းမင်းကြီးဘက်နက်ဒစ် (၁၆) ၏မှတ်ချက်

ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) ၏ဘ၀တစ်လျှောက်လုံးသည် ခရစ်ယာန်ယုံကြည်ခြင်း၊ ကယ် တင်ခြင်းနှင့်ဆိုင်သောသွန်သင်ချက်နှင့်အခြားသူများလက်ခံလာစေခြင်းကိုလက်တွေ့ကျကျဖော် ဆောင်ရန်တစ်စိုက်မတ်မတ်ရှင်သန်လုပ်ဆောင်ခဲ့သည်ဟုရဟန်းမင်းကြီးဘက်နေဒစ် (၁၆) ကရဟန်း မင်းကြီးစိန့်ဂျွန်ပေါလ် (၂) ၏ရာပြည့်မွေးနေ့အတွက်အမှတ်ရစရာရေးသား၍ပိုလန်ဆရာတော်ကြီးများ ထံသို့ပေးပို့ခဲ့သည်။

ရှင်ပြန်ထမြောက်သောခရစွတူးသခင်အားကျေးဇူးတင်ပါသည်။ အဘယ်ကြောင့်ဆိုသော်ဘုရား သခင်၏သနားတော်မူခြင်းသည်လူသားတိုင်းအတွက်ဖြစ်သည်။ ဘုရားသခင်၏သနားတော်မူခြင်းသည် ကျွန်ုပ်တို့၏အားနည်းခြင်းထက်ပို၍အားကောင်းသန်မာကြောင်းကိုကျွန်ုပ်တို့အားလုံးသိထားရမည်။ သနားကြင်နာခြင်းတရား၌သာရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) ၏သတင်းစကားကိုတွေ့ရှိနိုင်မည်။

ထို တရားသည်ရဟန်းမင်းကြီးဖရန်စစ်၏အခြေခံကျလှသောရည်ရွယ်ချက်လည်းဖြစ်သည်။ ဘုရားသခင်၏ ကရုဏာသနားခြင်းသည်အရေးကြီးကြောင်းပြသခြင်းအားဖြင့်လူသားများကိုတောင်းဆိုထားသောကိုယ်ကျင့်တရားပိုင်းဆိုင်ရာတောင်းဆိုချက်များကိုပြည့်၀စွာမဖြည့်ဆည်းနိုင်သော်လည်းကြိုးစားဖြည့်ဆည်းရမည်ကိုမီးမောင်းထိုးပြသွားသည်။

ကျွန်ုပ်တို့၏ကိုယ်ကျင့်တရားပိုင်းဆိုင်ရာအားထုတ်မူများသည် ဘုရားသခင်၏သနားကြင်နာခြင်းနှင့်သာဆိုင်သည်။ ထိုသနားကြင်နာခြင်းသည်သူ၏အစွမ်းကိုပြသ ခြင်းထက်ကျွန်ုပ်တို့၏အားနည်းချက်များကိုကုသပေးသည်ဟုမိန့်ကြားခဲ့သည်။

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2WB2XeV

Add new comment

7 + 1 =