ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂)သည် ဆုတောင်းခြင်းဖြင့်ရှင်သန်သူ၊ အနေနီးသူ၊ တရားမျှတသူဖြစ်ဟုရဟန်းမင်းကြီးဖရန်စစ်မိန့်ကြား

ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂)သည် ဆုတောင်းခြင်းဖြင့်ရှင်သန်သူ၊ အနေနီးသူ၊ တရားမျှတသူဖြစ်ဟုရဟန်းမင်းကြီးဖရန်စစ်မိန့်ကြား

ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂)သည် ဆုတောင်းခြင်းဖြင့်ရှင်သန်သူ၊ အနေနီးသူ၊ တရားမျှတသူဖြစ်ဟုရဟန်းမင်းကြီးဖရန်စစ်မိန့်ကြား

 

မေလ (၁၈) ရက်နေ့သည်ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) ၏ရာပြည့်မွေးနေ့ဖြစ်သည်။ ထိုနေ့ ၌ရဟန်းမင်းကြီဖရန်စစ်ဦးဆောင်၍ စိန့်ပီတာဘုရားကျောင်းကြီးအောက်ရှိ စိန့်ဂျွန်ပေါလ် (၂) ၏အုတ်ဂူ တွင်မစ္ဆားပူဇော်ခဲ့သည်။ ထိုနေ့သည်လည်းအီတလီနိုင်ငံအနေ ဖြင့်ပထမဦး ဆုံးကိုဗစ် (၁၉) အရေးပေါ်ကာလကိုပြန်လည်ရုတ်သိမ်းလိုက်သည့်ပထမဦးဆုံးသောနိုင်ငံလည်းဖြစ်သည်။ ကိုဗစ် (၁၉) အလွန် ဘာသာတူများ နှင့်မစ္ဆားတရားပူဇော်ခြင်းသည်လည်းပထမဦးဆုံးအကြိမ်ဖြစ်သည်။ မစ္ဆားတရား ပူဇော် ခြင်း၌ဘာသာတူများပါ၀င်ခဲ့ကြသည်။ 

ဘုရားသခင်သည်သူ၏လူမျိုးတော်ထံသို့အလည်အပတ်ကြွလာတော်မူပြီ။ 

 

ရဟန်းမင်းကြီးသည်မစ္ဆားတရား၏ဩ၀ါဒ၌ ဘုရားသခင်သည်သူ၏လူမျိုးကိုချစ်တော်မူသည်။ အခက်အခဲကြုံနေရချိန်၌ပရော ဖက် တစ်ပါးနှင့်တူသောသန့်ရှင်းသောသူကိုစေလွှတ်ပေးခြင်းဖြင့်ကူညီ စောင်မတော်မူသည်။

 ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) ၏ဘ၀ကိုဆင်ခြင် ခြင်း ဖြင့်သူသည်ဘုရားသခင် စေလွှတ်ခဲ့သူ၊ ဘုရားသခင်ပြင်ဆင်ထားသူ၊ ဆရာတော်အဖြစ်ရွေးချယ်သည်။ ထို့နောက်ရဟန်းမင်းကြီး အဖြစ်ဘုရား သခင်၏သာသနာတော်ကိုဦးဆောင်ရန်လမ်းညွှန်စေခဲ့သည်။ ဤအချက်ကိုထောက်၍ဘုရားသခင်သည်မိမိ၏လူမျိုးထံသို့ကြွလာတော်မူပြီဟု ယနေ့ကျွန်ုပ်တို့ပြောနိုင်ပြီဖြစ်သည်။ 

 

စိန့်ဂျွန်ပေါလ် (၂) သည်ဆုတောင်းခြင်းဖြင့်အသက်ရှင်သူဖြစ်သည်။  

 

စိန့်ဂျွန်ပေါလ်၏အသက်တာကိုဆင်ခြင်ရာတွင်ရဟန်းမင်းကြီးဖရန်စစ်ကအချက်သုံးချက်ကိုအ သားပေးမိန့်ကြားခဲ့ပါသည်။ ထိုအချက် သုံးချက်ကား (၁) ဆုတောင်းခြင်းအသက်တာ၊  (၂) ဘာသာတူများနှင့်အနေနီးခြင်း၊ (၃) သနားတတ်ခြင်းတို့ဖြစ်သည်။ စိန့်ဂျွန်ပေါလ် (၂) သည်ရဟန်းမင်းကြီး တစ်ပါးအဖြစ်အမိသာ သနာ၏အမြင့်ဆုံးအမှုတော်ကိုခံယူထားပြီး၊ အမှုတော်များပြားလှသော်လည်းဆုတောင်းရန်အချိန်ကိုရ အောင်ယူလေ့ရှိ သည်။ အဘယ်ကြောင့်ဆိုသော်သိုးထိန်းကောင်းတစ်ပါး၏အဓိကတာ၀န်သည်ဆု တောင်းခြင်းဖြစ်သည်ကိုကောင်းစွာသိသည်။ ဤသွန်သင်ချက်သည်တမန်တော်၀တ္တုလာရှင်ပေတရု ၏သွန်သင်ချက်ဖြစ်သည်။ 

 

လူတို့နှင့်အနေနီးတတ်သူဖြစ်သည်။ 

 

စိန့်ဂျွန်ပေါလ် (၂) သည်လူများနှင့်အနေနီးသည်။ ခွဲခြားခြင်း၊ မပတ်သက်ခြင်းလည်းမရှိ။ ကမ္ဘာ တစ်ဝှမ်းသို့တမန်တော်ခရီးကြွချီ၍ဖွေ ရှာလေ့ရှိသည်။ ဓမ္မဟောင်းကျမ်းစာ၌လည်းဘုရားသခင်သည်သူ ၏လူမျိုးတော်နှင့်အလွန်အနေနီးခဲ့သည်။ ဤဘုရားသခင်၏ အနေနီးခြင်းဗီ ဇကိုယေဇူးသခင်လူ့အဖြစ် လာရောက်ယူတော်မူသည့်အဖြစ်၌လည်းဘုရားသခင်သည်မိမိ၏လူမျိုးတော်နှင့်အနေနီး လိုသည်ကိုကွင်းကွက်စွာ မြင်တွေ့နိုင်သည်။ စိန့်ဂျွန်ပေါလ် (၂) သည်လည်းကောင်းသောသိုးထိန်းဖြစ်သောယေဇူးသ ခင်၏ခြေရာတော်ကိုလိုက်နေသည်။ ထို့ကြောင့် ကြီးသူ၊ ငယ်သူမရွေး၊ ရှိသူ၊ သိသူမတွေး။ ရုပ်ပိုင်းအနေ မနီးနိုင်သောသူများအားလုံးနှင့်လည်းရင်းနှီးစွာနေထိုင်လေ့ရှိသည်။ 

သနားခြင်းပါသောတရားမျှတခြင်းရှိသူ

စိန့်ဂျွန်ပေါလ် (၂) သည်တရားမျှတခြင်းကိုမြတ်နိုးတန်ဖိုးထားရာ၌စံပြုလောက်သည်။ ဤတရား မျှတခြင်း၌သနားခြင်းလည်းပါနေ သည်။ ထို့ကြောင်စိန့်ဂျွန်ပေါလ် (၂) သည်သနားတတ်သောလူသား တစ်ဦးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်တရားမျှခြင်းနှင့်သနား ခြင်းတို့ အတူပါသည်။ စိန့်ဂျွန်ပေါလ် (၂) သည်ကရုဏာရှင်ယေဇူးအားသဒွါကြည်ညိုမူကိုပြန့်နှံ့အောင်ကြိုးစားလုပ်ဆောင်ခဲ့သည်။ အဘယ် ကြောင့်ဆို သော်ဘုရားသခင်၏ တရားမျှတခြင်းသည်သနားခြင်းစိတ်နေသဘောထားပါနေသည်။ 

ရဟန်းမင်းကြီးသည်စိန့်ဂျွန်ပေါလ် (၂) ၏ရာပြည့်မွေးနေ့မစ္ဆား၏ဩ၀ါဒကို အောက်ပါဆုတောင်းမေတ္တာတိုဖြင့်အဆုံးသတ် သွား သည်။ ထိုဆုတောင်းချက်ကား ဘုရားသခင်သည်ကျွန်ုပ်တို့အား လုံး၊ အထူးသဖြင့်သိုးထိန်းများအားဆုတောင်းလိုစိတ်၊ ရင်းနှီးချစ်ခင်စိတ်၊ တရားမျှခြင်း၌သနားခြင်း စိတ်များတိုးပွားစေပါစေဟုဖြစ်ပါသည်။

 

ဘာသာပြန်ဆိုသူ ဖာသာရ်ကလဲမင့်အားတယ်

 

https://bit.ly/2LFCA1i

Add new comment

1 + 0 =