ရဟန်းမင်းကြီးက 'လူ့ဘ၀အသက်သည် အရေအတွက်ပေါ်မူတည်၍ကိုင်တွယ်ဖြေရှင်းသည့် နည်းသည်လုံး၀လက်မခံနိုင်' ပြတ်သားစွာမိန့်ကြား

ရဟန်းမင်းကြီးက 'လူ့ဘ၀အသက်သည် အရေအတွက်ပေါ်မူတည်၍ကိုင်တွယ်ဖြေရှင်းသည့် နည်းသည်လုံး၀လက်မခံနိုင်' ပြတ်သားစွာမိန့်ကြား

ဗာတီကန်မှကြီးမှူး၍ ကျင်းပသောသဘာ၀အားလစ်လျူရှူ၍လူ့အသိဉာဏ်ဖြင့်ဖန်တီးထားသောအရာများကို အသုံးပြုခြင်းဆိုင်ရာကျင့်၀တ်များအကြောင်းဆွေးနွေးသောကွန်ဂရက်စ်သို့ ဖိတ်ကြားထားသောမွတ်စလင်၊ ဂျူးနှင့်ခရစ်ယာန်ခေါင်းဆောင်များတက်ရောက်ခဲ့သည်။

ဤတွေ့ဆုံခြင်း၌ ရဟန်းမင်းကြီးဖရန်စစ်က အခြေအနေအရပ်ရပ်ကိုကိုင်တွယ်ဖြေရှင်းရာတွင် အရေအတွက်အနည်းအများပေါ်မူတည်၍ဆုံးဖြတ်ခြင်းမပြုခြင်းသည်အဘယ်မျှအရေးကြီးကြောင်းကိုမိန့်ကြားခဲ့သည်။ ဥပမာအားဖြင့် နိုင်ငံရေးခိုလုံခွင့်တောင်းသူများအားလက်ခံရာတွင် အရေအတွက်ဖြင့်လက်ခံခြင်းသည် လူ့အသက်၊ လူ့ကြံမ္မာကိုအရေအတွက်ဖြင့်သတ်မှတ်ဆုံးဖြတ်သကဲ့သို့ဖြစ်နေသည်ဟုမိန့်ကြားခဲ့သည်။

ကွန်ဂရက်စ်သို့တက်ရောက်လာကြသူများမှာ Abu Dhabi ၏ငြိမ်းချမ်းရေးဆွေးနွေးသည့်အဖွဲ့၏အထွေထွေအတွင်းရေးမှူးဖြစ်သော Al Mahfoudh Bin Bayyah၊ ရာဗီ Eliezer Simha Weisz၊ အီစ္စရေးတို့၏ဘာသာ‌ရေးကောင်စီ၏အဖွဲ့၀င်များဖြစ်ကြပါသည်။

ထိုအစည်းအ‌ဝေး၌ အသက်အကြောင်းသင်ကြားသောကျောင်းတော်ကြီး၏တာ၀န်ခံ ဂိုဏ်းချုပ်ဆရာတော် Vincenzo Paglia နှင့်ဤဆွေးနွေးပွဲအားမြှင့်တင်လုပ်ဆောင်သောအဖွဲ့၀င်များတက်ရောက်ခဲ့ကြသည်။ Rome report

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အာတယ်

https://bit.ly/3Jz53oi

Add new comment

5 + 5 =