ရဟန်းမင်းကြီးကြွရောက်သည့်ပြင်သစ်နိုင်ငံ၏မြို့ရှိသမိုင်း၀င်ဘုရားကျောင်းများ

ရဟန်းမင်းကြီးကြွရောက်သည့်ပြင်သစ်နိုင်ငံ၏မြို့ရှိသမိုင်း၀င်ဘုရားကျောင်းများ

ရဟန်းမင်းကြီးဖရန်စစ်သည် ပြင်သစ်နိုင်ငံ၏အထင်အရမြို့တစ်ဖြစ်သည့် Marseille သို့ တမန် တော်ခရီး၌ ဘုရားကျောင်းများသို့ လည်း ကြွရောက်လည့်ပတ်ခဲ့ပြီဖြစ်သည်။

ဤမြို့သည် သ​ေင်္ဘာဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သည်။ ဤမြို့၌တည်ဆေက်ထားသောဘုရားကျောင်းများသည် ဗိသုကာလက်ရာပြောင်မြောက်လှသည်။ ဂေါသစ် (Gothic) နှင့် ဘိုင်ဇန်တိုင်း (Byzantine) စတိုင်တည်ဆောက်ထားသည်။

ဆရာတော်ကျောင်းထိုင်သော Sainte Marie Majeure ကယ်သီဒရယ်သည် လွန်စွာလက်ရာမြောက်လှပါသည်။ အဆိုပါကယ်သီဒရယ်ကို La Major ဟုလည်းခေါ်လေ့ရှိသည်။ မြို့၏အထင်ကရာအမှတ်တညတစ်ခုလည်းဖြစ်သည်။ မြို့၏ဂုဏ်ဆောင်ဘုရားကျောင်းလည်းဖြစ်သည်။ (၁၉) ရာစုကတည်ဆောက်ခဲ့သောဘုရာကျောင်းဖြစ်သည်။ ပြင်သစ်နိုင်ငံအတွင်းအလွန်ကြီးမားသောဘုရားကျောင်းများအနက်တစ်ကျောင်းဖြစ်သည်။ ဤဘုရားကျောင်းကို Byzantine (ဘိုင်ဇန်တိုင်း) ပုံစံတည်ဆောက်ထားသည်။

Myre ရှိစိန့်နီကိုလပ်စ်ဘုရာကျောင်းသည် မြို့အတွင်းရှိဘုရားကျောင်းများအနက်အနှစ်ပေါင်းကြာလှပြီဖြစ်သောဘုရားကျောင်းတစ်ကျောင်းဖြစ်သည်။ အတိအကျဆိုရသော် (၁၈၂၁) တွင်တည်ဆောက်ခဲ့သည်။ ၄င်းသည် ဂရိမဲလ်ခိုက် (Greek Melkite) ခရစ်ယာန်များ၏ဘုရားကျောင်းဖြစ်သည်။ ဤဘုရားကျောင်း၌ အရှေ့တိုင်း၀ိနည်း (Eastern Rite) နှင့်အနောက်တိုင်း၀ိနည်း ( Roman လာတင်း) နှစ်ခုလုံးကိုပေါင်းကူးကျင့်သုံးသောဘုရားကျောင်းအဖြစ်လူသိများသည်။

အထင်ကရလူသိများသောအခြားဘုရားတစ် ဆောင်မှာရသေ့တို့သီတင်းသုံးသော Saint Victor ဖြစ်သည်။ ရှေးအကျဆုံးကက်သလစ်ဘုရားရှိခိုးကျောင်းဖြစ်သည်။ အရှေ့အလယ်ပိုင်းကာလကတည်ဆောက်ခဲ့သည်။ Saint Victor သည်တရားတော်အတွက်အသက်အသေခံခဲ့၍သူ့အားဂုဏ်ပြုခဲ့သည်။ ဘုရားကျောင်းအတွင်ရဟန္တာများစွာ၏ ‘ဓာတ်တော်’ များစွာကိုသေချာစွာထိန်းသိမ်းထားသောဘုရားကျောင်းလည်းဖြစ်သည်။

ပြင်သစ်တော်လှန်ရေးကာလ၌ ဘုရားကျောင်းသည်မရိုမသေ၊ မဖွယ်မရာပြုလုပ်ခံရပြီး ဓာတ်တော်များကိုလည်းမီးတင်ရှိုခံခဲ့ရသည်။ ကြေးထည်များကိုမူယူ၍ ဒဂ်ါးပြားများကိုသွန်ပစ်လိုက်ကြသည်။ ထိုကာလ၌ ဘုရား၏၀တ္ထုပစ္စည်းများနှင့်ဘုရားကျောင်းအား၀တ်ပြုရန်အတွက်အသုံးမပြုတော့ဘဲ ၄င်းတို့စိတ်ကြိုက်အသုံးပြုခဲ့ကြသည်။ တော်လှန်ရေးပြီးဆုံးသွားမှ (၁၉) ရာစုခန့်လောက်၌ပြန်လည်မွမ်းမံ၍အသုံးပြုလာခဲ့သည်။

စိန့်ဗင်းဆင်းဒီပေါလ်ဘုရားကျောင်းသည် (၁၈၅၅-၁၈၅၆) ကာလ၌တည်ဆောက်ခဲ့သည်။ အဆိုပါဘုရားကျောင်းသည် တစ်ချိန်ကဩဂုတ်စတင်းအသင်းရသေ့များ၏ဘုရားကျောင်းကိုပြန်လည်မွမ်းခံထားသော ကျောင်း၀န်းကျင်၌တည်ဆောက်ထားသည်။ သူ၏ကယ်သီဒရယ်သည်အထင်ကရရှိလှသော ခေတ် သစ်ဂေါသစ် ( neo-gothic) ပုံစံဖြစ်သည်။ ဘုရားကျောင်းကြီး၏ယှဉ်လျှက်ရှိသောမျှော်စင်နှစ်ခုမှာမှုမြို့၏ အမှတ် အသားဖြစ်သည်။

သမိုင်း၀င်သောဘုရားကျောင်းများအနက် စိန့်လောရင့်စ်ဘုရားသည် ဆိပ်ကမ်းကိုလှမ်းမျှော်ကြည့်နိုင်သော တောင်ကုန်းပေါ်တွင်တည်ရှိသည်။ သမိုင်း၀င်သည်ဆိုသော်လည်း ဘုရားကျောင်း၏ပုံစံမှာရိုးရှင်း သောပုံစံဖြင့်တည်ဆောက်ထားသည်။ ကျောင်းထိုင်ဘုန်းတော်ကြီးသီတင်းသုံးသောသာသနာနယ်အဖြစ် (၁၃) ရာစုကတည်းဖြစ်ခဲ့သည်။ ထိုဒေသတစ်၀ှိက်၌ ငါးဖမ်းတံငါသည်များနေထိုင်ကြသည်။ ပြင်သစ်တော်လှန်ရေးကာလ၌တစ်ကြိမ်၊ ဒုတိယကမ္ဘာစစ်၌တစ်ကြိမ် ဆိုးရွားစွာထိခိုက်ပျက်စီးသွားခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/Vt5x

Add new comment

4 + 1 =