ရဟန်းဘုန်းတော်ကြီးသည် lockdownကာလမှ သြ၀ါဒများကို မသေချာသောအခြေအနေများတွင် ထောက်ရှုရန် စာအုပ်အဖြစ် ထုတ်ဝေ

ရဟန်းဘုန်းတော်ကြီးသည် lockdownကာလမှ သြ၀ါဒများကို မသေချာသောအခြေအနေများတွင် ထောက်ရှုရန် စာအုပ်အဖြစ် ထုတ်ဝေ

COVID-19ဖြစ်ပွားမှု မြင့်တက်နေသည့် အမေရိကန်ပြည်တွင် တောင်ကာရိုလိုင်းနားပြည်နယ်မှ ရဟန်းတစ်ပါးဖြစ်သူ ဘုန်းတော်ကြီး ဂျက်ဖရီ ကာရ်ဘီသည် ကပ်ရောဂါကြောင့် စိတ်ဒုက္ခရောက်နေသူများအတွက် “Living in Peace”ဟူသော ခေါင်းစဉ်ဖြင့် စာအုပ်တစ်အုပ်ကို ရေးသားထုတ်ဝေခဲ့သည်။

ယခုစာအုပ်သည် lockdownများစတင်ပြုလုပ်နေစဉ်က ပေးခဲ့သော သြ၀ါဒများကို စုစည်းထားခြင်းဖြစ်ပြီး အဓိကအားဖြင့် သခင်ခရစ်တော်အပေါ်တွင် ထားရှိရမည့် မျှော်လင့်ချက်အကြောင်း နှင့် ဒုက္ခအကြီးအကျယ်ရောက်ပြီး အမှောင်ထုထဲ၌ ရုန်းကန်နေရချိန်တွင်ပင် ကျွန်ုပ်တို့သည် သခင်ခရစ်တော်၌ မျှော်လင့်ခြင်းရောင်ခြည်နှင့် ငြိမ်းအေးခြင်းကို ရှာတွေ့နိုင်ကြောင်း ဘုန်းတော်ကြီး ဂျက်ဖရီ ကာရ်ဘီမှ ပြောကြားခဲ့သည်။

ယခုစာအုပ်သည်လည်း လူသားများအား မသေချာ မရေရာသော အခြေအနေများကို ခွန်အားသတ္တိရှိရှိ ကြံ့ကြံ့ခံရင်ဆိုင်နိုင်စေရန် အကူအညီဖြစ်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့သည်။

ဘာသာပြန်-Bro.Patrick Aye Shine Aung

https://bit.ly/3lVKC5y

Add new comment

5 + 9 =