ရဟန်းတော် Ragheed Ganni ကို သူတော်စင် တင်မြှောက်ရခြင်း အကြောင်း ရင်း မှာ ယုံကြည်ခြင်းအတွက် ရဟန်းနှင့် ဓမ္မအာဇာနည် ဖြစ်၍ဟုဆို

ရဟန်းတော် Ragheed Ganni ကို သူတော်စင် တင်မြှောက်ရခြင်း အကြောင်း ရင်း မှာ ယုံကြည်ခြင်းအတွက် ရဟန်းနှင့် ဓမ္မအာဇာနည် ဖြစ်၍ဟုဆို

ဓမ္မအာဇာနည် ဂိုဏ်းချုပ်ဆရာတော်ကြီး Faraj Rahho ​၏ အတွင်းရေးမှူးဖြစ်ခဲ့ပြီး သန့်ရှင်းသောဝိညာဉ် တော်ဘွဲ့ခံဘုရားကျောင်း​၏ ကျောင်းထိုင်ဘုန်းတော်ကြီး Ragheed Ganni ကို ဓမ္မအာဇာနည်အဖြစ် အသတ်ခံခဲ့ရသည် မှာ ၁၅ နှစ်ပင် ကြာခဲ့လေပြီ။ Father Ganni ကို မကြာမီ "သူတော်မြတ်" ဘွဲ့ကို ပေးအပ်တော့မည် ဖြစ်သည်။

Father Ganni သည် အီရတ်နိုင်ငံ Mousul မြို့ သန့်ရှင်းသောဝိညာဉ် တော်ဘုရားကျောင်း ၌ မစ္ဆားတရားတော်ကျင်းပအပြီး ၂၀၀၇ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် အစွန်းရောက်အကြမ်းဖက်သမားများ​၏ အသတ်ခံခဲ့ကြရသည့် ဩဇာလွှမ်းမိုးမှု့ ကြီးမားသော ဓမ္မအာဇာနည်များထဲမှ တပါး အပါအဝင်ဖြစ်သည်။

" ရိုးရှင်းသောစိတ်ဓါတ်နှင့် ယုံကြည်ခြင်း၌စိတ်ထက်သန်ခြင်း " ဆိုသည့်စကားလုံးများသည် Father Ganni ကို ရည်ညွှန်းနိုင်သည်ဟု Erbil မှ ဂိုဏ်းချုပ်ဆရာတော်ကြီး Bashar Warda က ၁၉၉၇ ခုနှစ်တွင် အိုင်ယာလန်နိုင်ငံ၌ Fr. Ganni နှင့်တွေ့စဉ် သူ့ကို ဂုဏ်ပြုပြောကြားခဲ့သည်။ "Love Derg ဂူဗိမာန်တော်သို့ ဆုတောင်းရန် နှင့် အကြံပေးမှုများတောင်းခံရန် လာရောက်ကြသည့် ဘုရားဖူးများကို အစေခံရန် Fr. Ragheed Ganni ကို တောင်းဆိုခဲ့ရာ တွင်လည်း ဖိတ်ခေါ်မှုကို လက်ခံခဲ့ပြီး ဝမ်းမြောက်ခြင်းများစွာကို ကျွန်ုပ်တို့​၏ နှလုံးသားများ ထဲ သို့ ယူဆောင်လာပေးနိုင်ခဲ့ပါသည်" ဟုဆက်လက်ပြောကြားခဲ့သည်။

ဂိုဏ်ချုပ်ဆရာတော်ကြီးWarda ​၏ ပြောကြားချက်အရ ဓမ္မအာဇာနည် father Ragheed သည် လူငယ်များနှင့် အလွန်နီးကပ်သည့် ဆက်ဆံရေးရှိ ကြောင်းနှင့် လူငယ်များကို အစဉ်အမြဲ အဖော်ပြုလျက် သူတို့​၏ ဝိဉာဏ်ရေးရာနှင့် ဘာသာတရားဆိုင်ရာ ဗဟုသုတများ ခိုင်မာလာစေရန် ကူညီပေးပြီး သူတို့ကို စိတ်ခွန်အားပေးရန် လှုပ်ရှားမှု များကိုလည်း လုပ်ဆောင်ပေးခဲ့သည်ဟုဆိုသည်။ " သူ့ရဲ့ ဦးဆောင်မှု့ နှင့် လူငယ်များနှင့် နီးစပ်ခြင်းကို အလွန်ပင် လေးစားပါကြောင်း သူက ဖခင်တယောက်၊ ညီအကိုတယောက် နှင့် သူတို့ အားလုံးအတွက် ပညာပေးသူတယောက်လည်း ဖြစ်ကြောင်း " ဆရာတော်ကြီးမှ ထပ်လောင်းပြောကြားခဲ့ပါသည်။

Father Ragheed Ganni ၏ ဘဝ အတ္ထုပတ္တိ

Father Ragheed ကို Mosul မြို့တွင် ၁၉၇၂ ခုနှစ် တွင် မွေးဖွားခဲ့၍ ထိုဒေသ၌ပင်
တက္ကသိုလ်ပညာဆည်းပူးခဲ့ပြီး မြို့ပြအင်ဂျင်နီယာ ဘွဲ့ကို ရရှိခဲ့သည်။ သူသည် အသင်းတော်ကြီးကို ငယ်စဉ်ကတည်းကပင် ချစ်မြတ်နိုးပြီး ဝတ်ပြုကိုးကွယ်ခြင်း အခမ်းအနား
ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် သီချင်းသံစဉ်များကို လေ့လာသင်ယူခဲ့သည်။ သူ​၏ဘဝကို
လည်း အသင်းတော်အတွက် မြင့်မြတ်သော ရဟန်းတပါးအနေနှင့် ဆက်ကပ်ရန် ဆုံးဖြတ်ခဲ့
သည် ။ ထို့ကြောင့် ဆရာတော်ကြီး Georgios Jarmo က သူ​၏ ရဟန်းဘဝ အခြေခံ လေ့လာမှု့ဘဝ စတင်ရန် ရောမမြို့သို့ ၁၉၉၆ ခုနှစ်တွင် စေလွှတ်ခဲ့သည်။ သူသည် အိုင်ယာလန်အခြေပြု တက္ကသိုလ်၌ သင်ယူခဲ့ပြီး ဓမ္မသင်္ဂြိုဟ်ပညာရပ်ကိုမူ the Pontifical University of St.Thomas Aquinas - Angelicum တွင် ဆက်လက်ဆည်းပူး သင်ယူခဲ့သည်။

သူ​၏ ပြင်းပြ သောစိတ်ဆန္ဒမှာမူ ၂၀၀၃ ကတည်းက အစွန်းရောက် အစ္စလမ်မစ် အုပ်စုများ​၏ နှိပ်စက်ညှင်းပမ်းခြင်းကြောင့် ဆင်းရဲဒုက္ခရောက် နေကြသည့် မိမိ မွေးရပ်မြေ Mosul မှ ယုံကြည်သူများနှင့် အသင်းသားများကို အစေခံရန်ပင် ဖြစ်သည်။ သူ​၏ ဆန္ဒပြည့်စုံရန် ဖြည့်ဆည်းခံရချိန်တွင် Mosul မြို့သို့ ပြန်လာခဲ့ပြီး ထိုဒေသခံများကို အစေခံ ခဲ့သည့် အပြင် ဘာဘီလုံ ဒဿနိကဗေဒ နှင့် ဓမ္မသင်္ဂြိုဟ် ကောလိပ်တွင် ၂၀၀၄ ခု နှစ်၌ သင်ကြားပို့ချ ပေးနိုင်ခဲ့သည်။

ဤအတောအတွင်းကာလများ တွင် Mosul မြို့ကြီးသည် ခြိမ်းခြောက်ခံရမှုများ၊ပြန်ပေးဆွဲမှုများ ၊ ခရစ်ယာန်များကို သတ်ဖြတ်ခြင်း များအပြင် များစွာသောဘုန်းကြီးကျောင်းများနှင့် ဘုရားကျောင်းများ ဗုံးကြဲတိုက်ခိုက်ခံရမှု့များ အပြင်းအထန် ခံစားနေခဲ့ရသည်။ လူပေါင်းများစွာတို့သည်လည်း ခိုလှုံရန်နှင့် လွတ်မြောက်ရန်အတွက် အီရတ်နိုင်ငံ မြောက်ပိုင်းကျေးရွာများနှင့် အခြားမြို့ကြီးများ ဆီသို့ ထွက်ပြေးရန် တွန်းအားပေးခံခဲ့ကြရသည်။ မိသားစုများစွာတို့ သည်လည်း သူတို့​၏ ဘဝ နှင့် ဘာသာရေး ယုံကြည်ချက်တို့ကို ခြိမ်းခြောက်မှု့ တို့ကြောင့် အခြား နိုင်ငံများသို့ ပြောင်းရွှေ့နေထိုင်ရန် တွန်းအားပေးခံခဲ့ကြရသည်။

Father Ragheed အတွက်မူ ထိုစိန်ခေါ်မှုများသည် အတားအဆီးများ မဟုတ်ပေ သူသည် သာသနာအုပ်စုအတွင်းရှိ ဘုရားကျောင်းအသီးသီးတွင် မစ္ဆားပူဇော်ခြင်းများနှင့် သိုးထိန်း
လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်နေခဲ့ပြီး စိန်ခေါ်မှု အပြင်းထန်ဆုံးသော အချိန်မှာပင်မူ ဘုရားကျောင်းရှိ ကလေးသူငယ်များအတွက် အကျင့်စာရိတ္တ နှင့် ဝိညာဉ်ရေးဆိုင်ရာ
အထောက်အပံ့ များကိုဖြည့်ဆည်းလုပ် ဆောင်ပေး ခဲ့ပေသည်။

Father Ragheed ပြောလေ့ရှိသည့်စကားမှာ " အကြမ်းဖက်သမားတွေက ကျွန်ုပ်တို့ရဲ့ ဘဝတွေကို အဆုံးသတ်စေချင်သော်လည်း ကိုယ်တော်မြတ်စက္ကရင်မင်တူးက ကျွန်ုပ်တို့ကို အသက်ပေးပါတယ်၊ ကာလစ်ခွက်ကို ကျွန်ုပ်လက်နဲ့ ကိုင်မြှောက်၍" ဤအရာသည်ကား လောကအပြစ်ကို ချွတ်တော်မူပေသောဘုရား​၏သိုးတော်ပင်တည်း ဟု" ရွတ်ဆိုသည့်အခါတွင် ကိုယ်တော်ရှင်​၏ ခွန်အားတော်သည် ကျွန်ုပ်အပေါ် လွှမ်းခြုံ ကြောင်းခံစားရသည်၊ ကျွန်ုပ်က ကာလစ်ခွက်ကိုသာ ကိုင်ရသူဖြစ်ပြီး ကိုယ်တော်ရှင်မှာမူ ကျွန်ုပ်တို့အားလုံးကို ဆုပ်ကိုင်ထားတော်မူပေသဖြင့် အကြမ်းဖက်သမားများကို ခုခံကာကွယ်နိုင်ပြီး သူ​၏ အဆုံးမဲ့သော ချစ်ခြင်း မေတ္တာတော်၌ စုစည်းပေးထားပါသည်ဟု" ဖြစ်သည်။

Father သည် သူနှင့်နီးစပ်သူများနှင့် စကားပြောသည့်အခါတိုင်း အထူးအလေးပေး ပြောကြားလေ့ရှိသည်မှာ "သူသည် ခရစ်တော်​၏ နာမတော်အားဖြင့် သတင်းကောင်းကို ဆက်လက် ဖြန်ဝေရန် ဆက်ကပ်ထားပြီး ၊ အကြမ်းဖက်သမားများမှာမူ ဝိညာဉ်ရေးရာကို ခြိမ်းခြောက်ခြင်း(သို့) ကျွန်ုပ်တို့​၏ ခန္ဓာကိုယ် ကို သတ်ရန်များကိုသာ တွေးနေကြသည်၊ များစွာသော ခရစ်ယာန်မိသားစုများသည်လည်း ထွက်ပြေးနေကြရပြီး ကျွန်ုပ်တို့သဘောပေါက်နားလည်လာကြသည်မှာ အကြမ်းဖက်နှိပ်ဆက်မှုများ အားဖြင့် သေခြင်းကို ရှင်ပြန်ထမြောက်ခဲ့သည့်ခရစ်တော်ရှင်က အသက်ပေးနေခြင်းပင် ဖြစ်သည်" ဟူ၍ပင်ဖြစ်သည်။ ဤသတင်းစကားက ကျွန်ုပ်တို့ကို မျှော်လင့်ချက်နှင့် နေ့စဉ်ရှင်သန်ရန် အကူအညီးပေး နေပါသည်။

အသင်းတော်​၏ လူငယ်များကို Fr.Ragheed မှ ဦးဆောင်လျက် လှုပ်ရှားမှု မျိူးမျိူး ကို ဆက်လက်လုပ်ဆောင်နေသဖြင့် ခြိမ်းခြောက်မှု များသည် ကိုယ်တော် ထံသို့ ဦးတည်လာပါတော့သည်။ သူ​၏ သာသနာကိုစီမံခန့်ခွဲလှုပ်ရှား မှု များသည် Mosul ရှိအကြမ်းဖက်အုပ်စုများကို ဒေါသ ပေါက်ကွဲ စေပြီးအသတ်ခံရမည်ဟု ခြိမ်းခြောက်မှု များ ထွက်ပေါ် လာပါတော့သည်။

ဇွန်လ ၂၇ ရက် နှစ်​၏တတိယအကြိမ်မြောက် တနင်္ဂနွေနေ့ တွင် မစ္ဆားတရားတော်မြတ်ကို ဒီကင် သုံးပါးဖြစ်သည့် Basman Yusef Daoud ၊ Waheed Hanna Isho ၊ Ghassan Essam Bidawidတို့နှင့် အတူ ပူဇော်အပြီးတွင်မူ သူ့ကို အကြမ်းဖက်သမားများခဲ့ ဖမ်းဆီးခဲ့တော့သည်။

ထိုအချိန်တွင် အကြမ်းဖက်သမားများကသူ့ကို မေးသည်မှာ " ငါတို့က မင်းကို ဘုရားကျောင်းမဖွင့် ဖို့ ပြောခဲ့တယ်မဟုတ်လား" ။ သူပြန်ဖြေတာကတော့ " ငါ့အနေနဲ့ဘယ်လိုလုပ်ပြီး ဝတ်ပြုကိုးကွယ်သူတွေ ရှေ့မှောက် မှာ ဘုရားရှင်ဲ့ အိမ်တော်ကို ပိတ်လို့ ဖြစ်မလည်း" ဟုပင်ဖြစ်သည်။

ဤစကားလုံးများသည်ကား ခရစ်တော် နှင့် အသင်းတော်အတွက်ဓမ္မအာဇာနည် တဦး ဖြစ်မလာမီ နေ့များက father Ragheed နောက်ဆုံး ရွတ်ဆိုခဲ့သည့် စကားလုံးများပင်ဖြစ်တော့သည်။

Father Ganni ​၏နောက်ဆုံး ဆုတောင်း

အစ္စလာမ်မစ်အကြမ်းဖက်များ အနေ့နှင့် သူ့ကို အသက်ရှင်သန်ခွင့် ပေးတော့မည်မဟုတ် ကြောင်း Father Ragheed သိပြီးဖြစ်သည့် အကြောင်းမှာ သူက ထိုသူတို့​၏အမိန့်ကို မနာခံဘဲ Mosul တွင် ဆက်လက်၍ မစ္ဆားတရားများ ကျင်းပနေခြင်းကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် ၂၀၀၆ ခု အောက်တိုဘာ ၁၂ ရက်နေ့တွင် father သည် သူ​၏ နောက်ဆုံး မေတ္တာကိုရေးသားခဲ့သည်။

"အိုသခင် ,ထိုသူတို့သည် ကျွန်ုပ်​၏ ဆုတောင်းမေတ္တာကိုဂရုပြုမည်မဟုတ်ပါ
သို့သော် လူတိုင်းက အကျွန်ုပ်ကို အကောင်းမြင်ဝါဒီသမားဟု ရှု့မြင်ကြစဉ်
ဤဆုတောင်းသည် အဆိုးမြင် မေတ္တာတခု ဖြစ်ခဲ့ရပါသည်။

ထိုသူတို့သည် ခဏတာမေ့ကောင်းမေ့နေခဲ့ကြပါလိမ့်မည် ၊
ကျွန်ုပ်သည့် အဘယ့်ကြောင့်များ အကောင်းမြင်တတ်သူ ဖြစ်နေပါလိမ့်ဟုပင်
ထိုသူတို့ တွေးတောခဲ့ကြပါ​၏။ အခက်ခဲဆုံးအချိန်ကာလများ၌ပင် ကျွန်ုပ် ပြုံးနေသည် ပို၍ပင်ရဲရင့်ပြီး ပို၍သန်မာခဲ့ ကြောင်း သူတို့တွေ့မြင်ခဲ့ရသည်။

ကျွန်ုပ်ရှင်သန်ခဲ့ရသည့် ခက်ခဲချိန်များနှင့် ဖြတ်သန်းခဲ့ရသည့် ဒုက္ခများကို သူတို့ သတိရကြသောအခါ ကျွန်ုပ်သည် အားနည်းသူပင်ဖြစ်ပြီး ကိုယ်တော်သည်သာ တတ်စွမ်းနိုင်ကြောင်း ကျွန်ုပ်သည် ကွဲအက်ထိရှလွယ်ကြောင်း ကိုယ်တော်သည်သာ သန်မာကြောင်း သင် ဖော်ပြခဲ့ပါသည် အရှင်

ကျွန်ုပ်​၏ မျှော်လင့်ချက်များသည် ကိုယ်တော်ရှင်​၏ မိန့်မှာချက်များပင်ဖြစ်ကြောင်း
သူတို့သိလာပါလိမ့်မည် အကြောင်းမှာ သင့်ကို ကျွန်ုပ်သိရှိပြီး ကျွန်ုပ်​၏ အကောင်းမြင်ခြင်းများ​၏ အကြောင်းတရားသည်လည်း ကိုယ်တော်သာလျှင် ဖြစ်ခဲ့သောကြောင့်ပင်တည်း
ကျွန်ုပ်​၏ သေခြင်းတရား နီးကပ်လာသည့် အချိန်၌ ပင် ကျွန်ုပ်ကို ယခုပင်ကိုယ်တော် အတူရှိခွင့် ပြုပါသည် အရှင်မျက်မှောက် ၌ ထားရှိတော်မူပါ။ ကျွန်ုပ်ထက် ကိုယ်တော်ရှင်သည် ပို၍သိမြင်တော်မူပါသည်။

ကျွန်ုပ်သည် လူသားတဦး ဖြစ်သည့်အလျောက် အားနည်းကြောင်းသိရှိပါသည်။
ကျွန်ုပ်​၏ရဟန်းဘဝကို မည်သူမျှ တားဆီးနှောက်ယှက်ခြင်း မပြုနိုင်စေရန်
ကိုယ်တော်သည်သာ ကျွန်ုပ်​၏ ခွန်အားသတ္တိ ဖြစ်စေတော်မူပါ
မိမိအသက်အတွက် ကြောက်ရွံ့သောကြောင့် လက်လျော့အရှူံးပေးပြီး
ခွန်အားနည်းပါးသူ မဖြစ်စေရန် ကူညီစောင်မတော်မူပါ။

အကြောင်းမှာ, ကိုယ်တော်ရှင့်အတွက် မိမိ​၏အသက်ကို ပေးလိုပါသည်
ကိုယ်တော်ရှင်၌သာ တည်နေလို တော်မူ ပါသည်
ကိုယ်တော်ရှင် နှင့် တွေ့နိုင်ရန် ယခု ကျွန်ုပ် အဆင်သင့်ဖြစ်ပါပြီ
စုံစမ်းနှောက်ယှက် ချိန်၌ မကျရှူံးစေရန် ကူညီစောင်မတော်မူပါ
ကျွန်ုပ်သည် လူသားများကို သိရှိသကဲ့သို့ ကိုယ်တော်ရှင်ကိုလည်း သိရှိကြောင်း ကျွန်ုပ် မြွက်ဆိုပါ​၏။

"အို, ကျွန်ုပ်​၏ ခွန်အားဗလ,ကျွန်ုပ်​၏ စွမ်းဆောင်ရှင် , ကျွန်ုပ်​၏မျှော်လင့်ရာ အရှင်"

အာဗီအေဘာသာပြန်-မာကုစ်ညီညီထွန်း

https://bit.ly/3T6mZJw

Add new comment

12 + 6 =