ရဟန်းတစ်ပါးဖြစ်လာရန်သင်ပြညွှန်ကြားရာ၌ ဧ၀ံဂေလိအမှုတော်ဆောင်လိုစိတ်ကိုသွင်းပေးရန်အရေး ကြီကြောင်း ပုပ်ဖရန်စစ်မိန့်ကြား

ရဟန်းတစ်ပါးဖြစ်လာရန်သင်ပြညွှန်ကြားရာ၌ ဧ၀ံဂေလိအမှုတော်ဆောင်လိုစိတ်ကိုသွင်းပေးရန်အရေး ကြီကြောင်း ပုပ်ဖရန်စစ်မိန့်ကြား

ရဟန်းတစ်ပါးဖြစ်လာရန်မှာ ဧ၀ံဂေလိအမှုတော်ဆောင်ရန်စိတ်အားထက်သန်မှုရှိရန်လိုအပ် ကြောင်းရဟန်းမင်းကြီးဖရန်စစ်က လာတင်းအမေရိကားမှရဟန်းဖြစ်သင်တန်းကျောင်းများ၏ကျောင်း အုပ်များနှင့်ပြုပြင်ညွှန်ကြားပေးသူများနှင့်တွေ့ဆုံခဲ့သော နို၀င်ဘာ (၁၀) ရက်နေ့ကမိန့်ကြားခဲ့သည်။

အနာဂတ်သိုးထိန်းဖြစ်လာမည့် ရဟန်းတော်များအားပြုပြင်သင်ပြရာတွင် ဧဝံဂေလိတရားသည် နှလုံးသဲ ပွတ်ဖြစ်သည်။ သင်ကြားပြုပြင်ရာတွင် လူသားအားနည်းချက်နှင့်ဘုရားသခင်၏မစခြင်းကောင်းကြီးနှစ် ပါးလုံးကိုအသိအမှတ်ပြုပြီး ရဟန်းလောင်းကျောင်းသားများကို ယုံကြည်ခြင်းနှင့်ကိုယ်ကျင့်တရား၌ရင့် ကျက်အောင် ယေဇူးသခင်၏ခြေတော်ရာကိုလိုက်စေရမည်ဖြစ်သည်။

လက်ရှိ၌ရဟန်းလောင်းကျောင်းသားများသည် အနားဂတ်၌ဘုန်းတော်ကြီးများဖြစ်ပြီး ဘ၀တူတပည့်တော်များဖြစ်ကြောင်း၊ ထို့အတူသာမန်ဘာသာတူခရစ်ယာန်များသည်လည်း ထို့အတူပင်ဖြစ် ကြောင်း၊ ထို့ကြောင့်လူသားတစ်ဦး၏လိုအပ်ချက်နှင့်အားနည်းချက်များကိုထောက်၍ သင်ကြားပြုပြင် သည့်အပိုင်ကိုပြုလုပ်ရမည်ဖြစ်ကြောင်းမိန့်ကြားခဲ့သည်။

ကျောင်းအုပ်များနှင့်ပြုပြင်ညွှန်ကြားပေးသူများအနေဖြင့် ရဟန်းမင်းကြီး၏လက်အောက်ရှိ သံဃာတော်များဆိုင်ရာရုံးတော်မှ ကြီမှူးကျင်းပသော အစည်းအ‌ဝေးကိုတက်ရောက်နေကြခြင်းဖြစ် သည်။ ရဟန်းလောင်းတို့၏ ‘ထူးခြားသော၊ တစ်သားတည်း ကျသော၊ အစုအဖွဲ့နှင့်သာသနာပြုခြင်း’ ကို ဦးတည်နေသည်ဖြစ်ရာ ဆက်လက်ပြင်ဆင်သင်ကြားခြင်းလမ်းညွှန်လက်ဆင့်ကမ်းလုပ်ဆောင်သင့်သည်။ အစုအဖွဲ့နှင့်စပ်လျင်း၍ သာသနာတစ်ခုအတွင်းမှသာမဟုတ်။ နီးစပ်ရာသာသနာများ၊ ခရိုင်အလိုက်၊ နယ်မြေအလိုက်စီဆင်၍ ပိုမိုဆက်ကပ်လုပ်ဆောင်ရမည်ဖြစ်သည်။ ကျောင်း၌လည်း လုံလောက်သော ပြုပြင်သင်ကြားပေးသည့်ဦးရေလည်းရှိရမည်။ ရဟန်းဖြစ်သင်ကျောင်းသည် အမှန်တကယ်အစုအဖွဲ့စိတ် ဓာတ်ကိုပြုပြင်သင်ကြားပေးသည့်နေရာဖြစ်ရမည်ဟုဆိုသည်။

ပြုပြင်သင်ကြားပေးသော ရဟန်းတော်များ၏အပိုင်းသည်လည်းအရေးကြီးကြောင်း၊ မိမိတို့၏ပုံ သက်သေကောင်းများ၊ ပြောဆိုဆုံးမမှုများဖြင့်သင်ကြားပေးရန်၊ အဘယ်ကြောင့်ရင့်ကျက်ရန်လိုသနည်းဟုမူ အခြေခံအုတ်မြစ်ဖြစ်သည်။

သင်ကြားလမ်းညွှန်သူများအနေဖြင့် ယေဇူသခင်၏အသက်ကိုထပ် တူပြုရန်၊ ၄င်းတို့၏နားထောင်နိုင်စွမ်းနှင့်ဆွေးနွေးညှိုနှိုင်းနိုင်စွမ်းတို့သည် ၄င်းတို့၏ဘုရားသခင်နှင့်ပေါင်းစပ် နိုင်ခြင်းနှင့်ဆက်စပ်နေကြောင်း၊ ကျောင်းအုပ်များအားလည်း ပြုပြင်သင်ကြားပေးသောလုပ်ဖော်ဆောင် ဖက်တစ်ဦးစီအားလည်းဂရုစိုက်ပေးရမည်ဖြစ်ကြောင်း၊ အမှုတော်ဆောင်ရာ၌ လိုအပ်ချက်များ၊ ဖြစ်စေလို သောအခြေအနေများကို ပွင့်လင်းရိုးသားစွာတိုင်ပင်ဆွေးနွေးမှုများရှိရမည်ဖြစ်ကြောင်း၊ အမှုတော်ထမ်းရာ၌ တွေ့ကြုံရသောအခက်အခဲများကိုကူညီဖြေရှင်းပေးရမည်ဖြစ်ကြောင်း၊ သာသနာကြီးတစ်လုံး၏ ကိုယ်စား ရဟန်းမင်းကြီးက အနာဂတ်သိုးထိန်းများမွေးထုတ်ပေးခြင်းခြင်းလည်းဖြစ်ပြီး၊ တစ်နေ့တစ်ချိန် ၌သာသနာအမှုတော်ဆောင်ဖက်များလည်းဖြစ်လာမည့်သူများအတွက် ဆက်ကပ်လုပ်ဆောင်နေသောရဟန်းလောင်းကျောင်းများ၏ကျောင်းအုပ်ကိုလည်းကောင်း၊ ပြုပြင်သင် ကြားပေးသူများအားလုံးကိုလည်းကောင်း ကျေးဇူးတင်ပါကြောင်း၊ သာသနာပိုင်ဆိုင်တော်များနှင့်ပူးပေါင်းပြီး လမ်းညွှန်ချက်ကိုခံယူ လုပ်ဆောင်ခြင်းသည် တစ်နေ့သ၌ ဧ၀ံဂေလိကွန်ယှက်ဖြင့် လူကိုဖမ်းသောတံငါသည်အစစ်အမှန်ကိုဖမ်း မိနိုင်ကြပေလိမ့်မည်ဖြစ်ကြောင်းအားပေးတိုက်တွန်းလမ်းညွှန်ပေးခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3tD6xoE

Add new comment

6 + 0 =