ရဟန်းသိက္ခာခံယူပြီး ၂၅ ရက် တွင် ကင်ဆာရောဂါဖြင့်ပျံလွန်

ဘုန်းတော်ကြီး Michal Los

ရဟန်းသိက္ခာခံယူပြီး ၂၅ ရက် တွင် ကင်ဆာရောဂါဖြင့်ပျံလွန်
ဇွန်လ ၁၇၊ ၂၀၁၉

ပိုလန် နိုင်ငံ ဝါဆောမြို့မှ မျှော်မြင်ခြင်း၏ သားများ (Sons of Divine Providence) အသင်းဂိုဏ်းဝင် ကင်ဆာရောဂါ နောက်ဆုံးအဆင့်ခံစားနေရသူ ဘုန်းတော်ကြီး Michal Los သည် ၂၀၁၉ ဇွန်လ ၁၇ မနက်ပိုင်းက ပျံလွန်တော်မူခဲ့ပါသည်။

ဘုန်းတော်ကြီး Michal Los သည် ပိုလန်နိုင်ငံတောင်ပိုင်း Dabrowa Tarnowska တွင်မွေးဖွားခဲ့ပါသည်။ ရဟန်းဖြစ်သင်ကျောင်းတွင် ရဟန်းတို့တပ်အပ်သည့် ပညာများစည်းပူးနေစဉ် ဆရာဝန် ဆေးစစ်ချက်အရ ကင်ဆာရောဂါ အဆင့်လေး ခံစားနေရကြောင်း သိရှိခဲ့ရပါသည်။ ကင်ဆာရောဂါ အခြေအနေ သိရှိရပြီးနောက် သူ့တသက်တာတွင် မေစ္ဆားတရား ဟောခွင့် မရတော့မည်ကို စိုးရိမ်နေခဲ့ပါသည်။ သို့သော် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ကင်ဆာရောဂါ နောက်ဆုံးအဆင့်ခံစားနေရသူ ဘရာလ်​သာ Michal Los အား ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ အထူးအခွင့်အရေးအဖြစ် ၂၀၁၉ ခု မေလ ၂၄ ရက်နေ့က ပိုလန်နိုင်ငံ ဝါဆောမြို့ ဆေးရုံကုတင်ပေါ်တွင် ဦးပဉ္စင်း သိက္ခာ နှင့် ရဟန်းသိက္ခာတို့ကို တစ်ခါတည်း ပေးရန် ခွင့်ပြုပေးခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ အထူးအခွင့်အရေးပေးသည့် စာကို အသင်းဂိုဏ်​အကြီးအကဲ ဘုန်းတော်ကြီး Tarcisio Vieira ထံသို့ပေးပို့ခဲ့ပါသည်။ ၂၀၁၉ ခု မေလ ၂၄  ရက်နေ့တွင် ဘရာလ်​သာ Michal Los အား ပိုလန်နိုင်ငံ ဝါဆော Praga သာသနာပိုင် ဆရာတော်မှ ဝါဆောမြို့ ဆေးရုံကုတင်ပေါ်တွင် ဦးပဉ္စင်း သိက္ခာ နှင့် ရဟန်းသိက္ခာတို့ကို တစ်ခါတည်း ပေးအပ် တင်မြှောက်ခဲ့ပါသည်။

ရဟန်းသိက္ခာ မခံယူမှီ တရက်အလိုတွင် တသက်တာ Orionine အသင်းဂိုဏ်းဝင် အဖြစ် တစ်သက်သစ္စာ ခံယူခဲ့ပါသည်။ ၂၀၁၉ ခု မေလ ၂၅ ရက်နေ့တွင် သူ၏ ပထမ မေစ္ဆားတရား ကို ဆေးရုံကုတင်ပေါ်တွင် ပူဇော်ခဲ့ပါသည်။ ယင်း မေစ္ဆားတရား တွင် သခင်ခရစ်တော်အပေါ်မှာ ထားရှိသော ငါ၏ ချစ်ခြင်းမေတ္တာ ကို မည်သည်အရာကမှ မခွဲခွာနိုင်ဟု ဘုန်းတော်ကြီး Michal Los မှ ပြောကြားခဲ့ပါသည်။

ဘုန်းတော်ကြီး တစ်ပါး၏ ဘဝ အသက်တာအဖြစ် သခင်ခရစ်တော်ကို အစေခံခြင်ခဲ့သော ဘုန်းတော်ကြီး Los သည် ရှင်ပြန်ထမြှောက်တော်မူသော သခင်ခရစ်တော်နှင့် တွေ့ဆုံနေမည့်ဆိုတာ ကျွနု​ပ်တို့ယုံကြည်ပါသည်။ သင်တို့၏ ဆုတောင်းမေတ္တာ ပို့သမှူ့များ၊ အကူအညီအထောက်အပံ့များအတွက် ကျေးဇူးတင်ပါသည် ဟု သူ၏ အသင်းဂိုဏ်းမှ ဖော်ပြထားပါသည်။

https://bit.ly/2WQhepH

#priest, #die, #peterkm,
Photo credits to CBCP news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

7 + 1 =