ရဟန်းဝါတော် သုံးဝါသာရှိသေးသည့် ကွန်ဂို နိုင်ငံသား သာသနာပြု ဘုန်းတော်ကြီး အသတ်ခံရ

အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်းနှင့် ဘာသာတရားသင်ကြားခြင်း

ရဟန်းဝါတော် သုံးဝါသာရှိသေးသည့် ကွန်ဂို နိုင်ငံသား သာသနာပြု ဘုန်းတော်ကြီး အသတ်ခံရ
မေလ ၂၂၊ ၂၀၁၉

၂၀၁၉ ခု မေလ ၁၉ ရက် တနင်္ဂနွေနေ့ က မိုဇမ်ဘစ် နိုင်ငံ ဘီးရာ Beira ကမ်းခြေ မြို့​လေးတွင် ကက်သလစ်ဘုန်းတော်ကြီး တစ်ပါး ချွန်ထက်သော အရာတစ်ခုဖြင့် ထိုးသတ်ခြင်း ခံခဲ့ရပါသည်။

ကွန်ဂို နိုင်ငံသား ၂၀၁၆ ခုနှစ်က မှ ရဟန်းသိက္ခာခံယူထားသော အသက် ၃၄ နှစ်သာရှိသေးသည့် မယ်တော် နှင့် သခင် ခရစ်တော် ရွှေနှလုံးတော်​​အသင်းဂိုဏ်းဝင် ဘုန်းတော်ကြီး လန်ဒရီ အီဘီး အီခွာလ် Ibil Ikwel သည် သူ၏ အသင်းဂိုဏ်း နေအိမ်တွင် တနင်္ဂနွေနေ့က ချွန်ထက်သော အရာဖြင့် ထိုးသွင်းခံရထားရလျှက် တွေရှိခဲ့ပြီး ဆေးရုံသို့ပို့ဆောင်စဉ်သေဆုံးသွားကြောင်း ဖော်ပြထားပါသည်။ ဘုန်းတော်ကြီး အသတ်ခံရမူကို စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း ကိုလည်းဖော်ပြထားပါသည်။

ဘုန်းတော်ကြီး လန်ဒရီ အီဘီး အီခွာလ် Ibil Ikwel သည် မျက်မမြင်များ လူမှုဘဝမြှင့်တင်ရေး၊ ပြုပြင်ထိန်း​သိမ်းရေး နှင့် ပညာသင်ကြားပေးရေး ကျောင်းတွင် တာဝန်ခံ ဒါရိုက်အဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပါသည်။ သူ၏ အသင်းဂိုဏ်း ဝင်များမှလည်း သူ၏ သေဆုံးခြင်းအတွက် ဝမ်းနည်ကြေကွဲရကြောင်း ထုတ်ဖော်ခဲ့ကြပါသည်။

အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်းနှင့် ဘာသာတရားသင်ကြားခြင်း တွင် အသက်းတော်အတွက် အသက်ပေးနေကြသော ဓမ္မအာဇာနည်းများ အတွက်နှင့် ညှင်းပန်းနှိပ်စက်ခံနေရသော သာသနာတော် အတွက် ဆုတောင်းပေးကြဖို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ တောင်းဆိုခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2019-05/pope-francis-missionary-sister-killed-priest-mozambique.html

#religiuos, #ptiests, #killed, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

6 + 2 =