Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ရဟန်းမင်း အမတ် ကာဒီနယ် ပေါလ်လို အန်ဂျေလို ဆာဒီ (Paolo Angelo Sardi) ပျံလွန်တော်မူခြင်းအတွက် ရဟန်းမင်းကြီးမှ ဝမ်းနည်းသဝဏ်လွှာပေးပို့
ရဟန်းမင်း အမတ် ကာဒီနယ် ပေါလ်လို အန်ဂျေလို ဆာဒီ (Paolo Angelo Sardi) ပျံလွန်တော်မူခြင်းအတွက် ရဟန်းမင်းကြီးမှ ဝမ်းနည်းသဝဏ်လွှာပေးပို့
ဇူလိုင်လ ၁၄၊ ၂၀၁၉
ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ပေးပို့သော ဝမ်းနည်းသဝဏ်လွှာတွင် ကာဒီနယ် ပေါလ်လို သည် ရဟန်းမင်းကြီး ရုံးတော်၏ အရေးကြီးသော အခန်းကဏ္ဍတွင် ပေးဆပ်လုပ်ကိုင်ခဲ့မှူ့အပေါ်ကျေးဇူးတင်ကြောင်း နှင့် ရဟန္တာ ရဟန်းမင်းကြီးများဖြစ်ကြသော ဆဌမမြောက် ပေါလ်၊ ပထမမြောက် ဂျွန်ပေါလ် ဒုတိယမြောက် ဂျွန်ပေါလ် တို့နှင့် လက်ရှိ အနားယူထားသော ပုပ်ရဟန်းမင်းကြီး ဘက်နဒက် ၁၆ တို့နှင့် အတူ လက်တွဲပြီး အသင်းတော်၏ အရေးကြီးသော ကဏ္ဍဖြစ်သည် သင်ကြားခြင်း၊ သမ္မာကျမ်းစာ အနက်ဖွင့်ခြင်း လမ်းညွှန်ချက်များ ကို ကြီးမားစွာ ပေးဆပ်လုပ်ကိုင်ခဲ့သူ တစ်ဦးဖြစ်ပြီး သူ၏ ကိုယ်ပိုင် ဆောင်ပုဒ် ဖြစ်သော (esto Vigilans = Be Watchful) အမြဲ အဆင်သင့် ဟူသော ဆောင်ပုဒ်နှင့် ကိုက်ညီစွာ ရှင်သန်နေထိုင်ခဲ့သူတစ်ဦးဖြစ်ကြောင်း ဖော်ပြခဲ့ပြီး နိဂုံချုပ် အနေနှင့် မယ်တော်သခင်မ ၏ ကူညီစောင်မမှူ့၊ ရဟန္တာ သူတော်သူမြတ်များ၏ ကာကွယ်စောင့်ရှောက်ပေးမှူ့ဖြင့် ပေါလ်လို အန်ဂျေလို ဆာဒီ သည် ကောင်းကင်နိုင်ငံ စားသောက်ပွဲတွင်ကြိုဆိုခံနေရမည်ဟု ယုံကြည်ကြောင်း ဖော်ပြခဲ့ပါသည်။
ရဟန်းမင်း အမတ် ကာဒီနယ် ပေါလ်လို အန်ဂျေလို ဆာဒီ (Paolo Angelo Sardi)သည် ၂၀၁၉ ခု ဇူလိုင်လ ၁၃ ရက် နေ့တွင် သက်တော် ၈၄ နှစ်တွင် ပျံလွန်တော်မူခဲ့ပါသည်။ ပေါလ်လို အန်ဂျေလို ဆာဒီကို အီတလီနိုင်ငံမြောက်ပိုင်း Acqui သာသနာနယ် မြို့လေးတစ်မြို့တွင် ၁၉၃၄ ခု စက်တင်ဘာလ ၁ ရက်နေ့က အီတလီလူမျိုး မိသားစုမှ မွေးဖွားခဲ့ပါသည်။ ၁၉၅၈ ခု နှစ်တွင် ရဟန်းသိက္ခာ ခံယူခဲ့ပြီး ၂၀၁၀ တွင် ကာဒီနယ်အဖြစ် တင်မြှောက်ခံခဲ့ရကာ သုံးနှစ်အတွင်း ရဟန်းမင်းကြီး ရွေးချယ်တင်မြှောက်ရေး အဖွဲ့ဝင်အဖြစ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ခန့်အပ်ခံခဲ့ရသူ ဖြစ်ပါသည်။
By Kyi Maung
Photo credit to Vatican News
https://bit.ly/30BCsp4
Add new comment