ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏ စာချွန်တော် Laudato si ၏ လမ်းညွန်ချက်အတိုင်း မြန်မာပြည် ကက်သလစ် သာသနာတော်မှ သစ်ပင်စိုက်ပျိုး ခြင်း

ရန်ကုန် တိုက်ကြီးမြို့နယ် အစိုးရ ထိန်းသိမ်း သစ်တော ဧရိယာအတွင်း ဇူလိုင်လ ၆ ရက်နေ့က သစ်ပင် ၂၀၀၀ နည်းပါး စိုပျိုးခဲ့ကြ

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏ စာချွန်တော် Laudato si ၏ လမ်းညွန်ချက်အတိုင်း မြန်မာပြည် ကက်သလစ် သာသနာတော်မှ သစ်ပင်စိုက်ပျိုး ခြင်း
ဇူလိုင်လ ၉၊ ၂၀၁၉

မြန်မာပြည် ရဟန်းမင်းအမတ် ကာဒီနယ် ချာစ် ဘို၊ ရန်ကုန်တိုင်းတိုင်းမူး ဦးဖြိုးမင်းသိန်း၊ ကက်သလစ် ကရုနာရေး အဖွဲ့အစည်း (Caritas Myanmar) နှင့် လူဦးရေး ၂၀၀ ကျော်တို့ ပါဝင်ပြီး ရန်ကုန် တိုက်ကြီးမြို့နယ် အစိုးရ ထိန်းသိမ်း သစ်တော ဧရိယာအတွင်း ဇူလိုင်လ ၆ ရက်နေ့က သစ်ပင် ၂၀၀၀ နည်းပါး စိုပျိုးခဲ့ကြပါသည်။ တို့အတူတကွနေထိုင်ကြသော အိမ်ကြီးကို ဂရုစိုက်ခြင်း ဟူသော ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်၏ စာချွန်တော် Laudato si ၏ ထုတ်ပြန် ခြင်း ၄ နှစ်​ပြည့်အမှတ်တရလည်း ဖြစ်ပါသည်။

သဘာဝ ပတ်ဝန်းကျင်ပျက် စီမှူ့ နှင့် တရားမမျှတမှူ့တို့ကို
အတူတကွတာဝန်ခွဲဝေယူပြီး ကမ္ဘာကြီးကို၊ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ကြခြင်း ဖြစ်ပြီး၊ ယခု စိုက်ပျိုးခဲ့သော သစ်ပင်များကို ကက်သလစ်သာသနာတော်မှ နှစ်​နှစ်တာ ကာကွယ် ပြုစုပျိုးထောင်သွားမည်ဖြစ်ကြောင်း မြန်မာပြည် ကရုဏာ တာဝန်ခံ ဘုန်းတော်ကြီး မောင်းဝင်း မှ ပြောကြားခဲ့ပါသည်။

သဘာဝပတ်ဝန်းကျင် ပျက်စီမှူ့သည် ယနေ့ခေတ်တွေ့ကြူံနေရသော ကြီးမားသည့် ပြသနာဖြစ်နေပြီး၊ ယင်းပြသနာကို ကျွန်တော်တို့အယောက်တိုင်းစီက ကာကွယ်ပေးရမယ်၊ သဘာဝပတ်ဝန်ကျင်၊ သစ်ပင်၊ တောတောင်းကို မြတ်နိုးသော စိတ် တန်ဖိုးထားသော စိတ်များတိုးပွားလာဖို့ ရည်ရွယ်လုပ်ဆောင်းခြင်းဖြစ်ကြောင်း ပါဝင်လှုပ်ရှာသူတစ်ဦးမှ ဝေမျှခဲ့ပါသည်။

မြန်မာပြည် သဘာဝပတ်ဝန်းကျင် ပြန်လည်းစိမ်းလမ်းစိုပြည်ရေး၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမူ့များ၊ လျှော့ချဖို၊ အောက်စီဂျင် ပိုမိုရရှိဖို့ သစ်ပင်များ စိုက်ပျိုးကြဖို့ ရဟန်းမင်းအမတ် ကာဒီနယ် ချာစ် ဘို မှ တိုက်တွန်း အားပေးခဲ့ပါသည်။
UCANNEWS ကို ဗာတီကန်သတင်းထာမှ ကောက်နုတ်​ဖော်ပြပေးလိုက်ပါသည်။

https://www.vaticannews.va/en/church/news/2019-07/myanmar-environment-tree-planting-bo-laudato-si.html

#environment, #palnt, #trees, #peterkm,
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

6 + 7 =