ရဟန်းမင်းအမတ် ကာဒီနယ် ချာစ်ဘို နှင့် ရဟန်းမင်းအမတ် ကာဒီနယ တာက​လေ တို့ ဘင်္ဂါလီ ဒုက္ခသည် စခန်းသို့သွားရောက်ကြည့်ရှု

Cox's Bazar ရှိ ဘင်္ဂါလီ ဒုက္ခသည် စခန်း ၃၀

ရဟန်းမင်းအမတ် ကာဒီနယ် ချာစ်ဘို နှင့် ရဟန်းမင်းအမတ် ကာဒီနယ တာက​လေ တို့ ဘင်္ဂါလီ ဒုက္ခသည် စခန်းသို့သွားရောက်ကြည့်ရှု
ဇူလိုင်လ ၃၁၊ ၂၀၁၉

နိုင်ငံပေါင်း ၁၆၅ နိုင်ငံမှ ကက်သလစ် ကရုဏာ​ရေး လုပ်ငန်းများ၏ နိုင်ငံတကာ ကရုဏာရေးတာဝန်ခံ ဖိလစ်ပိုင်နိုင်ငံ မနီလာ ဂိုဏ်ချုပ်ဆရာတော်ရဟန်းမင်းအမတ်ကာဒီနယ် တာကလေ နှင့် အာရှဆရာတော်ကြီးများ အဖွဲ့ချုပ် ဥက္ကဋ္ဌ မြန်မာနိုင်ငံ ရန်ကုန် ဂိုဏ်းချုပ်ဆရာတော် ရဟန်းမင်းအမတ်ကာဒီနယ်ချာစ်ဘို တို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ Cox's Bazar ရှိ ဘင်္ဂါလီ ဒုက္ခသည် စခန်းများ သို့ နှစ်ရက်တာ သွားရောက်ကြည့်ရှုခဲ့ပါသည်။

Cox's Bazar ရှိ ဘင်္ဂါလီ ဒုက္ခသည် စခန်း ၃၀ အား ကြည့်ရှူပေးနေသော အစိုးရ အဓိက တာဝန်ခံ မိုဟာမက် အဗူ ကာလမ် နှင့် တွေ့ဆုံခဲ့ကြပြီး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒါကာ မှ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ဥက္ကဋ္ဌ ရဟန်းမင်းအမတ် ကာဒီနယ် Patrick D'Rozario ၊ ဘင်္ဂလားဒေ့ရှ် ဆရာတော်ကြီးများ နှင့် အတူ ဒုက္ခသည် စခန်းများသို့ သွားရောက်ကြည့်ရှု့ခဲ့ကြပါသည်။

ယခုကဲ့သို့ အရေးပါသည် ကက်သလစ် အသင်းတော်၏ ကာဒီနယ် နှစ်ပါးလာရောက်ကြည့်ရှု့ခြင်းကြောင့် ဝမ်သာအားရကျေနပ်မိကြောင်း၊ ဖြစ်ပျက်နေသည့်အခြေအနေအားလုံးကို ခြုံငုံတင်ပြခွင့်ရခြင်း၊ ကက်သလစ်အသင်းတော်၏ ထောက်ပံ့ပေးမှူ့များအတွက်လည်း အထူးကျေးဇူးတင်ကြောင်း၊ ဆက်လက်ထောက်ပံ့ကူညီပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြောင်း၊ ယခုကဲ့သို့မိုးရာသီတွင် ဒုက္ခသည် လေးသိန်းကျော် ထားရှိသော စခန်း နံပတ် ၄ နှင့် ၁၇ တို့တွင် ပတ်ဝန်းကျင်ညစ်ညမ်းမှူ့ နှင့်ကျန်းမာရေးအခြေအနေများ ထိခိုက်မှုများရှိနေကြောင်း တင်ပြခဲ့သည့် အကြောင်းများကို အဗူ ကာလမ် UCANEWS သို့ ပြောကြားခဲ့ပါသည်။

UCANEWS မှ သတင်းကို ဗာတီကန် သတင်းဌာနမှ ကောက်နှုတ်ဖော်ပြပါသည်။

မှတ်ချက်။ ။ နိုင်ငံတကာ သတင်းဌာနများတွင် ရိုဟင်ဂျာ ဒုက္ခသည်များ (Rohingia refugees) ဟု သုံးနှုန်းထားပါသည်။
By Kyi Maung
Credit to Vatican and UCANEWS

https://bit.ly/2MwL8ZJ

Add new comment

6 + 1 =