ရဟန္တာသူတော်သူမြတ်များအား သဒ္ဓါကြည်ညိုခြင်းကို တယူသန် အစွဲအလန်းမျိုးမဖြစ် စေသင့်ဟုရဟန်းမင်းကြီးမိန့်ကြား

ရဟန္တာသူတော်သူမြတ်များအား သဒ္ဓါကြည်ညိုခြင်းကို တယူသန် အစွဲအလန်းမျိုးမဖြစ် စေသင့်ဟုရဟန်းမင်းကြီးမိန့်ကြား

ရဟန္တာသူတော်သူမြတ်များအား သဒ္ဓါကြည်ညိုခြင်းကို တယူသန် အစွဲအလန်းမျိုးမဖြစ် စေသင့်ဟုရဟန်းမင်းကြီးမိန့်ကြား

 

            ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ဗုဒ္ဓဟူးနေ့တိုင်း ဘုရားဖူးများနှင့်တွေ့ဆုံသည့်အခါ အကြောင်းအရာတစ်ခုခုနှင့်ပတ်သက်၍ ရှင်းပြလေ့ရှိသည်။ ယခုတစ်ပတ်၌ ယုံကြည်ခြင်း အချုပ်၌ ပါသော ‘ရဟန္တာသူတော်သူမြတ်အပေါင်းတို့သည် တစ်လုံးတစ်၀တည်းရှိကြောင်း’ ဆိုသည့်အချက် ကိုရှင်းပြခဲ့သည်။ ဤအချက်နှင့် ပတ်သက်၍ အဘယ်သို့ဆိုလိုသည်ကိုမေးမြန်းခံရသောအခါ ရှင်းပြရန်အခက်ကြုံတတ်သည်။ ရဟန်းမင်းကြီးငယ်စဉ်က ဤအကြောင်းအရာနှင့်ပတ်သက်၍ မေးမြန်းခံခဲ့ရပြီး၊ သူနားလည်သကဲ့သို့ပြန်လည်ဖြေကြားခဲ့သည်မှာ ‘ရဟန္တာများ၏ ကိုယ်တော်မြတ် ပင့်ယူခြင်း’ ကိုဆိုလိုသည်ဟုဖြေကြားခဲ့ဖူးသည်။ အဘယ် ကြောင့်ဤသို့ဖြေကြားသနည်းဟုမူ အဂ်လိပ်စကားဖြင့်ရွတ်ဆိုပါက ‘the communion of saints’ ဟုဖြစ်၍ ‘communion’ အများပိုင်းနားလည်သည်မှာ ကိုယ်တော်မြတ်ပင့်ယူခြင်းဖြစ်သော ‘First Communion’ တို့ကဲ့ သို့ဖြစ်သည်။ ဤအဂ်လိပ်စာလုံးသည် ‘အစုအဖွဲ့’ ကိုလည်းဆိုလိုသည်။ ‘ရဟန္တာသူတော်သူမြတ်အ ပေါင်းတို့သည် တစ်လုံးတစ်၀တည်းရှိကြောင်း’ ဟုဆိုရာ၌ ၄င်းတို့သည် လောက၌ရှိလူသား များနှင့်တစ်ပေါင်းတစ်စည်းတည်းရှိကြောင်း၊ ကျွန်ုပ်တို့၏တောင်းဆို ချက်ကို ၄င်းတို့ကဘုရားသခင် ထံကြား၀င်တောင်းလျှောက်ပေးလျှက်ရှိကြောင်း၊ ၄င်းတို့သည် တန်ခိုးအာနုဘော်များ ကိုပြုလုပ်သူများမဟုတ်သည့်အကြောင်းကို ဆိုလိုသည်။  

            ရဟန္တာများအား ကြည်ညိုသည်ဆိုရာ၌ မျက်လှည့်ပြခြင်းမဟုတ်။ တစ်ယူသန်အစွဲအလန်း လည်းမဖြစ်ရ။ အရိုးရှင်းဆုံးပြောရလျှင် လောက၌ အကောင်း ဆုံး၊ အသန့်ရှင်းဆုံး၊ စံထားလောက်စွာ အသက်ရှင်ခဲ့ပြီး၊ ယခုကောင်းကင်နိုင်ငံတော်၌ ဘုရားသခင်ရှေ့ခစားနေကြသော မိမိတို့၏ညီအစ် ကိုမောင်နှမများနှင့်ရင်း ရင်းနှီးနှီး စကားစမြည်ပြောဆိုသည့်နှယ်ဖြစ်သည်။ ရဟန္တာများထံဆု တောင်းမေတ္တာဖြင့်လည်းကောင်း၊ နိုဗီနာကိုးခြင်းဖြင့်လည်းကောင်း ကြည်ညိုခြင်း သည် ဟိုညီအစ်ကို၊ ဤညီအစ်မများနှင့်စကားပြောခြင်းသကဲ့သို့ဖြစ်သည်။ မိမိတို့လိုအပ်သည်များကို ကူတောင်းပေးရန်၊ ကူပြောပေးရန်အပူကပ်ခြင်းဖြစ်သည်ဟုဆိုသည်။

ရဟန်းမင်းကြီး၏ သွန်သင်ချက်အဆုံး၌ လူအုပ်ကြားမှတစ်ဦးသည်ထအော်လိုက်၏။ ရဟန်းမင်းကြီးသည် ထို သူအား ဂရုတစ်စိုက်နားစွင့်ထောင်ခဲ့သည်။ ယခုတစ်ပတ် ဘာသာတူများနှင့်တွေ့ဆုံခြင်းကို လူထုကြား၌ ထ‌အော်သောသူအတွက်ဆုတောင်းပေးရန်၊ သူသည်တစ်ခုခုကိုခံစားနေရကြောင်း၊ သနားစရာလည်းကောင်း ကြောင်း၊ သူသည်ခံစားနေရ သော ကြောင့်အော်ဟစ်ခြင်းဖြစ်ကြောင်း၊ သူသည်တစ်စုံတစ်ရာကိုလိုအပ်နေကြောင်း၊ ဤသို့လိုအပ်သူများ၏ အော်သံကို လစ်လျူမရှုရန်၊ ကျွန်ုပ်တို့အားလုံးစုပေါင်း၍ ဘုရားမယ်တော်ထံဆုတောင်းပေးကြပါစို့ဟုဆိုခဲ့သည်။

ရဟန်းမင်းကြီးသည် ယခုတစ်ပတ်၏ထောက်ရူချက်နှင့်စပ်လျင်း၍ ၎င်းအနေဖြင့် နှစ်ပေါင်း (၄၀) ကျော်ကြာ စိန့်ဂျိုးဇက်ထံသဒ္ဓါကြည်ညိုမှုရှိခဲ့ကြောင်းကိုလည်း ဘုရားဖူးတို့အား ပြန်လည်မိန့် ကြားခဲ့ပါသည်။  

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3B7RAho

Add new comment

11 + 1 =