ရဟန္တာတင်မြောက်ခြင်းဆိုင်ရာရုံးတော်၏တာ၀န်ခံကာဒီနယ် Angelo Becciu က (မေလ၊ ၅၊ ၂၀၂၀) ကရဟန်းမင်းကြီးနှင့်တွေ့ဆုံ

ရဟန္တာတင်မြောက်ခြင်းဆိုင်ရာရုံးတော်၏တာ၀န်ခံကာဒီနယ် Angelo Becciu က (မေလ၊ ၅၊ ၂၀၂၀) ကရဟန်းမင်းကြီးနှင့်တွေ့ဆုံ

ရဟန္တာတင်မြောက်ခြင်းဆိုင်ရာရုံးတော်၏တာ၀န်ခံကာဒီနယ် Angelo Becciu က (မေလ၊ ၅၊ ၂၀၂၀) ကရဟန်းမင်းကြီးနှင့်တွေ့ဆုံခဲ့သည်။

ထိုတွေ့ဆုံစဉ်၌သူတော်စင် (Blessed) အသစ်ငါးပါးကိုအ တည်ပြုကြောင်းရဟန်းမင်းကြီးကလက်ခံကြေငြာခဲ့သည်။ ၄င်းတို့မှာ
၁။ Blessed Francesco Caruso - သူသည်ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး၊ အီတလီနိုင်ငံ၊ Gasperian တွင် (၁၈၇၉၊ ဒီဇင်ဘာလ၊ ၇) ရက်နေ့၌မွေးဖွားခဲ့သည်။ သူသည် (၁၉၅၁၊ အောက်တိုဘာလ၊ ၁၈) ရက်နေ့ တွင်ပျံလွန်သွားခဲ့သည်။ သူသည် Catanzaro-Squillace ဂိုဏ်းချုပ်သာသနာပိုင်ရဟန်းတစ်ပါးဖြစ် သည်။
၂။ Blessed Carmelo De Palma - အီတလီနိုင်ငံ၊ ဘာရီမြို့၊ ဘာရီဂိုဏ်းချုပ်သာသနာမှဖြစ်သည်။ သူ့ အား (၁၈၇၆၊ ဇန်နာ၀ါရီလ၊ ၂၇) တွင်မွေးဖွားခဲ့ပြီး၊ (၁၉၆၁၊ ဩဂုတ်လ၊ ၂၄) တွင်ပျံလွန်ခဲ့သည်။
၃။ Blessed Francis Barrecheguern Montagut - သန့်ရှင်းသောကယ်တင်ရှင်အသင်း၀င်ရဟန်းတစ် ပါးဖြစ်သည်။ စပိန်နိုင်ငံ၊ Lerida တွင် (၁၈၈၁၊ ဩဂုတ်လ၊ ၂၁) ကမွေးဖွားခဲ့သည်။ (၁၉၅၇၊ အောက်တို ဘာလ၊ ၇) နေ့တွင်ပျံလွန်ခဲ့သည်။
၄။ Blessed Maria de la Concepcion Barrecheguern y Garcia - သာမန်ခရစ်ယာန်အမျိုးတစ်ဦး ဖြစ်ပြီး၊ စပိန်နိုင်ငံ၊ Granada တွင် (၁၉၀၅၊ နို၀င်ဘာလ ၂၇) ကမွေးဖွားခဲ့သည်။ (၁၉၂၇၊ မေလ၊ ၁၃) တွင်ပျံလွန်ခဲ့သည်။
၅။ Blessed Matteo Farina - သူလည်းသာမန်ခရစ်ယာန်အမျိုးသားတစ်ဦးဖြစ်သည်။ အီတလီနိုင်ငံ၊ Avellino ၌ (၁၉၉၀၊ စက်တင်ဘာလ၊ ၁၉) တွင်မွေးဖွားခဲ့သည်။ (၂၀၀၉၊ ဧပြီလ၊ ၂၄) အီတလီနိုင်ငံ၊ Brindisi ၌ပျံလွန်သွားခဲ့သည်။
လက်ရှိကပ်ရောဂါဘေးဆိုးကြီးကြောင့် နောက်ထပ်သူတော်စင်တင်မြောက်ရန်အတွက်ခွင့်ပြု ချက်ရထားသောသူတော်စင်များအားလည်းသူတော်စင်တင်မြောက်သည့်အခမ်းအနား၀တ်ပြုဆု တောင်းခြင်းကိုလည်းကျင်းပရန်ရွေ့ဆိုင်းထားသည်။ရဟန်းတာတင်မြောက်ရေးကိစွများလည်းရွေ့ဆိုင်းထားရသည်။

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2YGBbzi

Add new comment

7 + 11 =