ရဟန္တာကြီး ဒုတိယမြောက်ယောဟန်ပေါလူးနှင့် သူတော်စင် ကားလို အာကူးတစ် တို့ကို ၂၀၂၃ ကမ္ဘာ့လူငယ်များနေ့ ကို အထူး စောင့်ရှောက်သည့် ရဟန္တာများ ​၏ စာရင်းတွင် အမည်ထည့်သွင်း

ရဟန္တာကြီး ဒုတိယမြောက်ယောဟန်ပေါလူးနှင့် သူတော်စင် ကားလို အာကူးတစ် တို့ကို ၂၀၂၃ ကမ္ဘာ့လူငယ်များနေ့ ကို အထူး စောင့်ရှောက်သည့် ရဟန္တာများ ​၏ စာရင်းတွင် အမည်ထည့်သွင်း

၂၀၂၃ ခုနှစ်တွင် Lisbon မြို့တွင်ကျင်းပမည့် ကမ္ဘာ့လူငယ်များနေ့ကို အထူးစောင့်ရှောက်သည့် ရဟန္တာများ စာရင်းတွင် ပုပ်ရဟန်းမင်းကြီး St.John Paul ll နှင့် သူတော်စင် Carlo Acutis တို့လည်း အပါဝင် ဖြစ်လာခဲ့ပါတယ်။

ပိုလန်နိုင်ငံသား ရဟန်းမင်းကြီး​၏ မွေးနေ့ နှစ်ပတ်လည် ဖြစ်တဲ့ မေလ ၁၈ ရက်နေ့တွင် Lisbon မြို့မှ ဂိုဏ်းအုပ် ဘုန်းတော်ကြီး ကာဒီနယ် Manuel Clement မှ ထုတ်ဖော်ကြေငြာခဲ့ခြင်းဖြစ်ပါတယ်။

" ပေါ်တူဂီနိုင်ငံ့ မြို့တော်တွင် ဩဂုတ်လ ၁-၆ ထိကျင်းပမည့် ကက်သလစ်လူငယ်များစုစည်းတွေ့စုံကြသည့် အကြီးမားဆုံးသော ကမ္ဘာ့လူငယ်များ နေ့ ပွဲတော်​၏ ဥသျှောင် စောင့်ရှောက်ပေးသူမှာ အမိမယ်တော်ပင်ဖြစ်သည်ဟု " အသက် ၇၃ နှစ်အရွယ် ကာဒီနယ်မှ ပြောကြားခဲ့ပါတယ်။

အခြားအထူးကိုးစား ရမည့် ရဟန္တာများမှာ St.John Bosco, St.Vincent of Saragossa, St. Anthony of Pauda ,St.Bartholomew of Braga နှင့် St.John de Brito တို့ပင် ဖြစ်ကြောင်း

ထို့အပြင် Blessed Joanna of Portugal,Blessed João Fernades,Blessed Maria Clara of the child Jesus,Blessed Pier Giorgio, Blessed Marcel Callo နှင့် Blessed Chiara Badano တို့ လည်းပါဝင်ကြောင်းဆိုပါတယ်။

" WYD Lisbon 2023 အတွက် ရွေးချယ်ထားသည့် ထို မြင့်မြတ်သူနှင့် ရဟန္တာအားလုံးတို့ သည် သူတို့ခေတ်သူတို့အခါက ခရစ်တော်သခင် ​၏ ဘဝ ကို ဖြည့်ဆည်းပေးခဲ့ပြီး လူငယ်များကို အစဉ်အမြဲ ကယ်ဆယ်ခဲ့ ကြောင်း ပြသခဲ့ကြပြီး ဖြစ်၍ ထိုသူတို့ကို ကျွန်ုပ်တို့ ထည့်သွင်း ဖော်ပြသင့်ကြောင်း" ကာဒီနယ် Clement မှ မိန့်ကြား ခဲ့ပါတယ်။

ကမ္ဘာ့လူငယ်များနေ့ ပွဲတော်ကို ၁၉၈၅ ခုနှစ်တွင် ရဟန်းမင်းကြီး ဒုတိယမြောက် ယောဟန်ပေါလူး မှ စတင် ကျင်းပပေးခဲ့ခြင်းပါ။

ဤတပါတ်ကြာ တွေ့ဆုံ ပွဲတော်ကြီးသည် ရာပေါင်းထောင်ပေါင်း များစွာသော လူငယ်ထုကြီးကို အစဉ်ပင် ဆွဲဆောင်ထားနိုင်ခဲ့တဲ့ ပွဲတော်တခုလည်းဖြစ်ပါတယ်။

ထုံးစံအားဖြင့်တော့ ဤတကမ္ဘာလုံးဆိုင်ရာ ပွဲတော်ကြီးကို သုံးနှစ်လျှင်တကြိမ် ကမ္ဘာ့တိုက်ကြီးများ အလိုက် အလှည့်ကျ ကျင်းပလေ့ ရှိပြီး ရဟန်းမင်းကြီး ကိုယ်တော်တိုင် အမြဲတက်ရောက်ပါဝင် ဆင်နွှဲလေ့ရှိပါတယ်။

Lisbon မြို့တွင် ကျင်းပမည့် ကမ္ဘာ့လူငယ်များနေ့ကို ဩဂုတ်လ ၂၀၂၂ ခု တွင် ကျင်းပရန် ကနဦး စီစဉ်ထားခဲ့သော်လည်း ကိုဗစ် ကပ်ဘေးကြောင့် ဗာတီကန်မှ လာမည့်နှစ်သို့ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း

လွန်ခဲ့သော ၂၀၂၁ ခုနှစ်က ဤပွဲတော် စီစဉ်မှုများနဲ့ပါတ်သက်လို့ CNA သို့ ဆရာတော်ကြီးမှ ပြောကြားခဲ့ရာမှာ " ဤပွဲတော်ကြီး ကနေ ကပ်ရောဂါ ဘေး ရင်ဆိုင်နေရမှုတွေ အတွက် မျှော်လင့်ချက်များ ကို ရှင်သန်စေမည့် ကြီးမားသော အခွင့်ရေးဖြစ်ပါလိမ့်မည်" လို့ဖြစ်ပါတယ်။

"ကပ်ရောဂါအလွန် ယခုကာလတွင်လည်း ၂၀၂၃ Lisbon တွင် ကျင်းပမည့် WYD သည်လည်း လူငယ်မှသည်လူငယ်ဆီသို့ ဖြစ်စေပါမည့်အ ကြောင်းနှင့် မျှော်လင့်ချက်များကို ပြန်လည် ဆန်းသစ်စေနိုင်ပါမည့်အကြောင်း ဆန္ဒပြုပါကြောင်း" ဆရာတော် Américo Manuel Alves Aguiar က ပြောကြားခဲ့ပါတယ်။

အာဗီအေဘာသာပြန်-မာကုစ်ညီညီထွန်း

https://bit.ly/3yMB4E6

Add new comment

8 + 4 =