ရသေ့များနှင့်ရသေ့သီလရှင်များမှထုတ်လုပ်သော ထုတ်ကုန်များကို စပိန်မှ အဖွဲ့အစည်းတစ်ခုက ကမ္ဘာအနှံ့သို့ချိပ် ဆက်ရောင်းချကူညီပေး

ရသေ့များနှင့်ရသေ့သီလရှင်များမှထုတ်လုပ်သော ထုတ်ကုန်များကို စပိန်မှ အဖွဲ့အစည်းတစ်ခုက ကမ္ဘာအနှံ့သို့ချိပ် ဆက်ရောင်းချကူညီပေး

ရသေ့များနှင့်ရသေ့သီလရှင်များမှထုတ်လုပ်သော ထုတ်ကုန်များကို စပိန်မှ အဖွဲ့အစည်းတစ်ခုက ကမ္ဘာအနှံ့သို့ချိပ် ဆက်ရောင်းချကူညီပေး

ရှုပ်ထွေးဆူညံသောလူမှုအသိုင်းအဝိုင်းနှင့်‌‌ေ၀းရာ ရသေ့ကျောင်းများ၌ သီတင်းသုံးပြီး၊ ၀ိညာဉ်ရေး၀တ္တ ရားများကိုဖြည့်ဆည်းသကဲ့သို့ ကာယအလုပ်များကိုလည်းလုပ်ကိုင်နေကြသော ကက်သလစ်ရသေ့များ၊ ရသေ့သီလ ရှင်များစွာ ကမ္ဘာပေါ်၌ရှိနေကြသည်။ ၄င်းတို့သည် မိမိတို့ကျောင်းအတွင်း လိုအပ်သောကုန်ကျစရိတ်များကိုကာမိ ရန်အတွက် မိမိတို့တတ်ကျွမ်းသော၊ သင်ယူလေ့လာထားသောအတတ်ပညာများဖြင့် ကုန်များထုတ်လုပ်၍ရောင်းချ ကာ၀င်ငွေရှာလေ့ရှိသည်။ ထို့ကြောင့် ၄င်းတို့၏ထုတ်ကုန်သည် သင်တို့အိမ်၌ရှိစင်များပေါ်၌လည်း ၀ယ်ယူထားရှိသင့် ပါသည်။ ရသေ့ကျောင်းများ၏စား၀တ်နေရေးအတွက် ကူညီပေးသော Contemplare Foundation အဖွဲ့သည်စပိန်မှဖြစ် ပြီး၊ ၄င်းတို့သည် သာမန်ဘာသာ၀င်အဖွဲ့၀င်များဖြင့်ဖွဲ့စည်းထားသည်။ ဤအဖွဲ့သည် ရသေ့ကျောင်းများမှထုတ်လုပ် သောစားကုန်၊ သုံးကုန်များကို အခြေခံလူတန်းစားများနှင့်ချိပ်ဆက်၍ရောင်းချကာ ၀င်ငွေရှာပေးသောအဖွဲ့ဖြစ်သည်။

ဤအဖွဲ့၏ညွှန်ကြားရေးမှူးဖြစ်သော ALEJANDRA SALINAS က ရသေ့ကျောင်းများအား မည်သည့်အကူအညီ ပေးရမည်နည်းဟုမေးမြန်းသောအခါ ရသေ့များအနေဖြင့် ပြင်ပသို့လွတ်လပ်စွာသွားလာခွင့်မရှိ။ ပြင်ပလူများနှင့် လည်းချိပ်ဆက်ခွင့်မရှိသောကြောင့်ကျောင်းမှထုတ်လုပ်သော ရောင်းကုန်များကိုသာ ကူရောင်းပေးရန်၊ စပ်ပေးရန် တောင်းဆိုလာကြောင်း၊ ဤအခြေအနေသည် ၄င်းတို့အလိုအပ်ဆုံးအကူအညီဖြစ်ကြောင်းသိရှိရ၍ ၄င်းတို့ကိုကောင်း စွာကူညီနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ပြင်ပကမ္ဘာနှင့်နေ့စဉ်ထိတွေ့နေသော၄င်းတို့အတွက်မှာ စီးပွားရေးနှင့် ပတ်သက်၍ အခက်အခဲမရှိကြောင်း၊ ထို့ကြောင့်၄င်းတို့၏လိုအပ်ချက်ကိုသိ၍ ထိုလိုအပ်ချက်ကိုကူညီနိုင်ကြောင်း ပြောကြားသည်။

ဤအဖွဲ့သည် ရသေ့တို့၏ထုတ်ကုန်များမှာ ချိုချဉ်များ၊ ယာမကာများ၊ ကလေးအ၀တ်များကိုကမ္ဘာအနှံ့သို့ချိပ် ဆက်ရောင်းချပေးလျှက်ရှိသည်။ ၄င်းတို့သည် ပြည်ပ၌သာမဟုတ်။ ပြည်တွင်း ၌လည်း အဆိုပါထုတ်ကုန်များကို ရောင်းချပေးနိုင်ရန် မာဒရပ်စ် ၌ အရောင်းခန်းမကိုလည်းဖွင့်လှစ်ထားသည်။ ရသေ့များ၏ထုတ်ကုန်များကို ယခုကဲ့သို့ ကူညီရောင်းချပေးခြင်းဖြင့် ရသေ့တို့၏ကျင့်စဉ်များအကြောင်းကိုလည်း လူထုတို့အားပြောပြရန်အခွင့်အရေးတစ်ခု ဖြစ်ကြောင်း၊ ရောင်းကုန်များသည် ရသေ့တို့၏ထုတ်ကုန်ဖြစ်ကြောင်းကိုလူများသိလိုက်ရသောအခါ အံ့အားသင့်သွား ကြကြောင်း၊ ထိုအခါ စပိန်၌ရသေ့ကျောင်းမည်မျှရှိသနည်းစသည်ဖြင့်မေးမြန်းလာသောအခါ (၇၅၀) ကျောင်းကျော်ရှိ ကြောင်းပြောပြနိုင်ကြောင်း၊ ထိုကိန်းဂဏာန်းသည် ၄င်းတို့အားစိတ်၀င်စားလာစေကြောင်း၊ ထိုအခါ စပိန်၌ ရသေ့ ကျောင်းမည်မျှရှိသည်ဟုထင်ကြောင်းများဖြင့် စကားကိုအပြန်အလှန်ပြောဆိုဖြစ်ကြောင်း၊ စပိန်သည် ကမ္ဘာပေါ်၌ ရသေ့ကျောင်းအများဆုံးဖြစ်သည်ကိုသိသလောဟူ၍လည်းကောင်း၊ ကမ္ဘာပေါ်ရှိ ကက်သလစ်ရသေ့သုံးပုံတစ်ပုံသည် စပိန်မှဖြစ်ကြောင်းကိုသိသလောဟူ၍လည်းကောင်း စသည်ဖြင့်စကားလမ်းကြောင်းဖြောင့်စေသည်။ အဖွဲ့၀င်များမှာ မိမိတို့အချိန်ကိုပေးနိုင်သူများနှင့်ကိုယ်စွမ်းဉာဏ်စွမ်းဖြင့် ရသေ့ကျောင်းများအားကူညီထောက်ပံ့ပေးနိုင်သူများဖြစ်ရ မည်ဖြစ်သည်။ လုပ်အားပေးဆက်ကပ်ကြသူများအနက် အထက်တန်းလွှာများလည်းပါကြောင်းပြေားပြလာပါသည်။

RVA ဘာသာပြန်- ဖာသာရ်ကလဲမင်းအားတယ်

https://bit.ly/33ol9OH

 

Add new comment

8 + 6 =