ရန်ကုန် Magis လူငယ်များ ပထမဦးဆုံးအကြိမ် သွေးလှူဒါန်းခြင်း ။

ရန်ကုန် Magis လူငယ်များ ပထမဦးဆုံးအကြိမ် သွေးလှူဒါန်းခြင်း ။
ရန်ကုန် Magis လူငယ်များ ပထမဦးဆုံးအကြိမ် သွေးလှူဒါန်းခြင်း ။
(26.7.2020)
(၂၆.၇.၂၀၂၀) ရက်နေ့က ရန်ကုန်ရှိ မားဂျစ်လူငယ်အဖွဲ့များသည် အမျိုးသား သွေးလှူဘဏ် ၌ သွေးလှူဒါန်းခြင်းကို ပြုခဲ့ကြသည်ဟု သိရှိရပါသည် ။
မားဂျစ် လူငယ် စုစု ပေါင်း (၁၄) ဦးမှသွေးလှူဒါန်းခဲ့သည်ဟုသိရှိရပါသည် ။
မားဂျစ် ရန်ကုန် လူငယ်များ သွေးလှူဒါန်းခြင်းသည် ပထမဦးဆုံး အကြိမ်ဖြစ် တယ်လို့လည်း သိရှိရပါသည် ။ ယခုလို သွေးလှူဒါန်းခြင်း ရည်ရွယ်ချက်သည် မိဘများ ပွဲနေ့ နှင့် Jesuit အသင်းဂိုဏ်းတည်ထောင်သူ ရဟန္တာ စိန့်အစ်ဂနေးရှပ်စ်၏ လမ်းစဉ်များကို လိုက်လျှောက်ကာ ဇူလိုင်လ (၃၁) ရက်နေ့တွင် ကျရောက်မည့် စိန့်အစ်ဂနေးရှပ်စ်ကို ရည်စူးသည့်အနေဖြင့် သွေးလှူဒါန်းခြင်းကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်တယ်လို့ ရန်ကုန် မားဂျစ် လူငယ်တာဝန်ခံ Bro. Han Zaw Shing က ပြောပြပေးခဲ့ပါသည် ။
ဆက်လက်ပြီး ဘရယ်သာရ်က ‘’ သွေးလှူဒါန်းခြင်းဟာ ကာယအရ ကြည့်မယ်ဆိုရင် သွေးလှူလိုက်ခြင်းအားဖြင့် ကျန်းမာရေးအတွက်ကောင်းမွန်တယ်။ဝိညာဉ်ရေးအရ ကြည့် ရင် သွေးလှူဒါန်းနေစဉ်အချိန်အတွင်းမှာ မကျန်းမာလို့ သွေးလိုအပ်နေသူတွေ ကိုယ် ပေးလိုက်တဲ့ သွေးအားဖြင့် ပြန်လည်၍ ရောဂါပျောက်ကင်းပြီး နေပြန်ကောင်းလာ ဖို့အတွက် ကောင်းကင်ဘုံ၌ မေတ္တာကိုရွတ်ဆို ဆုတောင်းပေးခဲ့တယ် ။ နောက်ပြီး ဘရယ်သာရ်က အေဘီသွေး ၊ ရှားပါးသွေးဖြစ်တဲ့အတွက် အခုလို လှူဒါန်းခွင့်ရတာကို ဝမ်းသာပီတိ ဖြစ်မိတယ် ‘’ ဟု သွေးလှူဖြစ်ပုံနှင့် သွေးလှူခြင်း ခံစားချက်တို့ကို ပြောြပ ပေးခဲ့ပါသည် ။ ဘရယ်သာရ်အနေဖြင့် ယခုအကြိမ်သည် တတိယအကြိမ်မြောက် သွေးလှူဒါန်းခြင်း ဖြစ်တယ်လို့လည်းသိရှိရပါသည် ။
ဆက်လက်၍လည်း သွေးလှူဒါန်းခြင်းတွင် ပါဝင်ခဲ့သော Magis လူငယ်တစ်ဉီးဖြစ်သည့် Colette Htet Htet Win ကလည်း ‘’ ပထမဆုံးအကြိမ် သွေးလှူတာဖြစ်လို့ ပထမတော့ ကြောက်တယ်။နဂိုကတည်းကလည်း အပ်ကြောက်တတ်တယ်။ သွေးလှူဖို့ဆေးစစ်တာ တွေ ခံနေတဲ့အထိ ကြောက်စိတ်ဝင်ပြီး မလှူတော့ဘူးလို့ တွေးမိတယ် ။ ဒါပေမဲ့ ငါလုပ်နိုင် တယ်။လှူကိုလှူမယ်ဆိုတဲ့ စိတ်နဲ့အားတင်းပြီးလုပ်တယ် ။ ဆေးစစ်ချက် အောင်တဲ့အခါ လှူဖြစ်ခဲ့တယ်။ သွေးထုတ်နေတဲ့အချိန်မှာလည်း ကိုယ့်ရဲ့ သွေးကို ဘယ်သူက ရမလဲ လို့တွေးပြီးပီတိဖြစ်မိတယ် ။ အခု တစ်ခါ လှူလိုက်တော့ နောက်ထပ် လှူခြင်စိတ်တွေလဲ ဖြစ်လာတယ် ‘’ ဟု ၎င်း၏ သွေးလှူနေစဉ်အတွင်း ခံစားချက်ကိုပြောပြခဲ့ပါသည် ။
နောက်ထပ် Magis လူငယ်တစ်ဦးဖြစ်သည့် Susan မှလည်း ‘’ ဘဝမှာ သူများကို ကူညီနိုင်လေ ဘဝဟာ ပိုပြီး အဓိပ္ပာယ်ရှိလေလို့ ခံယူထားတော့ ကောင်းတာတစ်ခု လုပ်လိုက်နိုင်တဲ့အတွက် ဝမ်းသာပီတိဖြစ်မိတယ် ။ အခုလို ကပ်ရောဂါဖြစ်နေတဲ့အချိန်မှာ လူတချို့ အခက်အခဲတွေနဲ့ကြုံတွေ့နေရချိန် ကိုယ်က အဆင်ပြေနေတဲ့အချိန်မှာ အများအတွက်ကိုယ်လုပ်နိုင်တဲ့အရာလေးနဲ့ပြန်လည် အကျိုးပြုတဲ့ အနေနဲ့သွေး လှူဖြစ်ခဲ့ တာ။နောက်ထပ်လည်းထပ်လှူဦးမှာ။‘’ဟုသွေးလှူဒါန်းဖြစ်ပုံနှင့်ပတ်သက်ပြီးပြောပြခဲ့ပါ တယ်။
ဆက်လက်၍လည်းသွေးလှူနေစဉ်ခံစားချက်ကိုမေးမြန်းရာ ‘’ သွေးလှူနေတဲ့ အချိန် မှာ ကောင်းကင်ဘုံမေတ္တာကို ဆိုပြီး ကိုယ့်သွေးကို ရမယ့်သူလည်း အကျိုးရှိသွား စေဖို့ ဆုတောင်းပေးဖြစ်တယ် ။ မိဘများပွဲနေ့လည်းဖြစ်နေတော့ အဖေ နဲ့အမေအတွက် လည်း ရည်စူးတယ်။‘’ဟုပြောပြခဲ့ပါတယ်။
ဆက်လက်ပြီးသူမကသွေးမလှူခင်ကြိုတင်ပြင်ဆင်မှုတွေလည်း လုပ်ဆောင်ခဲ့ကြောင်းကို ယခုလိုပြောပြခဲ့ပါတယ် ။‘’ ပထမတစ်ခါ သွေးလှူဖို့ သွားတုန်းက ဟေမိုဂလိုဘင် (Hemoglobin) အားနည်းနေတယ်ဆိုလို့ လှူခွင့်မရခဲ့ဘူး ။ ဒါကြောင့် အခုတစ်ခေါက်တော့ သံဓာတ်ပါတဲ့အစားအစာတွေစားတယ် ။ အားရှိတဲ့တွေစားတယ် ။ အိပ်ရေးဝဝ အိပ်တယ် ။ဟု Susan က သူမ၏ပထမဦးဆုံးအကြိမ်အဖြစ် သွေးလှူဒါန်းဖြစ်ခဲ့ပုံကို ပြောပြခဲ့ ပါ သည် ။
ရန်ကုန် Magis လူငယ်များအဖွဲ့လှုပ်ရှားမှုအနေဖြင့် ယခုလို သွေးလှူဒါန်းခြင်းသည် ပထမဦးဆုံးအကြိမ်ဖြစ်တယ်လို့လည်းသိရှိရပါသည်။ Magis လူငယ်များအနေဖြင့် ယခင်က လစဉ်တွေ့ဆုံမှုမျိုးရှိခဲ့သော်လည်း Covid-19 ရောဂါကြောင့်လူစု လူဝေးများ မပြုလုပ်ရသဖြင့် အွန်လိုင်းမှသာ Zoom Meeting ဖြင့် Online Program များကိုလုပ်ဆောင်ခဲ့ကြပြီး Lock down ပြီးသည့်အချိန်တွင် ယခုလို သွေးလှူဒါန်းခြင်း သည် ပထမဦးဆုံးအကြိမ် အပြင်ထွက် လှုပ်ရှားသည့် လှုပ်ရှားမှု တစ်ခုဖြစ် တယ်လို့ သိရှိရပါသည် ။
News By – Pinky

Add new comment

2 + 1 =