ရန်ကင်းတွင် ဖမ်းဆီးနှိပ်ဆံခံရသည့် လူငယ်များထဲ၌ ကက်သလစ် ခရစ်ယာန် လူငယ် အမျိုးသမီးတစ်ဦးလည်းပါဝင်

ရန်ကင်းတွင် ဖမ်းဆီးနှိပ်ဆံခံရသည့် လူငယ်များထဲ၌ ကက်သလစ် ခရစ်ယာန် လူငယ် အမျိုးသမီးတစ်ဦးလည်းပါဝင်

ရန်ကင်းတွင် ဖမ်းဆီးနှိပ်ဆံခံရသည့် လူငယ်များထဲ၌ ကက်သလစ် ခရစ်ယာန် လူငယ် အမျိုးသမီးတစ်ဦးလည်းပါဝင်

RVA Myanmar (၁၉.၄.၂၀၂၁)

ရန်ကုန်မြို့ ၊ ရန်ကင်းမြို့နယ်တွင် ဧပြီလ (၁၈) ရက်နေ့ နံနက်ပိုင်းကစစ်ကောင်စီမှ လူငယ်များအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုသတင်းရရှိပါသည်။ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသော လူငယ်များအား စစ်ကောင်စီမှ နှိပ်စက်ထားသည့် ဓာတ်ပုံများ အွန်လိုင်းပေါ်တွင်ပျံနှံ့လျှက်ရှိနေပါသည်။ထိုရန်ကင်းမှ ဖမ်းခံထားရသော လူငယ်များထဲတွင် ရန်ကင်း St.Judeသာသနာအုပ်စုမှ လူငယ်တစ်ဦးလည်း ပါသွားကြောင်းသိရှိရပါသည်။

“မခင်ငြိမ်းသူ (ခ) Anne Marie သည် ရန်ကင်း St.Jude သာသနာမှာဘုရားကျောင်းတက်သောလူငယ်တစ်ဦးဖြစ်ပါတယ်။ UK မှ Contemporary Danceပညာကိုသင်ယူခဲ့ပြီး မြန်မာနိုင်ငံပြန်ရောက်နေသူပါ။ ၁၈.၄.၂၁ ရက်နေ့ မနက် ၂နာရီခန့်မှာ မတရားဖမ်းဆီးခံခဲ့ရကြောင်း မနေ့ကအထိ ရန်ကင်းမြို့မရဲစခန်းမှာရှိနေခဲ့ပြီး ရွှေပြည်သာစစ်ကြောရေးသို့ အတူထိန်းသိမ်းခံရသူတချို့နှင့်အတူပြောင်းရွှေ့ခံရ‌ကြောင်း၎င်းမိသားစုနှင့်ရင်းနှီးသောအသိုင်းအဝန်းထံမှသိရှိရပါတယ်။

၁၈.၄.၂၁ ရက်နေ့ည ၈ နာရီ MWD သတင်းပါ ပုံများအရ မခင်ငြိမ်းသူဟာ သွားကျိုးခြင်း၊နှာခေါင်းရိုးကျိုးခြင်းဒဏ်ရာများအပြင်၊ zygomatic bone fracture /ပါးရိုးကျိုးဒဏ်ရာရထားနိုင်ချေရှိတယ်လို့ ကျွမ်းကျင်သူအချို့ကသုံးသပ်ထားပါတယ်။

ယခုလို Hard Tissue, Bony Structureတွေကိုထိခိုက်အောင်အထိ ညှင်းပန်းနှိပ်စက်ခံထားရတဲ့သူမအတွက်လိုအပ်သောကျန်းမာ‌ရေးစောင့်ရှောက်မှုများရရှိရန်အလျင်အမြန်လိုအပ်လျက်ရှိပါသည်။သို့ဖြစ်ပါ၍ မခင်ငြိမ်းသူ အလျင်အမြန်လိုအပ်လျက်ရှိသောကျန်းမာရေးစောင့်ရှောက်မှုရပိုင်ခွင့်နှင့် မတရားဖမ်းဆီးထိန်းသိမ်းထားမှုမှလွတ်မြောက်စေရေး ဝိုင်းဝန်းကူညီစောင်မပေးနိုင်ပါရန် အသိပေးတင်ပြအပ်ပါသည်။” ဟု ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာလူငယ်များကိုယ်စားယာယီအလုပ်အမှုဆောင်အဖွဲ့ က ၎င်းတို့ရဲ့ Facebook တွင် တောင်းဆိုထားတာကိုလည်း တွေ့ရှိရပါသည်။

အားလုံးသော ဓမ္မမိတ်ဆွေများအနေဖြင့်လည်း မြန်မာနိုင်ငံမှ ပြည်သူပြည်သားများအား မတရားသဖြင့် ဖမ်းဆီးနှိပ်စက်ခံရခြင်းမှ အမြန်ဆုံးကင်းဝေးဖို့ရန်နှင့်စစ်မှန်သော ဒီမိုကရေစီစနစ် အမြန်ဆုံးပြန်လည်ရရှိဖို့ရန်အတွက် ဝိုင်းဝန်းဆုတောင်းပေးကြဖို့ရန် မေတ္တာရပ်ခံအပ်ပါသည်။

#rvamyanmar #SaveMyanmar

Photo:crd

Add new comment

2 + 7 =