ရက်စွဲအတိအကျမဆုံးဖြတ်သေးသော်လည်း ပုပ်ဖရန်စစ် ယူကရိန်းသို့ခရီးသွားဖွယ်ရှိ

ရက်စွဲအတိအကျမဆုံးဖြတ်သေးသော်လည်း ပုပ်ဖရန်စစ် ယူကရိန်းသို့ခရီးသွားဖွယ်ရှိ

ရက်စွဲအတိအကျမဆုံးဖြတ်သေးသော်လည်း ပုပ်ဖရန်စစ် ယူကရိန်းသို့ခရီးသွားဖွယ်ရှိ

“စစ်သည် ရက်စက်ကြမ်းကြုတ်မှုကို အစဉ်ဖြစ်စေသည်။ စစ်သည် လူမဆန်သောလုပ်ရပ်ဖြစ်ပြီး၊ လူ့စိတ်နေသ ဘောထားကိုအစဉ်ဆန့်ကျင်သောလုပ်ရပ်ဖြစ်သည်။ စစ်ကိုခရစ်ယာန်စိတ်ဓာတ်ဟုမပြော။ လူ့စိတ်ဓာတ်သာဖြစ်သည်။ ကြမ်းကြုတ်ရက်စက်လိုသောစိတ်သည် ကိန္န၏သဘောထားဖြစ်သည်။ ဗာတီကန်နှင့်ကျွန်ုပ်အနေဖြင့် ဤစစ်ပွဲကိုရပ်တန့်ရန် လုပ်နိုင်သည့်အမှုအားလုံး ကိုလုပ်ပေးရန် ဆန္ဒရှိသည်။ အထူးသဖြင့် သံတမန်နည်းလမ်းဖြင့်လုပ်ဆောင်ရန်ဖြစ် သည်။ ထို့ကြောင့် ကာဒီနယ် Parolin နှင့်မွန်ဆီညှော် Gallagher တို့သည် အစွမ်းကုန်းကြိုးစားလုပ်ဆောင်လျှက်ရှိသည်။ လုပ်ဆောင်နေမှုများအားလုံးကို ထုတ်ဖော်ပြော၍မရပေ။ ဆင်ဆင်ခြင်ခြင်လုပ်ရပါသည်။ ထို့ကြောင့် အတိုင်းအတာနှင့် သာလုပ်ဆောင်နိုင်သည်။

အခြားသောအခွင့်အရေးကောင်းများအနက် အလားအလာကောင်းသော ခရီးစဉ် (၂) ခုရှိပါ သည်။ ဖြစ်နိုင်ချေရှိသောခရီးစဉ်တစ်ခုမှာ ပိုလန်သမ္မတက ကာဒီနယ် Krajewski ကိုယူကရိန်းသို့စေလွှတ်ရန် အကြံပြုတင်ပြလာပါသည်။ ကာဒီနယ်သည် ယူကရိန်းသို့ နှစ် (၂) ကြိမ်သွားရောက်ခဲ့၍ လူနာတင် ယာဉ် တစ်စီးပါယူသွားကာ ၄င်း တို့နှင့်နေထိုင်ခဲ့သည်။ နောက်တစ်ကြိမ်သွားမည်ဖြစ်သည်။ သွားရန်ကို လည်းစိတ်အားထက်သန်နေသည်။ ကျန်ခရီးစဉ် တစ်ခုကား ကျွန်ုပ်အားယူကရန်းသို့ကြွ သွားရန် ဖြစ်သည်။ ကျွန်ုပ်လည်းသွားရန် စီစဉ်လျှက်ရှိပါကြောင်း သင်တို့ကိုရိုးသား ပွင့်လင်းစွာ ထုတ်ပြော ပါသည်။ ကျွန်ုပ်ဆန္ဒမှာထိုနေရာ၌ အစဉ်ရှိနေပြီဖြစ်သည်။ ဤသို့ပြော၍ ယခင်မရှိဟုဆိုလိုခြင်းမဟုတ်။ အခြေအနေလည်းပေးပြီး၊ သွားသင့်လျှင် ယူကရိန်းသို့သွားမည်။ လက်ရှိ၌မှု လက်တွေ့မကျသေးသော စီစဉ်နေဆဲသာ ရှိပါသေးသည်။ ရုရှားဩသောဒေါ့စ်၏ဘာသာရေးခေါင်း‌ဆောင် Kirill နှင့်တွေ့ဆုံဆွေး နွေးလိုကြောင်း၊ အဘယ်ကြောင့်ဆို သော် သူသည်ဤစစ်ရပ်တန့်နိုင်ရေးကို ကြိုးစားလုပ် ဆောင်နေ သည်ဟုလည်းတွေးမိခဲ့ကြောင်း၊ သူ့အနေဖြင့် တွေ့ဖြစ် လျှင်လည်း အရှေ့အလယ်ပိုင်း၌ တွေ့ဖြစ် ရန် တင်ပြလာကြောင်းဖြင့် သတင်းထောက်များ၏မေးမြန်းချက်များကို ပုပ်ရဟန်း မင်းကြီး ဖရန်စစ်အရှင်သူမြတ်ကဖြေကြားခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/38xHQ5T

Add new comment

1 + 0 =