"ယေဇူးသခင်၏ သနားကြင် နာခြင်းမီးကို လက်ဆင့်ကမ်းကြပါ။"

"ယေဇူးသခင်၏ သနားကြင် နာခြင်းမီးကို လက်ဆင့်ကမ်းကြပါ။"

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ပိုလန်နိုင်ငံ၊ "ပေါ့စ်" မြို့ရှိ စိန့် မာရီယား ဖောစတီးနာ ကိုဝါလ်စကာအား ပထမဆုံးအ ကြိမ် ထင်ရှားပြခဲ့သည့် နှစ် ၉၀ ပြည့်အထိမ်းအမှတ်စာတွင် ကျွန်ုပ်တို့သည် "ယေဇူး၏ကရုဏာတော်မီး” ကိုလက်ဆင့်ကမ်းရန်ခေါ်ယူခြင်းခံရကြောင်း မိန့်ကြားခဲ့ပါ သည်။

ပုပ်ရဟန်းမင်းကြီးဖရန့်စစ် သည် ပိုလန်နိုင်ငံ၊ "ပေါ့စ်မြို့" ရှိ ဆရာတော်ထံသို့ ပိုလန်နိုင် ငံသား "စိန့် မာရီယား ဖောစတီးနာ ကိုဝါလ်စကာ" အား သနားကြင်နာခြင်းနှင့် ပြည့်သော ယေဇူးသခင်သည် ပထ မဆုံးအကြိမ် ထင်ရှားပြခဲ့သည့် နှစ် ၉၀ ပြည့်အထိမ်း အမှတ်နေ့တွင် စာတစ်စောင်ရေးသားခဲ့သည်။ စိန့် ဖော့စ်တီးနားအား ပထမအကြိမ် ထင်ရှားပြခြင်းသည် ကရုဏာရှင်ယေဇူးအား သဒ္ဓါကြည်ညိုခြင်း၏ အခြေခံဖြစ်သည်။

၎င်းစာ၌ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် ၁၉၃၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင်စိန့်ဖော့စတီးနား ကြားခဲ့ရသည့် -“သင်မြင်သည့်ပုံစံကို စာသားနှင့်အညီဆွဲပါ။ ဤပုံကိုသင်၏ ဘုရားကျောင်း၌ ဌာပနာ၍၊ ထိုနောက်မှ ကမ္ဘာတစ်ဝှမ်း၌ ကြည်ညိုလေးမြတ်ကြစေရန် ငါအလိုရှိသည်။" စကားများကို ပြန်လည် သတိ ရခဲ့သည်။

ပုပ်ရဟန်းမင်းကြီးဖရန့်စစ်စ်က“ ဤ ထူးမြတ်လှသောပွဲသည် ကမ္ဘာတစ်ဝှမ်းလုံး၌ သိပြီးဖြစ်၍၊ ယုံကညည်သူများ ၏ နှလုံးသားထဲတွင် ရှင်သန်နေသည်ကို ပေါ့စ်မြို့၏ အသင်း သားများနှင့်အတူ ထပ်တူဝမ်းမြောက်ကြောင်း" ရေးသားခဲ့ပါသည်။

"သနားကြင်နာခြင်းကျေးဇူးတော်ကို သခင်ယေဇူးအား တောင်းလျှောက်ကြပါ။"

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် သည် ယုံကြည်သူများအား "သနားကြင်နာခြင်းကျေးဇူးတော်ကို သခင်ယေဇူးအား တောင်းလျှောက်ကြရန် တိုက် တွန်းခဲ့ပါသည်။ ခရစ်တော်၏ ကရုဏာတော်သည် “ ကျွန်ုပ်တို့အားဖက်တွယ်၍ သခင်ယေဇူးထံသို့ ပြန်လာရဲသည့် သတ္တိ ရရှိရန်၊ စက္ကရမင်တူးထဲ၌ သ ခင်ယေဇူး၏ ချစ်ခြင်းမေတ္တာနှင့် သနားကြင်နာခြင်းကို သိ မြင်ခံစားရန် ထိုးဖောက်ပေး သည်။ ဤနည်းဖြင့် သနားကြင်နာတတ်ပြီး၊ ပိုမိုသည်းခံနိုင်ကာ ပိုမို၍ ချစ်ခြင်းမေတ္တာထားနိုင်ကြပါလိမ့်မည်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် သည် သူဆက်ခံခဲ့သူ "သနားခြင်းကရုဏာတော်တမန်တော်" ဟုတင်စားခဲ့သော၊ ပုပ်ရဟန်းမင်းကြီး စိန့် ဂျွန်ပေါလ်သည် "ကမ္ဘာပေါ်ရှိ လူအားလုံးထံ ဘုရားသခင်၏ ကရု ဏာတော်ကို ခံယူစေလိုကြောင်း” လိုလားခဲ့သည်။" ဟု မှတ်ချက်ချခဲ့သည်။

၂၀၀၂ ခုနှစ်တွင် "ကရာကော့ရှိ (Krakow)" ရှိ ဘုရား သ ခင်၏ ကရုဏာတော် ဘုရားကျောင်းသို့လည်ပတ်စဉ် ပိုလန်ပုပ်ရဟန်းမင်းကြီးက “ဤသနားခြင်းကရုဏာမီးသည် ကမ္ဘာသို့လက်ဆင့်ကမ်း ရန်လိုအပ်သည်။"ဟု မိန့်ကြားခဲ့သည်။ ဘုရားသခင်၏ ကရုဏာတော်ကြောင့်ကမ္ဘာကြီးသည် ငြိမ်သက်ခြင်းကိုခံစားကြ၍ လူတို့သည် ပျော်ရွှင်ခြင်းကို ရရှိကြလိမ့်မည်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က“ ဤထင်ရှားပြခြင်းသည် ပေါ့စ်မြို့ရှိ အသင်းတော်အ တွက်၊ စိန့် ဖော့စ်တီးနား၏ ကျောင်းအတွက်၊ မယ် တော် ၏ ကရုဏာသနားခြင်း သီလ ရှင်များအတွက်၊ ပေါ့စ် မြို့အ တွက်နှင့် သင်တို့ အယောက်စီတိုင်းအတွက် စိန်ခေါ်မှုတစ် ရပ် ဖြစ်သည်။

ပုပ်ရဟန်းမင်းကြီးဖရန့်စစ် သည် နောက်ဆုံး နိဂုံးချုပ်အ နေဖြင့် “ယေဇူး၏ ကရုဏာတော်မီးကိုလက်ဆင့်ကမ်းကြပါ။ သင်တို့အလယ်၌ ဘုရား ၏ တည်ရှိခြင်းလက္ခဏာအ ဖြစ်ရှင်သန်ကြပါ။" ဟုပြောကာ ဩဝါဒတရားတော်ကို အဆုံးသတ်ခဲ့ပါသည်။

ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA

https://bit.ly/3aLGzGS 

Add new comment

2 + 3 =