ယေဇူးသခင်၏၀တ်ရုံတော်ကို သန့်ရှင်းသောစနေနေ့ကြီးက ဘုရားဖူးများဖူးမြှော်နိုင်ရန်အကြည်အညိုခံထားရှိ

ယေဇူးသခင်၏၀တ်ရုံတော်ကို သန့်ရှင်းသောစနေနေ့ကြီးက ဘုရားဖူးများဖူးမြှော်နိုင်ရန်အကြည်အညိုခံထားရှိ

ယေဇူးသခင်၏၀တ်ရုံတော်ကို သန့်ရှင်းသောစနေနေ့ကြီးက ဘုရားဖူးများဖူးမြှော်နိုင်ရန်အကြည်အညိုခံထားရှိ

          ယေဇူးသခင် လက်၀ါးကပ်တိုင်ပေါ်၌ လောကအသက်တာကုန်ဆုံးသွားသောနေ့သည် သောကြာနေ့ဖြစ်သည်။ ထိုသောကြာနေ့ည (၆) နာရီ၌ ဂျူးလူမျိုးတို့သည် ပါစကားပွဲတော်စတင်မည်ဖြစ်သည်။ ထို့ကြောင့် ယေဇူးသခင်၏တပည့် တော်များသည် ကာလ်၀ါရီတောင်မှ ဂျေရူးဆလင်မြို့ သို့အမှီပြန်ရသည်။ ဆေးကြောသန့်စင်ရသည်။ ထို့ကြောင့်အသက်မဲ့ သောယေဇူးသခင်၏ခန္ဓာကို သေချာစွာပြင်ဆင်ပေးခြင်းမပြုနိုင်ခဲ့ပေ။ ဥပုသ်နေ့လွန်မှသာသေချာစွာလာရောက်ပြင်ဆင် ပေးရန်ရည် ရွယ်ကာ ပိတ်ဖြူစဖြင့်ခန္ဓာတော်ကိုပတ်ရစ်ပေးထားခဲ့သည်။ ထို၀တ်ရုံကို ယခုနှစ်သန့်ရှင်းသောစနေနေ့ကြီး၌ ဘုရားဖူးရောက်လာသောဘာသာတူများအား တစ်နာရီခန့် ဖူးမြှော်ကြည်ညိုခွင့်ပြုခဲ့ပါသည်။

ထို၀တ်ရုံတော်ကို အီတလီနိုင် ငံ၊ တူရင်မြို့၌ထိန်းသိမ်းထားသည်။  ၀တ်ရုံတော်ကိုအထူးစီမံထိန်းသိမ်းထားပြီး၊ ထူးခြားသောနေ့ရက်များ၌သာဖူးမြှော် ကြည်ညိုနိုင်ရန်ကြည်ညိုခံထားလေ့ရှိသည်။ ယခုတစ်ကြိမ်မတိုင်မှီက နောက်ဆုံးကြည်ညိုခံစေခဲ့သည်မှာယခင်နှစ်ကဖြစ်သည်။ ယခင်နှစ်ကလည်း တစ်နာရီသာကြည်ညိုခွင့်ပြုခဲ့သည်။  

တူရင်မြို့၏ဆရာတော် Cesare Nosiglia သည် ယေဇူး သခင်၏၀တ်ရုံရှေ့၌ နီးကပ်စွာဒူးထောက်ဆုတောင်းရချိန်၌ စိတ်အလွန်ထိခိုက်ခံစားခဲ့ရကြောင်း၊ ယခုကဲ့သို့ထူးခြားစွာဖူး မြှော်ခွင့်ပေးသည့်အခါမျိုး၌ အချိန်တိုတောင်းသောကြောင့် နည်းပညာများ၏အကူအညီဖြင့်အထူးပြုလုပ်စီမံထားသောရုပ်ပုံများ၊ ရုပ်ရှင်မှတ်တမ်းမျိုးမဟုတ်ဘဲ မူရင်းဓာတော်ကိုထုတ်ပြပူဇော်ခံခြင်းဖြစ်သည်။

ထိုတစ်နာရီခန့်ဖူးမြှော်ကြည်ညိုခံ ထားချိန်၌ ရုပ်မြင်သံကြားမှတိုက်ရိုက်ထုတ်လွှင့်ပြသပေးခဲ့ပြီး၊ ကမ္ဘာတစ်လွှားမှကြည်ညိုသူများအား အနီးကပ်ဖူးမြှော်နိုင် ရန်အသေးစိပ်ရိုက်ကူးထုတ်လွှင့်ပေးခဲ့သည်။

လတ်တလော၌ အဆိုပါ၀တ်ရုံတော်ကိုဘုရားဖူးများကြည်ညိုဖူးမြှော်နိုင်ရန်ပူဇော်ခံထားရန်အစီအစဉ်မရှိသေးပေ။ သို့သော် (၂၀၂၅) ခုနှစ်နှင့်နောက်ပိုင်း၌အစီအစဉ်ရှိကောင်းရှိနိုင်ပါသည်။ အဘယ် ကြောင့်ဆိုသော် (၂၀၂၅) သည် နှစ် (၂၀၀၀) မဟာဂျူလီနှစ်အပြီး (၂၅) နှစ်ပြည့်မည်ဖြစ်၍ ထူးခြားသောနှစ်တစ်နှစ်ဖြစ်ပါ သည်။    

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: History.com

https://bit.ly/39SLdBW

 

Add new comment

10 + 0 =