ယေဇူးသခင်၏ခရူးစူးကားတိုင်လမ်းတော်လျှောက်နည်း (၈) သွယ်

ယေဇူးသခင်၏ခရူးစူးကားတိုင်လမ်းတော်လျှောက်နည်း (၈) သွယ်

ယေဇူးသခင်၏ခရူးစူးကားတိုင်လမ်းတော်လျှောက်နည်း (၈) သွယ်

            အမိကက်သလစ်သာသနာတော်ကြီး၏၀တ်ပြုခြင်း၌ အပိုင်း (၂) ပိုင်းရှိသည်။ ပထမအပိုင်းမှာ ဘုရားတစ်ဆူ တည်းကိုသာတိုက်ရိုက်ပြု သောရှိခိုးကိုးကွယ်းခြင်း (Adoration) နှင့်ဒုတိယအပိုင်းမှာကြည်ညိုခြင်း (Devotion) အပိုင်းဟူ၍ဖြစ်ပါသည်။ ဤကြည်ညိုခြင်းအပိုင်းကိုလည်း ထပ်မံ၍ (၂) ပိုင်းခွဲထားသည်။ ပထမအပိုင်းကား ဘုရား၏မယ်တော်ဖြစ်ပြီး၊ လူသားတို့၏မယ်တော်ဖြစ်သောအမိမယ်တော်တစ်ပါးတည်းကို သာပြုသောကြည်ညိုလေးမြတ်သည့်အ ပိုင်း () နှင့်အမိကက်သလစ်သာသနာတော်ကြီးမှရဟန္တာ၊ သူတော်မြတ်များအဖြစ်သတ်မှတ်ချက်များ နှင့်ညီတင်မြောက်ထားသောရဟန္တာများအားကြည်ညိုခြင်း () နှင့်၀ိညာဉ်ရေးကောင်းကျိုးကိုဖြစ်စေသောသမ္မာကျမ်းလာဖြစ်စဉ်များကိုပြန် လည်အမှတ်ရကျင်းပခြင်းတို့သည်လည်းကြည်ညိုခြင်းအပိုင်း၌အကျုံး၀င်သည်။

            ဤအပိုင်း၌ ယေဇူးသခင်၏ခရူးစူးကားလျှောက်လှမ်းခြင်းလည်းပါသည်။ ခရူးစူးကားလှည့်ခြင်းကို အစဉ်အလာအရ (၁၄) ရပ်အဖြစ် သတ်မှတ်ထားသည်။ ဤ (၁၄) ရပ်လုံးသည် သမ္မာကျမ်းစာ၌ဖော်ထားခြင်းမရှိပေ။ ဥပမာအားဖြင့် ယေဇူးသခင်သည်လေးလံလှသောကားတိုင် တော်ကိုထမ်းယူရာ၌ တစ်ညလုံးနှိပ်စက်ခံထားရခြင်းကြောင့်လည်းကောင်း၊ သွေးထွက်လွန်၍လည်းကောင်းလဲမည်မှာသေချာပါသည်။ သို့သော် (၃) ကြိမ်လဲသည်ဟုတိတိကျကျဖော်ပြမထားပေ။ သို့သော်လူသားတို့၏အပြစ်ကိုမကြာခဏပြန်လည်ပြုလုပ်ခြင်းသည် ယေဇူးသခင်၏ကားတိုင် တော်ကိုလေးလံစေပြီး၊ လဲကျစေရန်အကြောင်းအရင်းဖြစ်သည်ကိုအမှတ်ရစေလို၍အကြိမ်ရေကိုထည့်သွင်းထားခြင်းဖြစ်သည်။

            ခရူးစူးကားတိုင်လမ်းလျှောက်ခြင်းနှင့်ပတ်သက်၍ အောက်၌အသွင်အမျိုးမျိုးဖြင့်လျှောက်နိုင်ကြောင်းကိုဖော်ပြပေးသွားမည်ဖြစ်ပါ သည်။ ကက်သလစ်ဘာသာ၀င်အတော်များများသည် သမာရိုးကျ (၁၄) ရပ်ကိုသာရင်းနှီးပြီး၊ လျှောက် ကြသည်။ ယေဇူးသခင်လေးလံလှသော ကားတိုင်ထမ်း၍ မတ်စောက်လှသည်ကာလ်၀ါရီတောင်ပေါ်သို့တက်ရောက် သည့်ဖြစ်စဉ်ကို ၀ိညာဉ်ရေးရာအတွက်ဆင်ခြင်ထောက်ရူဖွယ်ရာ အဖြစ်စတင်မိတ်ဆက်ပေးခဲ့သည့်အသင်းအဖွဲ့မှဖရန် စ္စကင်ရသေ့များဖြစ်သည်။ ဤကြည်ညိုခြင်းကို (၁၄) ရာစုမှစတင်ခဲ့သည်။

               နှုတ်တိုက်ရာဇ၀င်အရ အမိမယ်တော်သည် ယေဇူးသခင်ကားတိုင်တော်ထမ်းရာလမ်းတစ်လျှောက် လိုက်ပါခဲ့သည်ဟူ၍လည်း ကောင်း၊ ယေဇူးသခင်ကောင်းကင်ဘုံသို့တက်ကြွသွားပြီးနောက်ပိုင်း၌ ယေဇူးသခင်ဒုက္ခခံထမ်းလျှောက်လှမ်းခဲ့သောကားတိုင်လမ်းသို့လည်း ကောင်း၊ (၃) ရက်တာမြှုပ်နှံခဲ့သောသချိုင်းဂူသို့လည်းကောင်းသွားရောက်လေ့ရှိသည်ဟုဆိုပါသည်။ ထိုအစဉ်အလာကိုအခြေပြု၍လည်းဤကား တိုင်လမ်းလျှောက်သည့်ကြည်ညိုခြင်းဖြစ်ပေါ်လာခဲ့သည်။

            ခရူးစူးကားတိုင်လမ်းလျှောက်ရာတွင် မည်သို့မည်ပုံလျှောက်ရမည်ဟု ပုံသေသတ်မှတ်ချက်မရှိပေ။ ကားတိုင်လမ်း (၁၄) ရပ်သည်ပင် ယခုအခါအချို့နေရာများ၌ ပိုမိုလေးနက်သော၀ိညာဉ်ရေးအတွေးအခေါ်အခြေခံ၍ ယေဇူးသခင်၏ရှင်ပြန်ထမြောက်ခြင်းအရပ်ကိုလည်းထည့် သွင်းလာရာ (၁၄) ရပ်မှသည် (၁၅) ပင်ရှိလာသည်။ အဘယ်ကြောင့်ဆိုသော် ယေဇူးသခင်၏ပါစကားနက်နဲရာအသက်တာ၌ ဒုက္ခခံခြင်း၊ သေခြင်း ဖြင့်ပြီးဆုံးသွားသည်မဟုတ်ပေ။ ရှင်ပြန်ထမြောက်ခြင်းသည်ဘုရားအဖြစ်တော်ကိုဖော်ပြသောအမြင့်ဆုံးသောအဖြေအနေဖြစ်သည်။ ထို့ကြောင့် အစွန်းရောက်သောကြည်ညိုခြင်းမျိုး၊ အမိသာသနာတော်ကြီး၏သွန်သင်ချက်များနှင့်သွေဖီသွားနိုင်သည့်ကြည်ညိုခြင်းမျိုးမဟုတ်လျှင် အခြေအ နေပေါ်မူတည်၍ပြင်ဆင်နိုင်ပါသည်။

            ယခုခရူးစူးကားတိုင်လမ်းလျှောက်နည်း (၈) နည်းကိုဖော်ပြပေးပါမည်။        

၁။ ယေဇူးသခင် (၇) ကြိမ်လဲခြင်းအကြောင်း

            (၁၈) ရာစုမတိုင်မီအထိ ခရူးစူးကားတိုင်၏အရပ်များကို (၁၄) ဟုသတ်မှတ်ချက်မရှိခဲ့ပေ။ ထိုသို့တိကျသော သတ်မှတ်ချက်မရှိမီအချိန် အထိ နံပါတ် (၇) ကိုဦးစားပေး၍ (၇) ရပ်ကိုသာထောက်ရူလျှောက်လှမ်းခဲ့ကြသည်။ နံပါတ် (၇) သည်ကျမ်းစာအခြေခံသောနံပါတ်ဖြစ်ပြီး၊ လူသိ များကြသည်။ လူကြိုက်လည်းများသည်။ ခရစ်ယာန်များကြား၌နံပါတ် (၇) သည် ‘စုံလင်သော’ နံပါတ်အဖြစ်သတ်မှတ်ကြသည်။ (ဥပမာ - ယေဇူးသခင်မိန့်ကြားခဲ့သောနောက်ဆုံးစကား (၇) ခွန်း၊ အမိမယ်တော်၏ကြေကွဲဖွယ်ရာဒဏ်ရာတော် (၇) ချက်၊ ခုနှစ်ရက်မြောက်သောနေ့၊ ဖန်ဆင်းခြင်းကို (၆) ရက်ပြုလုပ်၍ခုနှစ်ရက်နေ့၌နားစက်တော်မူခြင်း) ထို့ကြောင့်ရှေ့ဦးခရစ်ယာန်များအနေဖြင့် ကားတိုင်လမ်း၏ကြည်ညိုခြင်း ကိုစတင်ခဲ့စဉ်က နံပါတ် (၇) ကိုသာအသားပေးပြီး၊ (၇) ရပ်သာရှိခဲ့သည်။ ကက်သလစ်စွယ်စုံကျမ်း၌ဖော်ပြထားချက်အရ ခရူးစူးကားတိုင်လမ်း သည်တစ်ချိန်တစ်ခါ ‘ဂျာမဏီ’ နိုင်ငံ၌ ကြည်ညိုမူအလွန်မြင့်မားခဲ့သည်ဟုဆိုထားပါသည်။ (၁၄၉၀) ခုနှစ်က ဂျာမဏိနိုင်ငံ  Nuremburg ၌ ယေဇူးသခင်၏ ကားတိုင်လမ်းကိုပုံဖော်ထုလုပ်ထားသောပန်းပုလက်ရာ၌ တစ်ရပ်ခြင်းစီတွင် ယေဇူးသခင်လေးလံသောကားတိုင်ထမ်း၍ လဲနေ သည့်ပုံ၊ ကားတိုင်တော်အောက်၌မှောက်နေသည့်ပုံစသည်ဖြင့်ပုံဖော်ထားပါသည်။ ထို့ကြောင့်ပင်လျင် ခရူးစူးကားလမ်းလျှောက်ခြင်းကိုထိုခေတ် အခါက ‘(၇) ကြိမ်လဲ တော်မူသည့်ကြည် ညိုခြင်း’ ဟုခေါ်‌‌‌ေ၀ါ်ခဲ့ကြသည်။     

၂။ မိခင်၏လမ်းတော် (မိခင်၏သောကခြေရာ) (Via Matris )

            Via Matris  ဟုလည်းခေါ်ခဲ့ကြပြန်သည်။ အဘယ်ကြောင့်ဆိုသော် ဖရန်စ္စကင်ရသေ့များသည် ‘ကားတိုင်လမ်း’ တစ်ခုတည်းကို သာဇောင်းပေးထောက်ရူခဲ့ကြသည်မဟုတ်ပေ။ ဤကြည်ညိုခြင်း၌မူ အမိမယ်တော်၏ဒဏ်ရာတော် (၇) ချက်နှင့်မယ်တော်၏သက်တော်စဉ်ကို ထောက်ရူထားသည်။ ယေဇူးသခင်၏ကားတိုင်တော်လမ်းကို မိမိတို့ကျင့်စဉ်အဖြစ်ခံယူရှင်သန်သော ‘ကြေကွဲခြင်း၏မယ်တော်’ သီလရှင်အသင်း မှသီလရှင်တို့၏ပြောပြချက်အရ Via Matris Dolorosae (မိခင်သောကလမ်းတော်) ဟုအမည်ပေးထားသော ကြည်ညိုမူတစ်ရပ်ကိုလည်း ဗာတီကန်ရုံးတော်မှ၀တ်ပြုခြင်းဆိုင်ရာဌာနကအသိအမှတ်ပြုထားပြီဟုဆိုပါသည်။ ထိုကြည်ညိုခြင်းသည် (၁၆) ရာစုကပင်ရှိခဲ့ကြောင်း၊ သို့သော် ယခုမှာ (၁၉) ရာစု၏မူရင်းကိုပြန်လည်ပြင်ဆင်ဖြည့်စွပ်ထားခြင်းဖြစ်သည်ဟုဆိုပါသည်။

၃။ အကယ်၍သင်သည် ယေဇူးသခင်ကားတိုင်လမ်းလျှောက်ခဲ့သောနေရာသို့ရောက်ရှိသွားသောအခါအဘယ်သို့ဆုတောင်းမည်နည်း။

            ဤအချက်သည် ကျွန်ုပ်တို့၏ဆုတောင်းခြင်းကိုထိထိမိမိပြုလုပ်နိုင်ရန်အလွန်အရေးကြီးသည်။ ဘုရားသခင်သည် စကြာ၀ဋာ၊ မိုး ကောင်းကင်နှင့်ကမ္ဘာမြေကြီး၊ သင်နှင့်ကျွန်ုပ်ကိုတည်ရှိလာစေရန်အာရုံခံခဲ့သည်။ ဘုရားသခင်အား ကျွန်ုပ်တို့ပြန်လည်ဖြည့်တွေးပေးနိုင်သည် ကား ကျွန်ုပ်တို့သည်သူ၏ဖန်ဆင်းခြင်းလုပ်ဖော်ဆောင်ဖက်ကောင်းများဖြစ်ရန်၊ သို့ဖြင့်ကမ္ဘာကြီးသည်သူအားဖြင့်တည်ရှိနေမည်ကိုအာရုံခံနိုင် မည်ဖြစ်သည်။ စိန့်အီညှေးရှက်က အာရုံခံတတ်ခြင်းသည် ဆုတောင်းခြင်းကိုပို၍အသက်၀င်စေသည်။ အဘယ်ကြောင့်ဆိုသော် ဤနည်းအားဖြင့် ကျွန်ုပ်တို့၏အတွေး၊ ကျွန်ုပ်တို့၏ခံစားချက်များကိုဖော်ထုတ်ပြသနေခြင်းဖြစ်သည်။ ထိုအတွေး၊ ခံစားချက်များသည် ဘုရားသခင်နှင့်ချိပ်ဆက် ထားသည်ဟုသင်ကြားခဲ့သည်။ ထို့ကြောင့် ခရူးစူးအမှတ်အသားပြုခြင်းကိုခေတ္တအာရုံခံကြည့်လိုက်ပါ။ ခမည်းတော်၊ သားတော်ဟုအသံထွက်၍ ရွတ်ဆိုပူဇော်လိုက်သောအခါ အတွေး (ဦးခေါင်း) နှင့်ခံစားချက် (နှလုံး) ကိုချိပ်ဆက်လိုက်ပြီးဖြစ်သည်။ အာရုံခံခြင်းသည် ထိတွေ့ဆက်ဆံခြင်း၏ ရလာဒ်ဖြစ်သည်ဟုဆိုနိုင်ပါသည်။ ထို့ကြောင့်အာရုံခံခြင်းကို ခရူးစူးကားတိုင်တော်လျှောက်သည့်အခါ၌ အာရုံခံ၍ထောက်ရူလျင် ကျွန်ုပ်တို့အား ယေဇူးသခင်နှင့်ချိပ်ဆက်ပေးသည်ဟုဆိုပါသည်။         

၄။ ခရူးစူးကားတိုင်လမ်းကိုပုံတော်များ၊ ဆုတောင်းမေတ္တာများဖြင့်လျှောက်ပါ။

            ယေဇူးသခင်၏ကားတိုင်တော်လမ်းလျှောက်ခြင်းဖြစ်စဉ်၌ ကိုယ်၊ စိတ်၊ နှလုံးသုံးပါးနစ်၍လျှောက်လှမ်းရန် အကောင်းဆုံးနည်းမှာ ‘Stations of the Cross’ ဟုခေါ်သော ‘ကားတိုင်တော်လမ်း’ ပင်ဖြစ်သည်။ ဤကြည်ညိုခြင်းကို ဖရန်စ္စကင်ရသေ့များကစတင်မိတ် ဆက်ပေးခဲ့သည်။ ၄င်းတို့သည် ယေဇူးသခင်မွေးဖွားသန့်စင်ပြီး၊ တရားဒေသနာဟောကြား၍အသေခံကာရှင်ပြန်ထမြောက်ခဲ့သော ‘သန့်ရှင်းရာ မြေ’ ဖြစ်သည့်ပါလက်စတိုင်းတစ်ခွင်ရှိ အမိကက်သလစ်သာသနာတော်ကြီးပိုင်သည့် ဘုရား‌ကျောင်းများ၊ သန့်ရှင်းရာနေရာများကိုစောင့်ရှောက် ကာကွယ်ရန်အတွက် (၁၃၄၂) ခုနှစ်၌တာ၀န်ပေးအပ်ခြင်းခံခဲ့ရသည်။ သို့ဖြင့်၀ိညာဉ်ရေးအတွက်အထောက်အကူဖြစ်စေမည့်အမူများကိုစတင်ခဲ့ သည်။ ထိုအမူများအနက် ‘ခရူးစူးကားတိုင်တော်လမ်း’ လည်းပါသည်။ ယေဇူးသခင်ဒုက္ခလမ်းလျှောက်ခဲ့သော သမိုင်း၀င်နေရာများသို့ကိုယ်တိုင် ကိုယ်ကျဘုရားဖူးမလာရောက်နိုင်သောသူများအားလည်း ရောက်သည့်အလားအာရုံခံစားနိုင်ရန်ပုံတော်များ၊ ပန်းပုဆင်းတုတော်များကိုထုဆစ် ထုတ်‌ေ၀ခဲ့သည်။ ဤသို့ဖြင့်သောကြာနေ့ကြီး၌ယေဇူးသခင်သည် လူသားများအတွက်အဘယ်သို့ဒုက္ခထမ်းခဲ့သည်ကိုခံစားနိုင်ရန်ဖြစ်သည်။

၅။ အလွန်တိုတောင်းသောခရူးစူးကားတိုင်လမ်းလျှောက်နည်း

            ခရူးစူးကားတိုင်လမ်းလျှောက်ခြင်း၌ ဖရန်စ္စကင်ရသေ့များကျောင်း၌မရှိဘဲ သာသနာပြုခရီးထွက်နေရသည့်အချိန်မျိုး၌ အသုံးအများ ဆုံးနည်းလမ်းကား ၄င်းတို့ပြုနေသောခရီးလမ်း၌တစ်လျှောက်၌ ယေဇူးသခင်နှင့်အတူကားတိုင်လမ်းလျှောက်နေသည့်အလားအာရုံပြုခံစားကာ ဆုတောင်းခြင်းဖြစ်သည်။ ဤ၀ိညာဉ်ရေးကျင့်စဉ်ကို ဖရန်စ္စကင်ရသေ့များသည် (၁၄) ရာစုမှစ၍ကျင့်ကြံခဲ့ကြသည်။ ထို့ကြောင့်ဤဆုတောင်း နည်းသည် ကားတိုင်လမ်းတစ်ရပ်စီ၌အဘယ်မျှကြာထောက်ရူသည့်အပေါ်မူတည်၍အချိန်ကြာနိုင်၊ တိုနိုင်သည်။ ဆုတောင်းမေတ္တာကိုမိမိ ထောက်ရူ၍ခံစားရသည့်အတိုင်းပူဇော်ရန်ဖြစ်သည်။ သတ်မှတ်ထားသောဆုတောင်းမေတ္တာများကိုရွတ်ဆိုရန်မလိုအပ်ပေ။   

၆။ အချိန်မပေးနိုင်သူများအတွက် ခရူးစူးကားလမ်းလျှောက်ခြင်း

            ဘုရားသခင်ပေးထားသော (၂၄) နာရီအနက် ဘုရားသခင်အား တစ်ရက်လျှင် တစ်နာရီပြန်ပေးရန်မှာမများလှပေ။ ထိုတစ်နာရီကိုပင်မ ပေးနိုင်အောင်အလုပ်ရှုပ်သောကက်သလစ်ခရစ်ယာန်များရှိကြသည်။ ဘုရားထက်ပင်အလုပ်များသည်ဟုလွန်ကဲစွာပြောဆိုရတော့မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယေဇူးသခင်သည် အဘယ်မျှအလုပ်များသော်လည်း ဘုရားသခင်ကိုအချိန်ပေးနိုင်အောင်ကြိုးစားသည်။ သို့သော်အမိ သာသနာတော်ကြီးသည် အလုပ်ရှုပ်သောဘာသာတူများ၏၀ိညာဉ်ရေးကိုလည်းငဲ့ညှာ၍ ၀ိညာဉ်ရေး၀တ္တရားများမလစ်ဟင်းစေရန်နားလည်၍ စီစဉ်ထားပေးသည်။ ၀ိညာဉ်ရေးကောင်းကျိုးများမလစ်ဟင်းစေလိုသောကြောင့်ဖြစ်သည်။ ဤနာကျင်ခက်ခဲပြင်းထန်လှသောကားတိုင်တော် လမ်းကြောင့်လူသားတို့အားကယ်တင်ခြင်းကျေးဇူးတော်ကိုပေးခဲ့သည်။ တစ်နေ့တာအတွင်း အလုပ်အနည်းငယ်ပါးချိန်၌ ကားတိုင်လမ်းတစ်ရပ် စီကိုပြန်ထောက်ရူအာရုံပြုလိုက်ပါ။ ဤဆုတောင်းနည်းကိုပြုလုပ်ရန် ဘုရားကျောင်းသို့သွားရန်မလို။ မိမိရှိနေသည့်နေရာ၊ ရသည့်အချိန်၌တိတ် ဆိတ်စွာခေတ္တနေ၍ထောက်ရူဆင်ခြင်ရန်သာဖြစ်သည်။ ဤနည်းလမ်းကို (၁၇၈၇) ခုနှစ်၊ စိန့်အာဖောင်းဆုစ့်လီဂူးရီ ကစတင်မိတ်ဆက်ပေးခဲ့ သည်။   

၇။ အပြစ်ရှိသောသူတို့၏ကားတိုင်လျှောက်နည်း

            ရဟန်းမင်းကြီးဖရန်စစ်က ‘ကျွန်ုပ်တို့ကမ္ဘာကြီး၏ ပျက်စီးခြင်းအမှတ်လက္ခာကား အပြစ်ရှိသည်ဟုမခံစားရတော့ခြင်းဖြစ်သည်’ ဟုမိန့် ခဲ့သည်။ အပြစ်၏သွေးပျက်စရာအဖြစ်ကိုပြန်လည်ခံစားမြင်ယောင်ရန်အကောင်းဆုံးမှာ လူသားတို့အပြစ်အတွက် ယေဇူးသခင်ခံထမ်းလျှောက် လှမ်းခဲ့သော ဒုက္ခကားတိုင်လမ်းကိုဆင်ခြင်ထောက်ရူ၍အကျင့်ပြောင်းလဲရန်ဖြစ်သည်။ ကားတိုင်တစ်ရပ်ခြင်းစီ၌မိမိကျူးလွန်ခဲ့သောအပြစ်၏ ဆိုးကျိုးများကိုထောက်ရူဆင်ခြင်ရန်ဖြစ်သည်။

၈။ စိန့်ဂျိုးဇက်နှင့်အတူဒုက္ခကားတိုင်လမ်းလျှောက်ခြင်း

            စိန့်ဂျိုးဇက်သည် သန့်ရှင်းသောအိမ်ထောင်စု၏ အိမ်ထောင်ဦးစီးလည်းဖြစ်ပြီး၊ အထိန်းတော်လည်းဖြစ်သည်။ အမိမယ်တော်နှင့်အတူ ယေဇူးသခင်၏ဒုက္ခကားတိုင်လမ်းကိုလျှောက်ခဲ့ကြသကဲ့သို့ စိန့်ဂျိုးဇက်နှင့်အတူလျှောက်ရန်တွေးမိပါသလော။ ယေဇူးသခင်၏ဒုက္ခလမ်းစဉ်သည် စိန့်ဂျိုးဇက်နှင့်ဘာမျှမဆိုင်သကဲ့သို့ဖြစ်ကောင်းဖြစ်နေမည်။ အဘယ်ကြောင့်ဆိုသော် ယေဇူးသခင်ဒုက္ခကားတိုင်လမ်းလျှောက်နေသောအချိန်၌ စိန့်ဂျိုးဇက်သက်ရှိထင်ရှားမရှိတော့ပေ။ မှန်ပါသည်။ သို့သော် စိန့်ဂျိုးဇက်နှင့်အတူ ဒုက္ခကားတိုင်လမ်းကိုလျှောက်၍ သူ၏ထပ်ဆင့်ဆုတောင်း ပေးခြင်းကိုခံယူနိုင်ပါသည်။ အဘယ်သို့နည်း။ ဘုရားသခင်၏အကြံအစည်တော်ကိုဖော်ဆောင်ရန် စိန့်ဂျိုးဇက်၏နှိမ့်ချစွာအသုံးတော်ခံခဲ့သည် များကိုထောက်ရူဆင်ခြင်၍ဘုရားသခင်၏ယုံကြည်မူ၊ ဘုရားသခင်၏အသုံးပြုခြင်းကိုခံရရန်အဘယ်သို့သောစိတ်နေသဘောထားရှိရမည်၊ အဘယ်သို့သောအကျင့်သီလမျိုးရှိရမည်ကိုထောက်ရူနိုင်သည်။ ထို့နောက်ဘုရားသခင်ပေးအပ်လာသော တာ၀န်ဖြစ်သည့် သူငယ်တော်ယေဇူး အားအခက်အခဲများကြား၌ မငြီးမငြူဘဲအသက်ဘေးမှစောင့်ရှောက်ခဲ့သည်။ ဤနည်းအားဖြင့် စိန့်ဂျိုးဇက်သည်အဘယ်သို့ပေးဆက်ခဲ့ကြောင်း နှင့်ကယ်တင်ခြင်းလုပ်ငန်းစဉ်၌ပါ၀င်ခဲ့ကြောင်းသိနိုင်ပြီး၊ ကျွန်ုပ်တို့လည်းအဘယ်သို့ပါ၀င်နိုင်သည်ကိုလည်းဆင်ခြင်နိုင်ပါသည်။         

 
ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
Photo courtesy of: Philippe Lissac | Godong

https://bit.ly/3lKY91o

Add new comment

17 + 2 =