ယေဇူးသခင်ကျွန်ုပ်တို့အားပေးလိုသောအသက်သစ်ကိုလူသိအောင်မြှင့်တင်လုပ်ဆောင်ပါ။

ယေဇူးသခင်ကျွန်ုပ်တို့အားပေးလိုသောအသက်သစ်ကိုလူသိအောင်မြှင့်တင်လုပ်ဆောင်ပါ။

ယေဇူးသခင်ကျွန်ုပ်တို့အားပေးလိုသောအသက်သစ်ကိုလူသိအောင်မြှင့်တင်လုပ်ဆောင်ပါ။

ဆရာတော်ကြီးများ၏တာ၀န်များစွာရှိသည့်အနက် မိမိတို့၏သာ သနာအတွင်းမိမိတို့၏နှင့်အတူ လက်တွဲ၍သာသနာအမူတော် ကို ဆောင်နေကြသောရဟန်းတော်များ၊ ကိုရင်ကြီးများ၊ သီလရှင်များထံ သို့သိုးထိန်းစာကိုရေးသားပေးပို့ရသည့်တာ၀န်တစ်ပါးလည်းပါသည်။ အ လွန်လည်းအရေးကြီးသည်။ တ ပည့်တော်ကြီးများဆုံးမဩ၀ဒစာစောင်ရေးသား၍ ဆုတောင်းပေးခြင်း၊ နှုတ်ဆက်ခြင်း၊ ဆုံးမစရာ၊ သတိ ပေးစရာ၊ ချီးမွှမ်းစရာရှိသည်တို့ကိုရေးသားပေးပို့ရသည့်တာ၀န်တစ်ပါးဖြစ်သည်။
ရဟန်းမင်းကြီးဖရန်စစ်သည်လည်းကမ္ဘာတစ်ဝှမ်းရှိကက်သလစ်သာသနာတော်ကြီးအတွက်ဆို လျင်ကက်သလစ်ရဟန်းများအားလုံး၏ အကြီးအမှူး ‘ရဟန်းမင်းကြီး’ ဖြစ်သော်လည်း ရောမဂိုဏ်းချုပ် သာသနာအတွက်မူဂိုဏ်းချုပ်ဆရာတော်တစ်ပါးသာဖြစ်သည်။ ထို့ကြောင့်ရဟန်း မင်းကြီးသည်မအားမ လပ်သော်လည်း ရောမဂိုဏ်းချုပ်သာသနာအတွင်းရှိသာသနာအုပ်စုများသို့သွားရောက်၍ဘာသာတူ များနှင့်မစ္ဆားပူဇော် ဆုတောင်းခြင်း၊ တွေ့ဆုံခြင်းများကိုပြုလုပ်ရသည်။ ထို့အတူရောမဂိုဏ်းချုပ်သာသ နာအတွင်းရှိရဟန်းများနှင့်လည်းတွေ့ဆုံခြင်း၊ စာရေးသား အားပေးလမ်းညွှန်ခြင်းများပြုလုပ်ရသည်။
ရဟန်းမင်းကြီးသည်နှစ်စဉ်ပါစကားကာလ၊ ကြာသပတေးနေ့ကြီး၌ကမ္ဘာပေါ်ရှိရဟန်းများထံရေး သားပေးပို့သောစာအပြင်၊ ရောမသာ သနာအတွင်းရှိသူ၏ရဟန်းတော်များအားလည်းသီးသန့်ရေးသား ပေးပို့လေ့ရှိသည်။ ယခုနှစ် (၂၀၂၀) ၏ကြာသပတေးနေ့ကြီးကိုမူကိုဗစ် (၁၉) ရောဂါကပ်ဆိုးကြောင့် ဘာသာတူမပါဘဲကျင်းပခဲ့ရသည်။ သို့သော်စာကိုမူရေးသားပေးပို့ခဲ့သည်။ ထိုစာ၌ ရဟန်းမင်းကြီးအနေ ဖြင့်ဘာသာတူတို့ ၏အနီးအပါး၌အဖော်ပြုပေးရန်၊ ဝေမျှရန်နှင့်ကိုဗစ် (၁၉) ကာလအတွင်း ဘာသာ ရေးဆိုင်ရာအသိ၊ ခံယူချက်များဖြင့်တုန့်ပြန်ပေးလိုကြောင်း၊ အစပျိုးနေသောအခြေ အနေသစ်သည် ကျွန်ုပ်တို့ဉာဏ် ပညာ၊ အမြင်ရှိခြင်း၊ အတူ တကွဆက်ကပ်လိုခြင်းတို့ကိုတောင်းဆိုနေသည်။ သို့မှသာ စိုက် ထုတ်လိုက်သောအား၊ ပေးဆက်မူများအားလုံးသည်အကျိုးမဲ့သက်သက်ဖြစ်သွားမည်မဟုတ်ပေ။
ရဟန်းမင်းကြီးအနေဖြင့်ပြီးခဲ့သောကြာသပတေးနေ့ကြီးမနက်ပိုင်း (သန့်ရှင်းသောဆီတော်သုံး မျိုးဖန်ဆင်းသောမနက် - ခရစ္ဆမားမ စ္ဆားဟုလည်းခေါ်သည်။) က ရောမဂိုဏ်းချုပ်သာသနာအတွင်းရှိရ ဟန်းတော်များနှင့်ဆုံဆည်းရန်မျှော်လင့်ခဲ့ကြောင်း၊ ကိုဗစ် (၁၉) ၏မျှော်လင့်မ ထားသောအရေးပေါ်အ ခြေအနေကြောင့်ရွေ့ဆိုင်းခဲ့ရသည်။ ဂိုဏ်းချုပ်သာသနာမှစုစည်းကျင်းပသော၀တ်ပြုမဖြစ်မြောက် ၍ယ ခုကဲ့သို့စာရေး သားပေးပို့လိုက်ရကြောင်း၊ ရဟန်းအချို့မှသာသနာအတွင်း၏လိုအပ်ချက်များနှင့်ကြိုးစား ၍အကောင်းဆုံးသက်သေခံရှင်သန်နေ ကြောင်းဝေ ဌပေးမူကြောင့်များစွာအားတက်ခဲ့ရကြောင်း၊ အီတ လီတစ်နိုင်ငံလုံးနှင့်အတူကိုဗစ် (၁၉) ကပ်ဆိုးမကူးစက်မပျံ့ပွားရေးမြစ်တားချက် များတင်း တင်းကြပ် ကြပ်ရှိနေသည်။ အီတလီနိုင်ငံသည်ကိုဗစ် (၁၉) ၏အလူးအလဲတိုက်ခိုက်ထိုးနက်ခံခဲ့ရသောကြောင့် (၂၃၀၀၀၀) ဦးရောဂါကူးစက် ခံ ခဲ့ရပြီး၊ သေဆုံးသူ (၃၃၀၀၀) ဉီးရှိခဲ့သည်။
ရဟန်းမင်းကြီးဆက်လက်၍ယေဇူးသခင်၏တပည့်တော်ကြီးများသည် ပထမပါစကားပွဲကျင်း ပအပြီး အထက်ခန်း၌သာစုဝေးနေကြသည်။ ၄င်းတို့သည်ကြောက်ရွံ့သောကြောင့်တံခါးများပိတ်၍ နေစဉ်၌ယေဇူးသခင်သည်အလယ် ၌ပေါ်လာပြီး၊ ငြိမ်းချမ်းခြင်းရှိစေရန်နှုတ် ဆက်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်စေလွှတ်မည့်အကြောင်းမိန့်ကြားခဲ့သည်။

လူများနှင့်နီးနီးကပ်ကပ်ရှိခဲ့ကြသည်။

ရောမဂိုဏ်းချုပ်သာသနာမှရဟန်းတော်များသည် ကိုဗစ် (၁၉) အရေးပေါ်ကာလအတွင်း မိမိတို့ ၏ဘာ သာတူများနှင့်နီးနီးကပ်ကပ် ရှိခဲ့ကြောင်း၊ လူတို့၏အခက်အခဲကိုတတ်အားသရွေ့မျှယူကူညီပေးခဲ့ ကြောင်း၊ လူတို့၏ပူဆွေးမူများကိုလည်းတစ်စိတ်တစ်ဝမ်းတည်း ထား၍မျှ ယူအပူငြိမ်းခဲ့ကြောင်း၊ ရောဂါ ကြောင့်မိသားစု၀င်များဆုံးရှုံးခဲ့ရသောမိသားစုများ၊ ကျန်းမာရေး၀န်ထမ်းများ၊ လူမူရေး၀န်ထမ်းများ၊ အပယ်ခံ၊ အမေ့ခံ၊ ထိလွယ်ရှလွယ်သောအခြေအနေမျိုး၌ရှိနေသူများကိုအားပေးနှစ်သိမ့်ခဲ့ကြောင်း၊ ၄င်း တို့နှင့်အတူကျွန်ုပ်တို့လည်းထိလွယ်ရှလွယ် ကြောင်းကိုသိလာခဲ့ရကြောင်းနှင့်အရေးအကြောင်းဆိုလျင် ကူမည့်ကယ်မည့်သူမရှိဖြစ်တတ်ကြောင်းကိုကြုံတွေ့ခဲ့ရကြောင်း၊ ဤရောဂါကပ်ဆိုး ကြီးသည် မြင့် သည်၊ မြတ်သည်၊ ချမ်းသာသည်၊ ချို့တဲ့သည်မရွေး။ မိသားစု၊ လူမူရေးအခြေအနေကိုမထောက်။ လူ တိုင်းကူးစက်ခံစားခဲ့ရသည်။ ကျွန်ုပ်တို့၏အထင်အမြင်များသည်စိန်ခေါ်ခံရသည်။ မေးစရာအကြောင်း အရာအဟောင်း၊ အသစ်များသည်ကျွန်ုပ်တို့၏အာရုံစိုက်မူကို လိုအပ် လာသည်။ ဤမေးခွန်းများသည်သ မာရိုးကျအတိုင်းဖြေကြား၍မရ။ ပြန်သွား၍မရ။ အသက်သစ်ကိုမြှင့်တင်လုပ်ဆောင်ရမည်။ ထိုအသက် သစ် ကားရှင်ပြန်ထမြောက်တော်မူသောသခင်သည်ကျွန်ုပ်တို့အားပေးလိုသေအသက်ဖြစ်သည်။ အ နှောက် အယှက်ကိုတွန်းလှန် ၍ကျွန်ုပ် တို့ကိုယ်ကို အားပေးကာမျှော်လင့်ချက်ဖြင့်ကျွန်ုပ်တို့၏ ဖန်တီးမူ၊ ကျွန်ုပ်တို့၏ ကိုယ်စွမ်း ကိုယ်စများဖြင့်ပြန်လည်စတင်ရမည်ဖြစ်သည်။

နေ့သစ်တစ်ရက်

ယေဇူးသခင်သည်စံထားလောက်သောစံနှုန်းတစ်ခုကိုသူ၏ တပည့် တော်ကြီးများအားထည့်လသွင်း ပေးရန်အားမထုတ်။ သို့သော်တပည့် တော်ကြီးများထံသို့ကိုယ်ပေါ်လာသောအခါယေဇူးသခင်သည်လူ့ အတွေးအခေါ်၊ သမိုင်းအဖြစ်အပျက်များ၏အဓိပ္ပါယ်ကိုပြောင်းလဲပစ်နိုင်သည် ပစ်နိုင်သည်။ ယေဇူးသ ခင်၏ရှိနေခြင်းသည် ‘နေ့သစ်တစ်ရက်’ ဟုကြေငြာခြင်းဖြစ်သည်။ ထို့ကြောင့်ရဟန်းတော်ကြီးများအနေဖြင့်ကိုဗစ် (၁၉) ကြောင့်ရှုပ်ထွေးနေသော်လည်းဤပထမအဆင့်ဖြေလျော့လိုက်ခြင်းကြောင့်ရှေ့ ဆက်တိုးရန်ကြောက်ရွံ့မနေသင့်။ ခရစ်ယာန်တို့၏ပျော်ရွှင်ခြင်း သည် ‘ယေဇူးသခင်ကျွန်ုပ်တို့အလယ် တွင်ရှိသည်’ ဆိုသည့်အလွန်သေချာသောယုံကြည်မှမွေးဖွားလာသည်။ ယေဇူးသခင်ကဲ့သို့ ဘ၀၌ကြုံ လာ သည့်အတိုင်းခွင့်ပြုကျော်ဖြတ်ခြင်းသည် ‘ငိုသောသူများနှင့်အတူငိုကြွေးခြင်း’ နှင့်တူသည်။ ဤသို့ ဖြင့်နက်ရှိုင်းသောဘ၀ဆီသို့ရောက်ရှိနိုင်ပြီး၊ အမှန်တကယ်ပျော်ရွှင်မည်ဖြစ်သည်။
အရာများသည်ပြောင်းလဲနိုင်သည်။
အနာဂါတ်ကိုကြေငြာရန်နှင့်ဟောကိန်းထုတ်ရန်မှာရဟန်းတော်များ၏အမူတော်ဖြစ်သည်။ ရှင် ပြန်ထမြောက်ခြင်းသည်သမိုင်း၀င် သည့်အတိတ်၏ဖြစ်ရပ်သက်သက်မဟုတ်။ အချိန်ကာလအသစ်၏ ကယ်တင်ခြင်းကိုကြေငြာရန်ဖြစ်သည်။ ထိုကယ်တင်ခြင်းသည်ယနေ့ဖောက် ချရန်အသင့်ဖြစ်နေသည်။ ဧဝံဂေလိတရား၏ဖန်တီးမူများဖြင့်အချိန်ကာလအသစ်ကိုယုံကြည်ခြင်းဖြင့်တည်ဆောက်ရန်ခွင့်ပြုရမည်ဖြစ်သည်။ စိုးရိမ်စိတ်တွေ့ရ သော်ယခုအချိန်သည်ရှင်ပြန်သော အရှင်သည်ကျွန်ုပ်တို့၏ခြေလှမ်းများကိုအထက်မှ အောက်သို့စောင့်ရှောက်ပေးနေသည်။

သမိုင်းအဖြစ် အပျက်နှင့်လက်ရှိအဖြစ် အပျက်များသည်ကျွန်ုပ်တို့အားရဲစွမ်းသတ္တိကိုပေးသည်။

ရှင်ပြန် ထမြောက် သောသခင်၏အံ့အားသင့်စေမူကိုထပ်မံခံစားပါလော့။ ရှင်ပြန်ထမြောက်သောယေဇူးသည် ‘အရာများကို ပြောင်းလဲပေးသည်။ အနာဂါတ်အတွက်စီမံကိန်းများရေးဆွဲ၍ကျွန်ုပ်တို့ညီအစ်ကိုကဲ့သို့သဘောထား ကာလုပ်ဆောင်ခြင်းသည်ကျွန်ုပ်တို့၏တာ၀န်တစ်ရပ်ဖြစ်သည်။

ချစ်ရန်နှင့်ပို၍အစေခံရန်၊

ရဟန်းမင်းကြီး၏စာနိဂုံးပိုင်း၌ ထည့်သွင်းရေးသားထားသည်မှာ သူ့အနေဖြင့်ထိုအရေးပေါ်အခြေ အနေဆိုးကာလ၌ သူတွေးမိသော အရာများကိုသူ၏ညီတော်ရဟန်းတော်များနှင့့်ဝေမျှလိုကြောင်း၊ ဤ သို့ဖြင့်ဘုရားသခင်ကိုကျွန်ုပ်တို့ချီးမွှမ်းသောအခါ၌ဖြစ်စေ၊ ကျွန်ုပ်တို့၏ ညီ အစ်ကိုမောင်နှမများကိုအစေခံ ရာ၌ဖြစ်စေထိုအတွေး အခေါ်များသည်အကူအညီဖြစ်ပေမည်။ ကျွန်ုပ်တို့အားလုံးလည်းချစ်ရန်နှင့်ပို၍အ စေခံရန် အတွက်ထိုအတွေအခေါ်များကိုအသုံးပြုပေမည်ဟုအားပေးတိုက်တွန်းခဲ့သည်။

ဘာသာပြန်ဆိုသူ- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/36XpPcg

Add new comment

5 + 5 =