ယူကရိန်း အတွက် သတိယဆုတောင်းပေးကြရန် ဆရာတော်ကြီးမှတောင်းဆို

ယူကရိန်း အတွက် သတိယဆုတောင်းပေးကြရန် ဆရာတော်ကြီးမှတောင်းဆို

ယူကရိန်း အတွက် သတိယဆုတောင်းပေးကြရန် ဆရာတော်ကြီးမှတောင်းဆို

တနေ့မှာလူတယောက်တော့ပုံမှန်သေတယ် ဆိုသည့် စကားလေးဖြင့် ယူကရိန်း ကက်သလစ်ဆရာတော်ကြီးများက ဆုတောင်းမေတ္တာတောင်းခံလိုက်ပါတယ်။ ကမ္ဘာတဝှမ်း ကိုရိုနာကြောင့် အခက်တွေ့နေချိန် ယူကရိန်း ရှိခရစ်ယာန်များဟာ မပြီးဆုံးနိုင်တဲ့ စစ်ပွဲကို ခါးစည်းခံနေကြကြောင်း
ကမ္ဘာကြီးအနေနဲ့ ယူကရိန်းကို အကျင့်ဖျက်ချစား လာဒ်စား သည့်နိုင်ငံ အဖြစ်သာ ဖော်ပြလေ့ရှိကြပေမဲ့ ကျွန်ုပ်တွေခံစားနေရတဲ့ ဒုက္ခတွေ အနာတရ ဒဏ်ရာဒဏ်ချက်တွေကိုတော့ ဘယ်သူမှ ထုတ်ဖော်မပြောကြပါဘူးလို့ ယူကရိန်း ကက်သလစ်ဆရာတော်ကြီးစတီးပဲန်စူးစ် ကဆိုပါတယ်။
အရှေ့ယူကရိန်းမှာ လူပေါင်း ၂သန်းကျော် အိုးအိမ်မဲ့ဖြစ်ကြပြီး ပဋိပက္ခစစ်ပွဲ ကြားမှာ နေ့တိုင်း တယောက်မဟုတ်တယောက်သေကြရတယ်လို့လဲ ဆရာတော်က ဆိုပါတယ်။
ယူကရိန်း ပြည်သူများရဲ့အသံကိုလဲနားထောင်ပါအုံး၊ အမေရိကားလို လွှမ်းမိုးမှုရှိတဲ့နိုင်ငံတွေနဲ့ ကမ္ဘာကြီးအနေနဲ့ ယူကရိန်းပြည်သူများက ၄င်းတို့ အသံတွေကို နားထောင်စေခြင်ကြပါတယ်
ကျွန်ုပ်တို့အနေနဲ့ ဒီစစ်ပွဲရဲ့ ဒဏ်ရာဒဏ်ချက်တွေကို အားလုံးကုသ မပေးနိုင်ကြောင်းနဲ့ ငြိမ်းချမ်းခြင်းရဘို့ ကျွန်ုပ်တို့တခုခုတော့ လုပ်နိုင်ကြမှာပါလို့ ဆရာတော်ကြီး စူစ်း က CNA ကို ပြောကြားခဲ့တာပါ။

 

 

By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

 

Photo courtesy : aragami12345s/Shutterstock

 

http://bit.ly/2xATSJ5

 

 

Add new comment

8 + 2 =