ယူကရိန်း ငြိမ်းချမ်းရေးအတွက် ကာဒီနယ် Zuppi ၀ါရှင်တန်ဒီစီသို့သွားမည်

ယူကရိန်း ငြိမ်းချမ်းရေးအတွက် ကာဒီနယ် Zuppi ၀ါရှင်တန်ဒီစီသို့သွားမည်

ကာဒီနယ် Matteo Zuppi သည် ယူကရိန်းနိုင်ငံ၏ငြိမ်းချမ်းရေးအတွက်လုပ်ဆောင်ရန် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏တာ၀န်ပေးအပ်ခံထားရသူဖြစ်ပြီး ယူကရိန်းငြိမ်းချမ်းရေးအတွက် အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီ သို့ သွားရောက်မည်ဖြစ်သည်။

သူသည်ယူကရိန်းနိုင်ငံသို့လည်းကောင်း၊ ရုရှားနိုင်ငံသို့လည်းကောင်း ပေးအပ်ထားသောတာ၀န်အတွက်ခရီးပြုခဲ့ပြီးဖြစ်သည်။

ရုရှားနိုင်ငံသို့ ဇွန်လအကုန်လောက် ကသွားရောက်ခဲ့ပြီး ရုရှားနိုင်ငံ၏ နိုင်ငံခြား ရေးရာ၀န်ကြီး Kremlin နှင့်စကားပြောခဲ့သည်။ ယခုလည်း ဇူလိုင် (၁၇-၁၉) ရက်နေ့အထိ အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီသို့သွားရောက်မည်ဖြစ်သည်။

အဆိုပါခရီးစဉ်၌ ယူကရိန်းနိုင်ငံ ၏ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်နှင့်စပ်လျင်း၍ အမေရိကန်အစိုး၏တာ၀န်ရှိသူများ၊ စစ်ဇုံအတွင်းရှိပြည်သူများအားကူညီနိုင်ရန် လူသားချင်းစာနာသောအကူအညီပေးသည့်အဖွဲ့အစည်များနှင့်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း

ယူကရိန်းအာဏာပိုင်တို့၏ထုတ်ပြန်ချက်အရ ယူကရိန်းကလေး (၂၀၀၀၀) ခန့်ကိုရုရှားတို့ကဖမ်းဆီးခေါ်ဆောင်သွားသည်ဟုဆိုသည်။ ကာဒီနယ်အနေဖြင့် ဤဖမ်းသွားခံခဲ့ရသောကလေးများ ယူကရိန်အားပြန်ပေး ရေး ကြား၀င်စေ့စပ်ဆွေးနွေးသွားမည်ဖြစ်သည်။ ယခုနှစ်အစောပိုင်း ဖေဖော်၀ါရီလက ယူကရိန်းလွှတ်တော်က ဤအရေး၌ ဗာတီကန်၏ကြား၀င်ဖြန်ဖြေမှုသည် လွန် စွာထိရောက်နိုင်မည်ဖြစ်​သည်ဟု မျှော်လင့်ကြောင်းကိုတောင်းဆိုခဲ့သည်။

ကာဒီနယ်သည် ရုရှားဩသို‌‌ဒေါ့စ် ခေါင်းဆောင်နှင့်လည်းတွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3pMIHIT

Add new comment

4 + 1 =