ယူကရိန်း၊ရုရှားနှင့် မြန်မာနိုင်ငံတို့အတွက်အထူးဆုတောင်းခြင်း

ယူကရိန်း၊ရုရှားနှင့် မြန်မာနိုင်ငံတို့အတွက်အထူးဆုတောင်းခြင်း

မယ်တော်သခင်မအား အမိန့်တော်ပြန်သောပွဲနေ့၌  ယူကရိန်း ၊ ရုရှားနှင့်​ မြန်မာ
နိုင်ငံတို့အတွက် အထူးဆုတောင်းပွဲပြုလုပ်

မတ်၊၂၅၊၂၀၂၂ (ရန်ကုန်)
RVA Myanmar 

မယ်တော်သခင်မအား အမိန့်တော်ပြန်​​​
ခြင်းပွဲနေ့ဖြစ်သည့် ၊ မတ်လ(၂၅) ရက်နေ့ ည(၁၀း၃၀)နာရီအချိန်က ရန်ကုန် စိန်မေရီကက်သီဒြယ်ဘုရားကျောင်းတော်​
ကြီးအတွင်း၌ ကာဒီနယ်ချားစ်ဘို ဦးဆောင်ကာ ဆရာတော်များ၊ရဟန်းတော်များ၊ သီလရှင်များ စုပေါင်း၍ စိပ်ပုတီးစိပ်ခြင်းအားဖြင့် အထူးဆုတောင်းပွဲတစ်ခုကိုပြုလုပ်ခဲ့ပါသည်။

အထူးစိပ်ပုတီးစိပ်ဆုတောင်းရခြင်းသည် ‘’ ယူကရိန်းနှင့် ရုရှားနိုင်ငံတို့အား မယ်တော်၏ အပြစ်မဲ့ နှလုံးတော်ထံပူဇော်အပ်နှံ ပေးမည့်အတွက်  အားလုံးအတူတကွ ပါဝင်ဆုတောင်းပေးကြရန်ရဟန်းမင်းကြီးမှ နှိုးဆော်ထားသောကြောင့် လည်းဖြစ်ပါသည်။

စိပ်ပုတီးစိပ်ခြင်း မစတင်မီ ကာဒီနယ်မှ ရဟန်းမင်းကြီး ဖရန်စစ် ပေးပို့လာသော သဝဏ်လွှာကို ဖတ်ကြားခဲ့ပါသည်။

ထို သဝဏ်လွှာထဲ၌ ရဟန်းမင်းကြီးက 
‘’ လေးစားအပ်တဲ့ ညီအစ်ကိုမောင်နှမအပေါင်းတို့ ယူကရိန်းနိုင်ငံမှာဖြစ်ပွားနေတဲ့ စစ်ပွဲဟာ အခုဆိုရင်တစ်လရှိ  နေပြီဖြစ် ပါတယ်။လူသားတွေဟာ ပြင်းထန်တဲ့စိတ်ဒုက္ခဝေဒနာတွေနဲ့ တွေ့ကြုံရင်ဆိုင် နေရပါတယ်။ကမ္ဘာ့ငြိမ်းချမ်းရေး သာယာရေးအတွက်လည်းပဲ ချိန်းခြောက်မှုတစ်ခုဖြစ်ပါတယ်။အခုလို အမှောင်ထု ဒုက္ခတွေ လွှမ်းမိုးနေတဲ့အချိန်မှာ ဒုက္ခသည်တွေနဲ့အတူ ကျွန်ုပ်တို့ဟာ ရှိနေပါတယ်။ငြိမ်းချမ်းရေးအရှင် ဘုရားသခင် ထံတော်မှာ အထူးဆုတောင်းပေးရမှာဖြစ်ပါတယ်။ ဆုတောင်းပေးဖို့၊ ချိုးခြံဖို့၊ မေတ္တာတရားတွေနဲ့ပါဝင်ပေးကြဖို့ ကျွန်ုပ်ရဲ့ တောင်းဆိုချက်အပေါ်မှာ ရက်ရောမှုတွေနဲ့ တုန့်ပြန်နေကြတဲ့သင်တို့အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။မြောက်များလှတဲ့ ဘုရားသခင်ရဲ့ လူမျိုးတော်ရဲ့ တောင်းဆိုမေတ္တာရပ်ခံမှုတွေကို ပြန်လည်တုန့်ပြန်ပေးတဲ့အနေနဲ့ စစ်မက်ဖြစ်ပွားနေတဲ့ တိုင်းပြည်နိုင်ငံတွေကို ဂုဏ်ကျေးဇူးအပေါင်းနဲ့ ပြည့်ဝတဲ့ မယ်တော်ထံမှာ အပ်နှံပူဇော်ပေးဖို့ ကျွန်ုပ်အနေနဲ့ ဆန္ဒရှိပါတယ်။အန်ဂျေလူးမေတ္တာအပြီးမှာ ကြေညာခဲ့တဲ့အတိုင်း မယ်တော်သခင်မကို အမိန့်တော်ပြန်တော်မူတဲ့ ပွဲတော်နေ့ဖြစ်တဲ့ မတ်လ(၂၅) ရက်နေ့မှာ ကမ္ဘာ့လူသားတွေကို အထူးတလည် အထူးသဖြင့် ယူကရိန်းနဲ့ ရှရှားကို မယ်တော့်ရဲ့ အပြစ်မဲ့သော နှလုံးထံ ပူဇော်အပ်နှံလိုပါတယ်။ဘုရားသခင်ရဲ့ ခွင့်လွှတ်ခြင်းခံရတဲ့ နှလုံးသားနဲ့ ငြိမ်းချမ်းခြင်းကို တောင်းဆိုဖို့ ပိုမိုသင့်လျော်တဲ့ အတွက် စိန်ပီတာ ဘာစီလီကာ ကျောင်းတော်ကြီးမှာ ရောမ စံတော်ချိန်(၅း၀၀) နာရီ မှာ ပြုလုပ်မယ့် နောင်တယူအပြစ်ဖြေခြင်း အခမ်းအနားမှာ မယ်တော့်ထံမှာ အပ်နှံပူဇော်ြခင်းကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ရောမစံတော်ချိန် (၆း၃၀) နာရီမှာ အပ်နှံခြင်းကို ပြုလုပ်သွားမှာပါ။အခုလို ခက်ခဲလှတဲ့ အချိန်မှာ ပူဆွေး၊ဝမ်းနည်း ဒုက္ခရောက်နေကြတဲ့ သူတွေရဲ့ ငိုကြွေးသံ ၊ ကြမ်းကြုတ်ရက်စက်မှုတွေ ရဲ့ ဒဏ်ကို ခံနေရသူတွေရဲ့ အသနားခံသံနဲ့  ကျွန်ုပ်တို့လူသားမိသားစုတွေရဲ့ အနာဂတ်ကို ယနေ့ ကျွန်ုပ်တို့ရဲ့ အမေဖြစ်တဲ့ ငြိမ်းချမ်းရေးသခင်မထံမှာ ပူဇော်အပ်နှံပေးခြင်း ဟာ ကျွန်ုပ်တို့ရဲ့ တစ်လုံးတစ်ဝတည်းရှိမှုကို ဖော်ပြနေခြင်းဖြစ်ပါတယ်။ ဒါကြောင့်မို့ မတ်လ(၂၅) ရက်နေ့ မှာ ရဟန်းတော်များ၊သူတော်စင်များ၊နှင့် ဘာသာတူအားလုံး ဘုရားကျောင်းတွင် ဝတ်ပြုဆုတောင်းတဲ့နေရာတွေမှာ စုဝေးကြပြီးတော့ ဘုရားသခင်ရဲ့ သန့်ရှင်းတဲ့ လူမျိုးတော်တွေရဲ့ နှလုံးသားက ပေါ်ထွက်လာတဲ့ အသနားခံတောင်းလျှောက်မှုတွေကို ကျွန်ုပ်တို့ရဲ့ မိခင် မယ်တော်သခင်မထံမှာ ပြုလုပ်ပေးကြဖို့ ကျွန်ုပ်တောင်းဆိုပါတယ်။မယ်တော်သခင်မထံ အပ်နှံပူဇော်သော မေတ္တာကို ကျွန်ုပ်တို့ ညီအစ်ကိုမောင်နှမတွေနဲ့အတူတကွ ရွတ်ဆိုပူဇော်နိုင်ရန်အတွက်လည်း သင်တို့ထံ ကျွန်ုပ်ပို့ဆောင်ပေးပြီးသားဖြစ်ပါတယ်။ ကျွန်ုပ်ရဲ့ မေတ္တာရပ်ခံမှုကို အရေးတယူနဲ့ ပူးပေါင်းပါဝင်ဖို့ သင်တို့အဆင်သင့်ပေးတဲ့အတွက်လည်းပဲ ကျေးဇူးတင်ပါတယ်။သင်နဲ့ကျွန်ုပ်တို့အပ်နှံထားတဲ့ ဘာသာတူ သားသမီးတွေရဲ့ ချစ်ခြင်းကြင်နာမှု များစွာနဲ့ ကျွန်ုပ်ကောင်းချီးပေးပါတယ်။ယေဇူးဘုရားသခင် သင်တို့ကို ကာကွယ်ပါစေ။ကညာစင်မယ်တော်မာရီယားဟာ သင်တို့ကို ကြည့်ရှုစောင့်ရှောက်ပါစေ။ကျွန်ုပ်အတွက်လည်းပဲ ဆုတောင်းပေးကြဖို့ သင်တို့ကို တောင်းဆိုပါတယ် ” ဟု မတ်လ(၂၂) ရက်နေ့က ​ပေးပိူ့ထားသည့်စာချွန်တော်ကို ကာဒီနယ်ချာစ်းဘိုမှ ဖတ်ကြားပေးခဲ့ပါသည်။

ရဟန်းမင်းကြီး အနေဖြင့် ယူကရိန်းနှင့် ရုရှားစစ်ပွဲငြိမ်းချမ်းရေးအတွက် သာ မယ်တော်ထံ အပ်နှံပူဇော်ရန်ပြောကြားသော်လည်း ကာဒီနယ် ချားစ်ဘိုမှ မြန်မာနိုင်ငံအတွက်ပါ ထည့်သွင်းဆုတောင်းပေးခဲ့ပါသည်။

၎င်းအပြင် သာသနာအုပ်စုအချို့၌လည်း ​ေကျာင်းထိုင်ဘုန်းတော်ကြီးနှင့်အတူ ဘာသာတူများ 
မယ်တော်ရင်ပြင်၌ စုဝေးကာ  ​ငြိမ်းချမ်းရေးအတွက်စုပေါင်း စိပ်ပုတီးစိပ်ခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။

Pinky 

#rvamyanmar #rvapastoralcare #PrayforMyanmar
#prayforUKRAINIAN 
#PrayForRussia 
#Peace 
#SolemnityoftheAnnunciation
#QueenofPeace 
#BlessedVirginMary

Add new comment

1 + 3 =