ယူကရိန်းအရေးရဟန်းမင်းကြီးကိုယ်စား လှယ်သမ္မတဂျိုးဘိုင်ဒင်နှင့်တွေ့ဆုံ

ယူကရိန်းအရေးရဟန်းမင်းကြီးကိုယ်စား လှယ်သမ္မတဂျိုးဘိုင်ဒင်နှင့်တွေ့ဆုံ

ယူကရိန်းအရေးအတွက် ရဟန်းမင်း ကြီး၏တာ၀န်ပေးအပ်ထားခံရသူမှာ ကာဒီနယ် Matteo Zuppi ဖြစ်ကာသူသည်လတ်တလော၌ ယူကရိန်းအရေးအတွက်ပင် အမေရိကန်ပြည်ထောင်စုသို့ရောက်ရှိနေပြီး ယနေ့အမေရိကန်ပြည်ထောင်စု ၏သမ္မတဂျိုးဘိုင်ဒင်နှင့်တွေ့ဆုံနေသည်။

ကာဒီနယ်သည်အမေရိကန်ပြည် ထောင်စုသို့ရောက်ရှိနေသည်မှာ ယနေ့ဒုတိယနေ့ဖြစ်သည်။ အိမ်ဖြူတော်၏သတင်းစာရှင်းလင်းပွဲ၌သမ္မတအ နေဖြင့် ရဟန်း မင်းကြီး၏ယူကရိန်းနိုင်ငံငြိမ်းချမ်းရေးအတွက်လုပ်ငန်းစဉ်၌ပါ၀င်လုပ်ဆောင်ရန်သဘောတူကြောင်း၊ ထို့အတူ အမေရိကန်ပြည်ထောင်စု၏ကာဒီနယ် Robert Francis Prevost သည် ကက်သလစ်ဆ ရာတော်ကြီးများ၏တာ၀န်ခံရုံးတော်၏ အကြီးအကဲအဖြစ်ရွေးချယ်ခံရခြင်းအပေါ်၀မ်းသာကြောင်းထုတ်ဖော် ပြောခဲ့ကြောင်းလည်းထည့်သွင်းရှင်းလင်းသွားခဲ့သည်။

အမေရိကန်သမ္မတနှင့်ယူကရိန်းအရေးအတွက်ရဟန်းမင်းကြီး၏ကိုယ်စားလှယ်ကာဒီနယ်တို့အနေဖြင့် ရုရှား၏ယူကရိန်းအားကျူးကျော်စစ်စတင်သည်မှစ၍စစ်ဇုံအတွင်းပိတ်မိ၍ဒုက္ခပင်လယ်‌ေ၀နေသောပြည်သူများအား လူသားချင်းစာနာသောအကူအညီများပေးရေးနှင့်ထောင်နှင့်ချီသောရုရှားတို့၏ဖမ်းဆီးခံသွားရသော ယူကရိန်းကလေငယ်များအားမိမိတို့၏နိုင်ငံဖြစ်သော ယူကရိန်းသို့ပြန်လည်ပို့ဆောင်ပေးနိုင်ရေးတို့ကိုဆွေးနွေးခဲ့ကြသည်။

ယခုအားထုတ်မှုသည် ရုရှား၏ ကျူးကျော်မှုကိုခံနေရသောယူကရိန်းနိုင်ငံ၏ငြိမ်းချမ်းရေးအမြန်ပြန်လည်ရရှိနိုင်ရေးနှင့်ရုရှား၏ အကြမ်းမှုကိုအမြန်အဆုံးသတ်နိုင်ရန် ဗာတီကန်အနေဖြင့်ဖြစ်နိုင်ချေရှိသောနည်းလမ်းများဖြင့်ထပ်မံအားထုတ်ခြင်းဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3pVXQYa

Add new comment

6 + 4 =