ယူကရိန်းအပစ်အခတ်ရပ်စဲ​ရေးသ​ဘောတူညီချက်ကို ပုပ်ရဟန်းမင်းကြီးကြိုဆို

ယူကရိန်းအပစ်အခတ်ရပ်စဲ​ရေးသ​ဘောတူညီချက်ကို ပုပ်ရဟန်းမင်းကြီးကြိုဆို

ယူကရိန်းအပစ်အခတ်ရပ်စဲ​ရေးသ​ဘောတူညီချက်ကို ပုပ်ရဟန်းမင်းကြီးကြိုဆို

              ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ယူကရိန်းအ​ရှေ့ပိုင်း​ဒေသမှ လက်မှတ်​ရေးထိုးထား​သော အပစ်အခတ်ရပ်စဲ​ရေးသ​ဘောတူညီမှုစာချုပ်ကို တနင်္ဂ​နွေ​နေ့က ကြိုဆို​တော်မူခဲ့သည်။

           ယူကရိန်းနိုင်ငံ Donbass​​ ဒေသရှိ တိုက်ပွဲဖြစ်ပွား​နေ​သော အဖွဲ့များမှ အပစ်အခတ်ရပ်စဲ​ရေးကို Minsk မြို့တွင် လက်မှတ်​ရေးထိုးနိုင်ခဲ့သည်။ထိုသ​ဘောတူညီချက်သည် Denew People’s Replublic နှင့် ယူကရိန်းတပ်မ​တော်အကြား သင့်မြတ်မှုကို ရ​စေမည်ဖြစ်ပြီး အ​ရေးယူထိန်းချုပ်မှုများကို ရပ်တန့်​စေမည်ဟု​မျှော်လင့်ရသည်။

              ပုပ်ရဟန်းမင်းကြီးက”ဤအဖြစ်အပျက်သည် ငြိမ်းချမ်း​ရေးကို အစပြုခြင်းဟု​မျှော်လင့်ပြီး နှစ်ဖက်လုံး၏ ကြိုးစားမှုကို ချီးကျူးဂုဏ်ပြု​ကြောင်း တနင်္ဂ​နွေ​နေ့ အန်ဂျလူးဆု​တောင်း​မတ္တောအပြီးတွင် ​ပြောကြားခဲ့သည်။

     ၂၀၁၄ခုနှစ်၊ဧပြီလမှစ၍ ယူကရိန်းတပ်မ​တော်နှင့် ခွဲထွက်​ရေးသမားများအကြား ဖြစ်ပွား​သော တိုက်ပွဲများ​ကြောင့် လူတစ်​သောင်း​​ကျော် ​သေဆုံးပြီး လူ ၂၄၀၀၀ ဒဏ်ရာရကာ လူ၂.၅သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ကြရသည်။

 

 

ဘာသာပြန်- Agnes Lawh Lun

https://bit.ly/308hNey

Add new comment

6 + 3 =