ယူကရိန်းမှသီလရှင်ကျောင်းများသည် စစ်ရှောင်များကိုစောင့်ရှောက်သည့်နေရာအဖြစ်အသွင်ပြောင်း

ယူကရိန်းမှသီလရှင်ကျောင်းများသည် စစ်ရှောင်များကိုစောင့်ရှောက်သည့်နေရာအဖြစ်အသွင်ပြောင်း

ယူကရိန်းမှသီလရှင်ကျောင်းများသည် စစ်ရှောင်များကိုစောင့်ရှောက်သည့်နေရာအဖြစ်အသွင်ပြောင်း

 

            ယူကရိန်းနိုင်ငံရှိ စိန့်ဂျိုးဇက်သီလရှင်များ၏ကျောင်းအား ရုရှားကျူးကျော်စစ်ကို စစ်ရှောင်၍ထွက်ပြေးခိုလုံလာသူ တို့ကို စောင့်ရှောက်ပေးသည့်နေရာအဖြစ်ဖွင့်လှစ်ထားသည်။ ယူကရိန်းနိုင်ငံသားများစွာသည် ရုရှားတပ်မှပစ်မှတ်ထား သော ယူကရိန်း၏ မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့မှထွက်ပြေးခိုလုံလာနေကြသည်။ ကုလ၏စစ်တမ်းများအရ လူပေါင်း (၄. ၇) သန်းကျော်သည် ယူကရိန်းနိုင်ငံအားစွန့်ခွာထွက်ပြေးခဲ့ကြသည်။ (၇.၁) သန်းမှာလည်း မိမိတို့၏နေအိမ်၌မနေနိုင်ဘဲ စစ်ပွဲနှင့်ဝေးပြီး၊ လွတ်မြောက်ရာနေရာသို့လည်းကောင်း၊ နိုင်ငံတကာအဖွဲ့အစည်းမှဖွင့်လှစ်ထားသောစစ်ရှောင်နေရာ များ၊ သီလရှင်ကျောင်းများ၌လည်းကောင်း ထွက်တိမ်းရှောင်နေကြရသည်။ 

            သာသနာကဖွင့်လှစ်ထားသော အဖွဲ့အစည်းများစွာတို့သည် လက်ရှိအကြပ်အတည်းအခက်အခဲ၌ နည်းလမ်းမျိုး စုံဖြင့်ပါ၀င်ကူညီပေးလျှက်ရှိသည်။ ၄င်းတို့အနက် စိန့်ဂျိုးဇက်သီလရှင်များဖြစ်ကြသည်။ ၄င်းတို့၏သီလရှင်ကျောင်းကို လည်း စစ်ရှောင်များအား စောင့်ရှောက်ခိုနားစေသောနေရာများအဖြစ်အသွင်ပြောင်းကူညီပေးလျှက်ရှိသည်။ ယူကရိန်း နိုင်ငံ၏ အနောက်ဖက်မြို့တစ်မြို့ဖြစ်သော Lviv မြို့ရှိသီလရှင်ကျောင်း၌ လွှတ်သည့်နေရာတွင် အိပ်ရာခင်း ရှိမရှိမသိ။ မ ကြည့်အား။ အခြေအနေအရအိပ်စက်နေကြရကြောင်း၊ ဤအခြေအနေမျိုးဖြစ် နေသော်လည်း လျှော်ရဖွပ်ရ၊ စားရ သောက်ရ၊ လုံခြုံစွာအိပ်စက်ရသောကြောင့် လွန်စွာပင်ကျေးဇူးတင်နေကြကြောင်း စိန့်ဂျိုးဇက်အသင်းမှ စစ္စတာရ် Tobiasza ကသတင်းထောက်အားဖြေကြားခဲ့သည်။ စစ္စတာရ်သာသနာပြုနေသောမြို့သည် စစ်ရှောင်များအတွက် ခရီး တစ်ထောက်နားသောနေရာဖြစ်လာသည်။ ရေရှည်နေကြမည့်သူများအတွက်လည်း နေထိုင်နိုင်မည့်နေရာများကို စစ္စတာရ်တို့က ကူညီရှာဖွေပေးသည်။ အထူးသဖြင့်နယ်စပ်မြို့ဖြစ်သော ပိုလန်နိုင်ငံ၌ခိုလုံနိုင်ရန် အခွင့်အလန်းများရှာပေး သည်။ မိသားစုလိုက်ဖြစ်စေ၊ မိခင်နှင့်ကလေးများ အားဖြစ်စေ စစ်ဘေးလွှတ်ရာသို့ပို့ဆောင်ပေးနေသည်။        

အိမ်ကြီး၊ အိမ်ငယ်များ

            သီလရှင်ကျောင်းများသည် ကျယ်သောကြောင့်သာ စစ်ရှောင်များအားကူညီစောင့်ရှောက်နိုင်ခြင်းမဟုတ်။ ကျောင်းကျယ်ကျယ်၀န်း၀န်းမရှိသော်လည်း အခြေအနေအရမည်မျှပင်ကျဉ်းစေကာမူ အရေးပေါ်နှင့်အရေးတကြီးလို အပ်သူများကိုမူ တံခါးဖွင့်ထားပေးရသည်။ ကျောင်းကျဉ်းကျည်းလေးသာရှိသော Stryi ၌လည်း ကလေးနှစ်ယောက် နှင့်မိသားစုတစ်စု၊ အဖွားအိုတစ်ယောက်တို့အား နေစရာပေးထားရသည်။ ပြည်တွင်းပြည်ပ၏အကူအညီဖြင့် စစ္စတာရ်တို့ အနေဖြင့် အ၀တ်လျှော်စက်တစ်လုံး၊ ရေခဲသေတ္တာတစ်လုံး၊ ကုတင်များနှင့်အခြားသောအခြေခံလိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးထားနိုင်ကြောင်း၊ စောင့်ရှောက်ထားသော သူများထဲမှကောင် လေးတစ်ယောက်သည်နေထိုင်မကောင်းဖြစ် နေပြီး၊ အထူးဂရုစိုက်စောင့်ရှောက်ပေးရန်လိုသည်ဟုဆိုသည်။   

ဆုတောင်းခြင်းနှင့်အကူအညီ

            သာသနာအတွင်းလိုအပ်နေသောနေရာများအားကူညီသောအဖွဲ့အစည်းက ယူကရိန်းနိုင်ငံ၊ Lviv ဂိုဏ်းချုပ်သာ သနာအတွင်းရှိ ကက်သလစ်သီလရှင်များအားကူညီရန်အတွက် အထုပ်အပိုးများပြင်ဆင်ကြပြီးဖြစ်သည်။ ငွေကြေးအကူ အညီကိုမူယူကရိန်းအနောက်ပိုင်းမှ သီလရှင် (၁၄၀) ပါးကိုလည်းကူညီပေးအပ်သွားမည်ဖြစ်သည်။ ယခုပေးအပ်သောအ လှူငွေများသည် ၄င်းတို့၏ကရုဏာရေးလုပ်ငန်းများ၊ စစ်ရှောင်များအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက်အကူ အညီဖြစ်စေမည်။ သီလရှင်ကျောင်းသည် စစ်ရှောင်တို့၏ အိမ်သဖွယ်ဖြစ်သွားသောကြောင့် ဆုတောင်းရာ၌ အတူတကွဆုတောင်းရင်း ယူကရိန်းစစ်ရှောင်များအတွက် အနီးကပ် ကူညီပေးလျှက် ရှိသည်ဟုဆိုသည်။

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/37uF4ht

 

Add new comment

7 + 2 =