ယူကရိန်းမှပုပ်ဖရန်စစ်အား တမန်တော်ခရီးကြွရောက်စေလို

ယူကရိန်းမှပုပ်ဖရန်စစ်အား တမန်တော်ခရီးကြွရောက်စေလို

ယူကရိန်းမှပုပ်ဖရန်စစ်အား တမန်တော်ခရီးကြွရောက်စေလို

            ယူကရိန်းနိုင်ငံ၏ ကက်သလစ် ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သော ဂိုဏ်းချုပ်ဆရာတော် Sviatoslav Shevchuk  က လိုအပ်နေသောသာသနာများကိုကူညီပေးနေသည့် ‘Church in Need’ အဖွဲ့အား ရဟန်းမင်းကြီးဖ ရန်စစ်သည် မကြာသေးခင်က အီရတ်နိုင်ငံသို့ ကိုးဗစ်ကပ်ရောဂါဆိုးကြီးဖြစ်ပွားနေသည့်တိုင် သူ၏သိုးများကိုချစ်သော ကြောင့် စွန့်စား၍ တမန်တော်ခရီးကြွရောက်ခဲ့သကဲ့သို့ယူကရိန်း နိုင်ငံသို့ ကြွရောက်စေလို ကြောင်း၊ သက်ကြီးရွယ်အို အမယ်အိုတစ်ဦးက ‘ရဟန်းမင်းကြီးကျွန်မတို့ယူကရိန်းမြေကိုခြေချလိုက်ရင် စစ်ပွဲတွေ အားလုံးရပ်တန့်ချုပ်ငြိမ်း သွားမှာဘဲ’ ဟုသူ့အားပြောကြားခဲ့သည်အထိ ရဟန်းမင်းကြီးအားကြွရောက်စေလိုသည့် ဆန္ဒအလွန်ပြင်းပြမျှော်လင့်နေ ကြကြောင်း၊ ဂိုဏ်းချုပ်ဆရာတော်ကြီးကိုယ်တိုင် ပြီးခဲ့သောမတ်လနှောင်းပိုင်း၌ ဗာတီကန်သို့သွားစဉ်ကလည်း ယူကရိန်း ၀န်ကြီးချုပ် Denys Shmyhal ၏ ရဟန်းမင်းကြီးဖရန်စစ်အား ယူကရိန်းနိုင်ငံသို့ တမန်တော်ခရီး ကြွရောက်ရန် ဖိတ် ကြားချက်ကို အသိပေးပြောကြားခဲ့ကြောင်း၊ ရဟန်းမင်းကြီးဖရန်စစ်နှင့်ယူကရိန်းနိုင်ငံ၏ခေါင်းဆောင်များတွေ့ဆုံခဲ့သည့် သတင်းကိုကြားသိရသော ယူကရိန်းနိုင်ငံသားများအနေဖြင့် လှိုက်လှဲ၀မ်းသာစွာကြိုဆိုခဲ့ကြကြောင်း၊ ဗာတီကန်နှင့်ယူကရိန်းအစိုးရတို့ကြား ဆက်ဆံရေးပြေလည်မူသည်လည်း ကြောင်းသောလက္ခဏာဆောင်ကြောင်း၊ နိုင်ငံအတွင်း၌ဖြစ်ပွား နေသောပဋိပက္ခများကိုအားပျော့ချုပ်ငြိမ်းသွားစေရုံမျှမကဘဲ တွေ့ဆုံဆွေးနွေးခြင်းနှင့်ရင်ကြားစေ့ရေးတို့ကိုလည်းအ ဘယ်သို့လုပ်ဆောင်ရမည်ကို မြှင့်တင်လုပ်ဆောင်ရမည်ကိုလည်း အားပေးရာရောက်ကြောင်းဂိုဏ်းချုပ်ဆရာတော်က ပြောကြားခဲ့သည်။ ယူကရိန်းနိုင်ငံသည် စစ်ဒဏ်သင့်၍အဖက်ဖက်ပြိုလဲနေသောနိုင်ငံတစ်ခုဖြစ်သည်။

            ရဟန်းမင်းကြီးဖရန်စစ်လည်း မကြာခဏ ယူကရိန်းနိုင်ငံ၏အကြပ်အတည်းအကြောင်းကို ထုတ်ဖော်မိန့်ကြား လေ့ရှိသည်။ ယခုနှစ် ကမ္ဘာတစ်လွှားသို့ မိန့်ကြားခဲ့သော ပါစကားသတင်းစကား (Urbi et Orbi ) ၌ ရဟန်းမင်းကြီး သည် ယူကရိန်းနိုင်ငံကို ဥပမာထား၍ ထည့်သွင်းမိန့်ကြားပေးခဲ့သည့်အတွက်လည်း အလွန်ပင်ကျေနပ်ပီတိဖြစ်ရပြီး၊ ကျေးဇူးလည်းတင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ယူကရိန်းနိုင်ငံကိုအားပေးနေကြောင်း၊ အာရုံစူးစိုက်နေကြောင်း၊ ဆုတောင်းပေးနေကြောင်း၊ ပြည်သူများနှင့်တစ်စိတ်တစ်၀မ်းတည်းရှိကြောင်းဖော်ထုတ်ပြလိုက်ခြင်းဖြစ်ကြောင်း၊ ယူက ရိန်းပိုင်း၌ ရုရှားနှင့်ဖြစ်ပွားနေသောစစ်ရေးနှင့်ပတ်သက်၍ စစ်ရေးဖြင့်ဖြေရှင်းနိုင်သောအရေးမဟုတ်ဘဲ သံတမန်နည်း လမ်းဖြင့်သာဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ ဆရာတော်ကြီးအနေဖြင့် တွေ့ဆုံဆွေးနွေးမူကိုအားပေးကြောင်း၊ အဘယ် ကြောင့်ဆိုသော် တွေ့ဆုံဆွေးနွေးမူသည် ကျွန်ုပ်တို့၏ဒဏ်ကိုကုစားပေးပြီး၊ ငြိမ်းချမ်းရေးသည် စစ်ရေးကိုမုချအောင်နိုင်ရ မည်ဖြစ်ကြောင်း၊ အရှေ့တိုင်း၀ိနည်းကိုကျင့်သုံးသော ယူကရိန်းနိုင်ငံသားများအတွက် မေလ (၂) ရက်နေ့သည် ၄င်းတို့ ၏ပါစကားပွဲကြီးဖြစ်သောကြောင့်မင်္ဂလာ ရှိသော ရက်ကြီးအခါကြီးကာလ၌ မတည်မငြိမ်မူများဖြစ်လာမည်လောဟု စိုး ရိမ်စိတ်များမြင့်တက်လာနေကြောင်း၊ ရုရှားသည် မကြာမီက စစ်သားအင်အား (၁၀၀၀၀၀) တိုးမြှင့်ချထားသည်။ ဤ လုပ်ရပ်ကိုရုရှားက စစ်ရေးလေ့ကျင့်ရန်ဟုအကြောင်းပြသော်လည်း ယူကရိန်းနှင့်နိုင်ငံတကာစောင့်ကြည့်လေ့လာသူများ ကမူ ရည်ရွယ်ချက်ရှိရှိ စစ်ရိပ်ဖန်တီးနေသည်ဟုသုံးသပ်ကြသည်။

            ယူကရိန်းနိုင်ငံရှိခရစ်ယာန်များနှင့်ဘာသာရေးကောင်စီ အစည်းအ‌ဝေး၌ အီစတာအတွင်း ယူကရိန်းအရှေ့ပိုင်း ‌ဒေသ၌ ပစ်ခတ်မူရပ်စဲထားရန်တောင်းဆိုခဲ့သည်။ ထိုဒေသသည် ယူကရိန်းနှင့်ရုရှားလိုလားသောယူကရိန်းတို့ကြားတိုက် ပွဲများဖြစ်ပွားနေသည်။ သေခြင်းကိုအောင်မြင်သောသခင်အား ဂုဏ်ပြုကြိုဆိုသောအားဖြင့်သီဆိုသော ပါစကား၀တ်ပြု ခြင်းဓမ္မသီချင်းများသည် လူသတ်လက်နှက်ဖြစ်သော သေနတ်၊ အမြောက်သံများကိုလွှမ်းမိုးအနိုင်ယူနိုင်ပါစေဟုဆု တောင်းကြောင်း၊ ရှင်ပြန်ထမြောက်သော ယေဇူးသခင်ထံ၌ ငြိမ်းချမ်းရေးဆုကိုသာတောင်းလျှောက်ကြောင်း၊ ဤဆု တောင်းချက်သည် ကျွန်ုပ်တို့အားလုံး၏ အတောင့်တဆုံးဆန္ဒဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးသခင်သည် ကျွန်ုပ်တို့အား ဤ အဖြစ်ဆိုးမှ လွှတ်မြောက်စေနိုင်မည်ဖြစ်ကြောင်း၊ ယူကရိန်းအရှေ့ပိုင်းဒေသ၌ဖြစ်ပွားနေသော မတည်မငြိမ်မူကြောင့် ပြည်သူများ လူ့ဂုဏ်သိက္ခာနှင့်မညီ အတိဒုက္ခရောက်နေကြသည်ကိုအလွန်စိုးရိမ်ကြောင်း၊ အထူးသဖြင့် ကိုးဗစ် (၁၉) ကပ်ရောဂါဆိုးကြီး ကပ်ဆိုက်သည့်အချိန်မှစ၍ပိုမိုဆိုးရွားလာခဲ့ကြောင်း၊ လူတို့သည် ဖယ်ကျင်ခြင်း၊ မေ့လျော့ခြင်းခံထား ရကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်၍ မည်သည့်ဆေး၀ါးမျှမရှိကြောင်း၊ ၄င်းတို့၏လိုအပ်ချက်များအားလုံးကို သာသ နာအပေါ်၌သာမှီခိုနေကြကြောင်း၊ ကျောင်းထိုင်ဘုန်းတော်ကြီးများနှင့် သာသနာအတွင်းရှိဘာသာရေးအသင်းအဖွဲ့များ သည် ၄င်းတို့၏မျှော်လင့်ရာကယ်တင်ရှင်၊ အကူအညီရနိုင်သောမျှော်လင့်ရာဖြစ်ကြောင်း၊ ထို့ကြောင့်လည်း မိမိတို့၏သိုး စုနှင့်မခွဲမခွာနေနေကြကြောင်း၊ ကျွန်ုပ်တို့၏ဘုန်းတော်ကြီးများသည် ဘာသာတူများကြား၌သီတင်းသုံးကာ သူမတူ အောင်ပေးဆပ်အနစ်နာခံနေကြကြောင်း၊ သို့သော် ကိုးဗစ် ကပ်ဆိုးကြီးသည် တမန်တော်လုပ်ငန်းများလုပ်ဆောင်နိုင်မှုကို အဟန့်အတားဖြစ်စေကြောင်း၊ ထို့ကြောင့် ဘုရား၀တ်ပြုခြင်းအခမ်းအနားများကို လိုင်းမှထုတ်လွှင့်ပေးရသည့် နည်းလမ်းကို ပြောင်းလဲအသုံးပြုနေရကြောင်း၊ ဤလက်ရှိအခြေအနေသည် ဆရာတော်ကြီးအား ယခင် ဆိုဗီယက်ရုရှား အင်အားကြီးထွားချိန်က အဖြစ်အပျက်ကိုပြန်လည်အမှတ်ရလာစေကြောင်း၊ ထိုကာလ၌ ၀ိညာဉ်ရေးအတွက် ခွန်အား အဖြစ်မှီခိုအားထားရာမှာ ‘ဗာတီကန်ရေဒီယို’ သာဖြစ်ခဲ့ကြောင်း၊ ယခုလည်း တမန်တော်လုပ်ငန်းများ၊ စက္ကရာမင်တူးများ ကျင်းပခြင်းကိုလည်း အကန့်အသတ်နှင့်သာကျင်းပနိုင်ကြောင်း၊ နှုတ်တော်ထွက်စကား၀တ်ပြုခြင်းကိုမူ လေလှိုင်းမှပြု လုပ်နိုင်သော်လည်း စက္ကရာမင်တူးများခံယူရန်မှာ အခြေအနေမပေးကြောင်း၊ သို့သော် အလွန်ပျော်ရွှင်စရာကောင်းသည့် ယေဇူးခရစ္စ တူးသခင်၏ရှင်ပြန်ထမြောက်ခြင်းကိုကျင်းပရန်ပြင်ဆင်နေကြကြောင်း၊ လိုအပ်သော သာသနာနယ်များအား ကူညီပေးနေသောအဖွဲ့ (Church in Need) အဖွဲ့သည် ယူကရိန်းနိုင်ငံ၌ ပဋိပက္ခစဖြစ်သည်မှစ၍  နှစ်ပေါင်းများစွာကူညီ လာပေးနေခဲ့ကြောင်း၊ အထူးသဖြင့် စစ်ဇုံအတွင်းရှိဒေသများ၌ အကူအညီများကိုတိုး၍‌ကူညီပေးခဲ့ကြောင်း၊ ပြင်ပကမ္ဘာမှ အကူအညီများမရရှိပါက ကျွန်ုပ်တို့အနေဖြင့်ရပ်ရန်အဘယ်သို့မျှမဖြစ်နိုင်ကြောင်း၊ ဤအသင်း၏အခြား ကြီးမားသောကူ ညီမူကဏ္ဍတစ်ခုမှာ မီဒီယာဖြစ်ကြောင်း၊ ဤကဏ္ဍသည် သတင်းအချက်အလက်များစီးဆင်းဖလှယ်ရန်ဖြစ်သကဲ့သို့ သာသနာတော်ကြီး၏ ဘာသာရေး၊ ၀ိညာဉ်ရေးသတင်းကောင်းများကြေညာရန်အရင်းအမြစ်လည်းဖြစ်ကြောင်းဆရာတော် ကြီးကဖြေကြားခဲ့သည်။                      

 
ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
 
Photo courtesy of: Shutterstock 
 
 
 
 
 
 

Add new comment

12 + 0 =