Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ယူကရိန်းပြည်သူများ၏ဒုက္ခပင်လယ်၌ စစ္စတာရ်များလည်း နိုင်သလောက်၀င်ရောက်ကူညီပေး
ယူကရိန်းပြည်သူများ၏ဒုက္ခပင်လယ်၌ စစ္စတာရ်များလည်း နိုင်သလောက်၀င်ရောက်ကူညီပေး
စစ္စတာရ် Franciszka Tumanevych သည် သက်တော် (၄၂) ရှိသော ‘Sisters of the Holy Family of Nazareth ’ (နာဇရက်မြို့မှသန့်ရှင်းသောအိမ် ထောင်စုသီလရှင်) အသင်းမှဖြစ်သည်။ သူတို့အတွက် ယူကရိန်းပြည်သူများကိုကူညီရာတွင် ရုရှားစစ်တပ်များ အလုံးအရင်းနှင့် စတင် ၀င်ရောက်ခဲ့ သောပထမနေ့သည် အလွန်ခက်ခဲ ခဲ့သည်။ ရုရှားတပ်များသည် ယူကရိန်းနိုင်ငံ၏ မြောက် ဘက်ကို ၀င်ရောက်တိုက်ခိုက်ရန် ပူတင်က ဖေဖော်၀ါရီလ (၂၄) ရက်နေ့က အမိန့်ပေး ခဲ့ သည် ဟုဆိုပါ သည်။ စစ္စတာရ်တို့၏ သီလရှင်ကျောင်းလည်း ထိုဒေသ၌ရှိနေသည်။ ပြည်သူများသည် ထိတ်လန်းတုန်လှုပ်သွားကြ၊ ကြောက်ရွံ့သွားခဲ့ကြသည်။ ဆေး၀ါးများ၊ အစားအစာများ၊ ဆီများ၀ယ်ချမ်းရန် တန်းဆီစောင့်ဆိုင်းနေခဲ့ကြရသည်။ ညနေပိုင်းသို့ရောက်ရှိလာသောအခါ မနက်အစောပိုင်းကရှိနေခဲ့သော ထိတ်လန့်စိုးရိမ်နေသောစိတ်များအားလုံးငြိမ်သွားခဲ့သည်။ ထိုအခြေ အနေကိုသုံးသပ်၍ စစ်အတွင်းအဘယ်သို့အသက်ရှင်သန်ရမည်ကိုနားလည်သင်ယူလိုက်သည်။ ထို့ကြောင့် ပြည်သူများအားကူညီရန် နည်းလမ်းတစ်ကျလုပ်ဆောင်ခဲ့သည်။ ဘာမျှ မလုပ်ဘဲ စိတ်လေနေလျှင် စိတ်ဓာတ်ပိုင်းအခြေအနေသည် ပို၍ဆိုးလာပေမည်။ ထို့ကြောင့် ဆုတောင်းခြင်းကိုစတင်လိုက်သည်။
ယူကရိန်းသည် အရှေ့ဥရောပတွင်ရှိပြီး၊ လူဦးရေး (၄၄) သန်းရှိသည်။ ရုရှား၊ ဘဲလားရုစ့်၊ မော်ဒိုက်ဖ်၊ ရိုမေးနီးယား၊ ဟန်ဂေရီ၊ ဆလိုဇက်ကီးယား၊ ပိုလန်တို့နှင့်နယ်နိမိတ် ခြင်းထိစပ်နေသည်။ ရုရှားစစ်မြူလာသောကြောင့် ယူကရိန်းပြည်သူ (၃၆၈၀၀၀) ကျော်သည် နိုင်ငံမှစွန့်ခွာသွားခဲ့ကြသည်။ ဆိုးဆိုး၀ါး၀ါးဖြစ်သောဒေသများမှာ ယူကရိန်းနိုင်ငံ ၏အရှေ့၊ တောင်၊ မြောက်၌ဖြစ်သည်။ စစ်သား များအတုံးအရုန်းကျနေသည်မြင်နေရပြီး၊ နိုင်ငံတကာ၏ဖိအားပေးမှုကိုခံနေရသော်လည်း ရုရှားသမ္မတ ပူတင်က ရုရှား၏ကာကွယ် ရေးဦးစီးအား နူးကလီးယားလက်နက်များတပ်ထားရန်ကိုလည်း ဖေဖော်၀ါရီ (၂၇) ရက်နေ့က တပ်လှန့်ထားခဲ့သည်။
စစ္စတာရ်တို့၏ကျောင်းရှိသောမြို့သည်လည်း ထိုနေ့၌ပင် ရုရှားတို့၏ တိုက်ခိုက်ခြင်း ကိုခံလိုက်ရသည်။ စစ္စတာရ် Tumanevych သည် စိတ်ပညာဖြင့်ကျောင်းပြီးထား သူဖြစ်ပြီး၊ နောက်ပိုင်း၌ ကာနွန်ဥပဒေပါရဂူဘွဲ့ကိုလည်းရခဲ့သူဖြစ်သည်။ သူသည် သာသနာ၏ခုန်ရုံး၌အမှုထမ်းနေသော စစ္စတာရ်တစ်ပါးဖြစ်သည်။ သူသည် ရုရှားတို့၏ကျူး ကျော်စစ် မစတင်မီက မိသားစုများနှင့် တွေ့ဆုံ၍ ကက်သလစ်ကရုဏာရေးလုပ်ငန်းလုပ်ဆောင်သောအဖွဲ့အစည်းများနှင့်ချိပ်ချက်လုပ်ဆောင်ခဲ့သည်။ သူသည် ထိုမြို့ရှိသီလရှင် ကျောင်းမှစစ္စတာရ်သုံးပါးအနက် တစ်ပါးဖြစ်သည်။ စစ္စတာရ်တို့သည် ကိုဆုတောင်းခြင်းများကိုလည်းပြုရင်း ကာကွယ်ရေး၌ပါ၀င်ကူညီကြသော ပြည်သူများ အဖို့စားစ ရာများ ကို လည်းပြင်ဆင်ပေးကြသည်။ ဤစစ်ကြောင့် မြို့ခံပြည်သူများသည် အလွန်ပင်စည်းလုံးသွားကြသည်။ ဤမြို့၌လူဦးရေ (၂၆၀၀၀၀) ရှိသည်။ ဒေသအတွင်းမှ အလှူရှင်များထံမှ ဖုန်းများလက်ခံရရှိကာ အလှူများ ရောက်ရှိလာကြသည်။ စစ္စတာရ်သည် ယူကရိန်းစစ်သားများအတွက် အရေး ပေါ်သွေးလိုအပ်လာပါက အသင့်ရှိရန်သွေးလှူဌာနသို့သွားရောက် ခဲ့ရ လူ (၁၀၀) ကျော်သွေး လှူရန် စောင့်နေသောကြောင့် နောက်တစ်နေ့မှထပ်သွားခဲ့ရသည်။ ပြည်သူများအား တစ်ဖက် တစ်လှမ်း မှကူညီရင်း ၄င်းတို့၏အဓိကအမှုတော်ဖြစ်သော ဆုတောင်း ခြင်းကိုလည်း မပြတ် ဆည်းကပ် ပူဇော်ခြံ ကြသည်။
ယူကရိန်းနိုင်ငံတစ်၀ှမ်း၌ ဖေဖော်၀ါရီ (၁၆) ရက်နေ့ကို ယူကရိန်းနိုင်ငံ၏ ငြိမ်းချမ်းရေးအတွက် ဆုတောင်းခြင်းနှင့်၀ါရှောင်ခြင်းနေ့အဖြစ်သတ်မှတ်ဆုတောင်းရာ စစ္စ တာရ်သည် မိသားစု (၂၅) စုနှင့်လိုင်းမှဆုတောင်းဝေမျှခဲ့သည်။ ထိုနေ့မှစ၍ ညစဉ်လိုင်းမှ စုပေါင်းဆုတောင်းနေဖြစ်ကြသည်။ ထိုအစီအစဉ်ကို တစ်ဖြေးဖြေးနှင့်လူသိများလာ သောအခါ ပါ၀င်သူများလည်းများလာသည်။ ၄င်းတို့သည် အားလုံးအလွယ်တကူပါ၀င်နိုင်သော ဆုတောင်းခြင်းဖြစ်သည့် စိတ်ပုတီးကိုစိပ်ကြသည်။ ယခုအခါ မိသားစု (၇၂) စုပင် ပါ၀င်လာပြီဖြစ်သည်။ စိတ်ပုတီးစိပ်၍ပြီးသွားသောအခါ မိသားစု၀င်များအား ယခုအေးချမ်းလုံခြုံစွာသွားရောက်အိပ်ကြပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့အားလုံးအတွက် အ မေရိကားမှစစ္စတာရ်များဆက်လက်ဆုတောင်းပေးမည်ဖြစ်သည်ဟု အားပေးနုတ်ဆက်လေ့ရှိသည်။
ဘုန်းတော်ကြီးများသီတင်းသုံးသောဘုရားကျောင်းများ၊ ကိုယ်တော်မြတ် စက္ကရာမင်တူး စံပ္ပါယ်သော ဘုရားကျောင်းများ၌မူ စဉ်ဆက်မပြတ် ကိုယ်တော်မြတ်ဖူးခြင်းကို လည်းပြု လုပ် လျှက်ရှိသည်။ ဘုန်းတော်ကြီးများက မနက်မှသည်ညအထိ အာပတ်ဖြေနားထောင်ပေးကြသည်။ စိတ်ပုတီးစိပ်ရာ၌ အဓိကရည်ရွယ်ချက်မှာ ပူတင်စိတ်ပြောင်းလဲ လာရန်ဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် ပူတင်သည် အောက်တိုဘာလ (၇၊ ၁၉၅၂) ‘စိတ်ပုတီးသခင်မ’ ပွဲနေ့၌ မွေးဖွား ခဲ့သူ ဖြစ်သည်။ စစ္စတာရ်၏မိခင်လည်း သူနှင့်အတူတစ် ရက်လျှင် စိတ်ပုတီး (၇) ကုံး စိတ်လေ့ ရှိကြောင်း ပြောကြားခဲ့သည်။
အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
Add new comment